အလက်တီကိုကို ဘာစီလိုနာမနိုင်တာ များနေပြီ

အလက်တီကိုကို ဘာစီလိုနာမနိုင်တာ များနေပြီ

ဘာစီလိုနာ - အလက်တီကို တနင်္လာ၊ နံနက် ၂း၃၀
နှစ်သစ်မှာ အလက်တီကိုအတွက်ကတော့ ပွဲကျပ်တွေဆက်နေတယ်။ ရီးယဲလ်နဲ့ ကိုပါဒယ်ရေး
နှစ်ပွဲဆက်ကစားရမယ့် ကြားထဲမှာ ဘာစီလိုနာနဲ့ လာလီဂါမှာလာတွေ့နေတာက အလက်တီကို
အတွက် ဒီရက်ပိုင်းဟာ စိန်ခေါ် မှုတွေများတဲ့ ရက်တွေပဲလို့တောင် ပြောလို့ ရနေပါတယ်။

ပြီးခဲ့တဲ့ရာသီက တွေ့ဆုံမှုတွေမှာတော့ အလက်တီကိုဟာ ဘာစီလိုနာကို တစ်ပွဲမှ မရှုံးခဲ့ဘူး။
ဒါပေမဲ့ ဒီရာသီမှာတော့ နှစ်သင်း စလုံး အပြောင်းအလဲတွေရှိနေလို့ ဒီနှစ်သင်း ရဲ့ ထိပ်တိုက်တွေ့
ဆုံမှုဟာ စိတ်ဝင်စားစရာတော့ ကောင်းနေတယ်။

ဘာစီလိုနာဟာ ဒီရာသီအိမ်ကွင်းမှာ ဆယ်လ်တာဗီဂိုတစ်သင်း တည်းကို ရှုံးထားခဲ့ပြီး အဲဒီပွဲမှာ
ဂိုးလည်းမရ ခဲ့တာကလွဲလို့ ဒီရာသီအိမ်ကွင်းဂိုးသွင်းနှုန်း က အားရစရာတော့ ရှိနေတယ်။ နောက်
ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းနှစ်ပွဲမှာလည်း တစ်ပွဲ ငါးဂိုးစီ သွင်းထားတဲ့ ဘာစီလိုနာရဲ့တိုက်စစ် အား
ကို အလက်တီကို ထိန်းနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေတယ်။

ပြီးခဲ့တဲ့ရာသီကတော့ အလက်တီကိုဟာ ဘာစီလိုနာကို အပြန်အလှန် ကစားနိုင်ခဲ့ သလို ဂိုးတွေ
ရအောင်လည်း ကစားနိုင်တယ်။ အထူးသဖြင့် အလက်တီကိုဟာ ဘာစီလိုနာကို ခံစစ်လုံအောင်
ထိန်းထားနိုင်သလို တည်ကန်ဘောတွေကလည်း ဂိုးတွေရအောင် ဖန်တီးနိုင် တာတွေ့ရတယ်။

ဒီရာသီမှာတော့ အလက် တီကိုမှာ ကစားသမားပိုင်း အပြောင်းအလဲ တွေရှိခဲ့ပြီး အဝေးကွင်းခြေစွမ်း
ကလည်း မှန်းရခက်နေသေးတဲ့အဆင့်မှာပဲ ရှိနေသေး တယ်။ နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာ တိုက်
စစ် က ခုနစ်ဂိုးအထိသွင်းထားနိုင်သလို နောက်ဆုံးအဝေးကွင်းပွဲမှာလည်း ဘီလ်ဘာအိုကို ၄-၁ နဲ့
နိုင်ထားလို့ အလက်တီကိုရဲ့ တိုက်စစ် ပိုင်း ဂိုးသွင်းနှုန်းက အားရစရာကောင်းနေ တာမှန်ပေမယ့်
ခံစစ်ကတော့ နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲစလုံး ဂိုးပေးထားရလို့ ဒီတစ်ကြိမ် နူးကမ့်မှာ ဘာစီလိုနာ
ကိုရင်ဆိုင် ရာမှာ ခံစစ်ပိုင်းကို စိတ်ချထားလို့ ရပါ့မလား ဆိုတာကတော့ စဉ်းစားစရာဖြစ်လာနေ
တယ်။

ဘာစီလိုနာကလည်း ဒီရာသီ နည်းပြ အပြောင်းအလဲ လုပ်ထားပေမယ့် သိပ်ပြီးပုံစံ ပျက်သွားတာမျိုး
တော့ မတွေ့ရပါဘူး။ ပုံမှန် အတိုင်း သွားနေတာတွေ့ရတယ်။ အဝေးကွင်း မှာတိုက်စစ်ပိုင်းက ပုံမှန်
မဟုတ်ပေမယ့် အိမ်ကွင်းမှာတော့ ဘာစီလိုနာတိုက်စစ်ပိုင်း က ကစားပုံ ပိုကောင်းလေ့ရှိတယ်။

ဒါပေမဲ့ ဘာစီလိုနာကို ပြောစရာရှိတာက နည်းပြ အင်းနရစ်ဟာ အသင်းမှာ မက်ဆီ တစ်ဦးတည်း
ကိုပဲ ပုံမှန်ပွဲထွက်ခွင့်ပေးထားပြီး ကျန်တဲ့ ကစားသမားတွေကိုတော့ အလှည့်အပြောင်းလုပ်လေ့ရှိ
လို့ အသင်းကစားပုံက တစ်ပွဲနဲ့တစ်ပွဲ အတက်အကျ မငြိမ်တတ်ဘူး။ အထူးသဖြင့် ကွင်းလယ်ပိုင်း
မှာ အပြောင်း အလဲ ပိုများသလို ဇာဗီ၊ အင်နီယေစတာ၊ ဘက် စကွက်ဇ်တို့ရဲ့ ခြေစွမ်းတွေကလည်း
အသက် အရွယ်အရ ပုံမှန်အောက်ရောက်နေတယ်။ ဒါကြောင့် လက်ရှိဘာစီလိုနာရဲ့ ကွင်းလယ်
အားဟာ ပြီးခဲ့တဲ့ ရာသီတွေကလောက် အားကောင်းမှုမရှိတာက အလက်တီကိုရဲ့ မာကျောတဲ့ကွင်း
လယ်ကိုယှဉ်ရာမှာ အခက် အခဲ ပိုဖြစ်လာနိုင်တာကို ထည့်တွက်မှ ဖြစ်မယ်ထင်တယ်။

အလက်တီကိုရဲ့ ကွင်းလယ်လုပ်အားနှုန်းကလည်း ဒီရာသီမှာ လျော့သွား တာမျိုး မရှိဘူး။ နောက်ပြီး
နည်းပြ ဆီမြွန်နီဟာ အရင်ရာသီတွေတည်းက မက်ဆီကို အကောင်းဆုံးထိန်းချုပ်နိုင်တဲ့ နည်းလမ်း
ကို ရှာဖွေတွေ့ ထားပြီးဖြစ်လို့ အခုလည်း မက်ဆီကိုထိန်းချုပ် နိုင်ဖို့ အလက်တီကိုအတွက် မခက်
လှပါဘူး။

ဒီတော့ အခုပွဲမှာ ဘာစီလိုနာတိုက်စစ်မှာ နေမာ၊ ဆွာရက်ဇ်တို့နှစ်ဦး အစွမ်းပြနိုင်ခြင်း ရှိမရှိက
အဓိကကျလာနေတယ်။ နောက်ထပ်ဘာစီလိုနာအတွက် စိုးရိမ်ရတဲ့အချက်က ဘာစီလိုနာခံစစ်ဟာ
တည်ကန်ဘောတွေ ထိန်းရာမှာ အားနည်းမှုရှိလို့ တည်ကန်ဘော တွေကို အကောင်းဆုံး အသုံးချ
တတ်တဲ့ အလက်တီကိုအတွက် အခွင့်အရေးကောင်း လိုဖြစ်နေတယ်။ အခုနောက်ပိုင်း အလက်တီ
ကိုတိုက်စစ်မှာ ဂရစ်ဇ်မန်း ခြေစွမ်းပြနေ သလို မန်ဇူကစ်ကလည်းဂိုးရဖို့ အားကိုးရတဲ့ အနေအထား
မျိုးကို ရောက်လာနေတာက ဘာစီလိုနာခံစစ်အတွက် အလက်တီကို တိုက်စစ်ကို မနည်းထိန်းချုပ်
ရမှာ သေချာ နေတယ်။

ဘာစီလိုနာကတော့ ဒီရာသီမှာ အရင် လောက် ဘောလုံးကိုထိန်းကစားတာမျိုး မရှိတော့ပေမယ့်
ကွင်းလယ်က ဖန်တီးပေး နိုင်မှုအားကတော့ အရင်ကလောက် အားမရှိတော့တာ တွေ့နေရတယ်။
မက်ဆီကိုအားပြု ပြီး ကစားနေတဲ့ပုံစံကလည်း အလက်တီကိုက မက်ဆီကို မလှုပ်နိုင်အောင် ထိန်း
ကစားနိုင် စွမ်းရှိနေတဲ့ ကစားပုံကြောင့် ဘာစီလိုနာ တိုက်စစ် အလုပ်ဖြစ်ဖို့အတွက် နည်းပြအန်းန
ရစ် အနေနဲ့ ဒီပွဲမှာ ဘယ်သူ့ကိုလှည့်ပြီး အသင်း ကို ဦးဆောင်ကစားခိုင်းမလဲဆိုတဲ့အပေါ်မှာ
မူတည်နေနိုင်တယ်။

တိုက်စစ်မှာ ဆွာရက်ဇ်က နေမာထက် ပိုလှုပ်ရှားနိုင်တာ မှန်ပေမယ့် ဂိုးရဖို့ ခက်နေသေးတာ။
နေမာကလည်း အခွင့် အရေးရရင် ဂိုးသွင်းနိုင်တာကလွဲပြီး တိုက်စစ် အတွက် ထိရောက်တဲ့ ပံ့ပိုးမှု
မျိုးလုပ်မပေးနိုင် သေးတာတွေကလည်း ဘာစီလိုနာဟာ ဒီပွဲမှာ ဂိုးရဖို့အတွက် ကွင်းလယ်ကိုပဲ
အဓိက အားကိုးနေရဦးမယ့် ပုံမျိုးပေါ်နေတယ်။ ဒါပေမဲ့ ဘာစီလိုနာကွင်းလယ်ဟာ နေရာလွတ်
သိပ်မရရင် ဖန်တီးနိုင်စွမ်းလျော့ကျသွားတတ် တဲ့ အချက်ကလည်း ဒီပွဲမှာ ဘာစီလိုနာ အတွက်
တိုက်စစ်ပိုင်းက ဂိုးတွေအများကြီး ရဖို့ သိပ်ပြီးမျှော်လင့်ထားလို့ မဖြစ်နိုင်ပါဘူး။

ဒီတော့ အခုပွဲဟာ အလက်တီကို တိုက်စစ်ပိုင်းက ဂိုးသွင်းနိုင်မှုအစွမ်းက ပွဲအဖြေကို ထုတ်ပေးနိုင်
မယ့် အဓိက အချက် လိုဖြစ်နေတယ်။ ဒါပေမဲ့ အလက်တီကိုက လည်း အဝေးကွင်းပွဲတွေရောက်
ရင် ခံစစ်ကို ပိုသတိထားကစားနိုင်ဖို့ကိုပဲ ပိုဦးစားပေးလေ့ရှိလို့ အခုဘာစီလိုနာလိုအသင်းနဲ့ ရင်ဆိုင်
ရာ မှာလည်း သိပ်ပြီး စွန့်စားမယ့်ပုံမရှိဘဲ ထိန်းကစားသွားဖို့ကိုပဲ ဦးစားပေးဖို့များနေ တယ်။

နှစ်သင်းစလုံးရီးယဲလ်ကို ဖိအားဆက် ပေးနိုင်ဖို့ အမှားခံမှာ မဟုတ်ကြတဲ့ အချိန်မျိုး မှာ အလက်တီ
ကိုဟာ ရီးယဲလ်နဲ့လည်း ကိုပါ ဒယ်ရေးပွဲ ကစားနေရတဲ့အချိန်ဖြစ်လို့ ဒီပွဲမှာ အနိုင်ရရေးထက် မရှုံး
ဖို့ကိုပဲ အဓိက ထားကစားမယ့်ပုံက ဒီတစ်ခါလည်း ဒီနှစ်သင်း တွေ့ဆုံမှုမှာ အနိုင်အရှုံးအဖြေထွက်
ဖို့ ခက်နေ ဦးမယ်ထင်ပါတယ်။ အလက်တီကိုနဲ့ ဂိုးအနည်း ကပဲ ပိုကောင်းလိမ့်မယ်ထင်တယ်။

အခြားပွဲစဉ်များ
စနေ၊ နံနက် ၂း၁၅ လီဗန်တေး - ဒီပို့တီဗို *
စနေ၊ ည ၉း၃၀ * ရီးယဲလ် - အက်စ်ပန်ညို
စနေ၊ ည ၁၁း၃၀ မာလာဂါ - ဗီလာရီးယဲလ် *
တနင်္ဂနွေ၊ နံနက် ၁း၃၀ * ဆယ်လ်တာ - ဗလင်စီယာ
တနင်္ဂနွေ၊ နံနက် ၃း၃၀ * အိုင်ဘာ - ဂီတာဖေး
တနင်္ဂနွေ၊ ညနေ ၅း၃၀ အယ်လ်မီရီယာ - ဆီဗီလာ *
တနင်္ဂနွေ၊ ည ၁၀း၃၀ * ဘီလ်ဘာအို - အယ်လ်ချီ
တနင်္လာ၊ နံနက် ၀၀း၃၀ ဂရန်နာဒါ - ဆိုစီဒက် *
အင်္ဂါ၊ နံနက် ၂း၁၅ * ရာယို - ကော်ဒိုဘာ



ဖတ်ရှုမှုအများဆုံး