မြန်မာမြားပစ်အဖွဲ့ (၂၈)ကြိမ်မြောက်ဆီးဂိမ်းအတွက် ပြင်ဆင်

မြန်မာမြားပစ်အဖွဲ့ (၂၈)ကြိမ်မြောက်ဆီးဂိမ်းအတွက် ပြင်ဆင်

လာမည့် ဇွန်လ ၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်
မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံမြား
ပစ်အဖွဲ့ချုပ်က ကြိုတင် ပြင်ဆင်လျက်ရှိသည်။

ဆီးဂိမ်းအကြို ပြင်ဆင်မှုအနေဖြင့် ကိုရီးယားနိုင်ငံ၊ ဂါ၀န်ဒိုမြားပစ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံနှင့်
တောင်ကိုရီးယား နိုင်ငံများတွင် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။

"လာမယ့် စင်ကာပူဆီးဂိမ်းပြိုင်ပွဲမှာ အောင်မြင်မှုများ ပိုမိုရရှိဖို့ ရွည်ရွယ်ပြီး တောင်ကိုရီးယားကစား
သမားတွေနဲ့ ပူးတွဲလေ့ကျင့်ဖို့ စီစဉ်တာပါ။ ပူးတွဲလေ့ကျင့်မှုကြောင့် မြန်မာကစားသမားတွေအတွက်
နည်းစနစ်ပိုင်းတွေ ပိုတိုးတက်လာမှာပါ"ဟု မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် တွဲဖက်အတွင်း ရေးမှူး
ဒေါ်ကေသီက မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံတွင် လာရောက်လေ့ကျင့် လျက်ရှိသော ကိုရီးယားဂါ၀န်ဒိုမြားပစ်အဖွဲ့ သည် အုပ်ချုပ်သူ
အဖွဲ့ဝင် ၁၂ ဦးနှင့် ကစား သမား ခြောက်ဦး စုစုပေါင်း ၁၈ ဦးတို့ ပါ၀င် သည်။ အားကစားသမားများ
မှာ အာရှပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော ကစား သမားများ ဖြစ်သည်။ မြန်မာ့မြားပစ်အားကစား
အဖွဲ့တွင် အုပ်ချုပ်သူနည်းပြ ခုနစ်ဦးနှင့် အားကစားသမား ၁၆ ဦးတို့ ပါ၀င်ပူးတွဲလေ့ကျင့်လျက်ရှိ
သည်။

ပူးတွဲလေ့ကျင့်မှုကို မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်
ပြီး တောင်ကိုရီးယား နိုင်ငံတွင် မေလ ၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အထိ ဆက်လက်ပူးတွဲလေ့
ကျင့်သွားမည် ဖြစ်သည်။ ကိုရီးယားနိုင်ငံ၌ ပူးတွဲလေ့ကျင့် မှုအပြီးတွင် စင်ကာပူနိုင်ငံရှိ (၂၈)ကြိမ်
မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ "ပူးတွဲလေ့ကျင့်မှုပြီးရင် ချစ်ကြည်
ရေးလက်ရည်စစ် မြားပစ်ပွဲကိုလည်း ကျင်းပ သွားမှာပါ။ ဇန်နဝါရီ ၁၃၊ ၁၄ ရက်တွေမှာ ကျင်းပနိုင်ဖို့
စီစဉ်နေပါတယ်။ကိုရီးယား နိုင်ငံမှာလုပ်မယ့် ပူးတွဲလေ့ကျင့်မှုပြီးရင် လည်း လက်ရည်စစ်ပွဲကို ကျင်း
ပသွားမှာပါ"ဟု ဒေါ်ကေသီက ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပေး လျက်ရှိသော ပဏာမလက်ရွေးစင် မြားပစ်ကစားသမားများကို
(၁၇)ကြိမ်မြောက်အာရှ အားကစားပြိုင်ပွဲတွင် တောင်ကိုရီးယား မြားပစ်အဖွဲ့အတွက် ရွှေတံဆိပ်
များရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော ကိုရီးယား နိုင်ငံ သား နည်းပြက ပြည်တွင်းနည်းပြ
ခြောက်ဦး နှင့်အတူ သင်ကြားပေးလျက်ရှိသည်။ "တောင်ကိုရီးယားနည်းပြက မြန်မာ အားကစား
သမားတွေရဲ့ ကြံ့ခိုင်မှုကို အရင် လေ့ကျင့်ပေးနေပါတယ်။ သူနည်းပြအဖြစ် ရောက်လာတာ တစ်လ
လောက်ပဲ ရှိသေးတယ်လေ။ နောက်ပိုင်းမှာ နည်းစနစ်ပိုင်းတွေကို အဓိက သင်ကြားပေးသွားမယ်
လို့ သိရပါတယ်။ လာမယ့်ဆီးဂိမ်းမှာ အရင်နှစ် ကထက် အောင်မြင်မှုတွေရရှိဖို့ မျှော်လင့်ထားပါ
တယ်"ဟု ဒေါ်ကေသီက မြန်မာ တိုင်း(မ်)ကိုပြောသည်။

ပြီးခဲ့သည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပြုလုပ်ခဲ့သော
(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မြားပစ်အဖွဲ့သည် ရွှေတံဆိပ် တစ်ခု၊ ကြေး
တံဆိပ်သုံးခုကို ဆွတ်ခူးရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး