ရန်ကုန်ယူနိုက်တက်အသင်း၏ စပွန်ဆာ မိတ်ဆက်ပွဲအခမ်းအနားနှင့် ၂၀၁၅ ဘောလုံး ရာသီ
အကြို သတင်းစာရှင်းလင်းပွဲ အခမ်း အနားကို ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက်ပိုင်း က ကန်တော်ကြီး
ပဲလေ့စ်ဟိုတယ်၊ မင်္ဂလာ ခန်းမတွင် ကျင်းပခဲ့ရာရန်ကုန်အသင်း စီအီးအို ဦးမင်းဆွေဦးနှင့် အုပ်ချုပ်မှု
အဖွဲ့ဝင်များ၊ ရန်ကုန်အသင်းနည်းပြအဖွဲ့နှင့် ကစားသမား များ၊ စပွန်ဆာကုမ္ပဏီများက တာဝန်ရှိ
ပုဂ္ဂိုလ် များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်
တော်များ၊ သတင်းမီဒီယာများ တက်ရောက် ခဲ့ကြသည်။
ပထမဆုံးအစီအစဉ်အနေဖြင့် ရန်ကုန် အသင်း၏ ၂၀၁၅ ဘောလုံးရာသီအတွက် အဓိကကူညီပံ့ပိုး
ပေးသော First National Insurance ကုမ္ပဏီမှ Sales & Marketing General Manager
ဦးဖြိုးမင်းသူနှင့် ရန်ကုန် အသင်း စီအီးအိုဦးမင်းဆွေဦးတို့က စပွန်ဆာ စာချုပ်ကို လက်မှတ်ရေး
ထိုးခဲ့ကြသည်။
ဒုတိယအစီအစဉ်အနေဖြင့် ရန်ကုန်အသင်း ၏ စပွန်ဆာကုမ္ပဏီများ၊ အသစ်ခေါ်ယူထား သည့်
နည်းပြများ၊ ကစားသမားများကို တက်ရောက်လာသည့် ဧည့်သည်တော်များ နှင့် မိတ်ဆက်ပေး
ခဲ့သည်။
ရန်ကုန်အသင်းသည် ယခုဘောလုံးရာသီ မစမီတွင် နည်းပြချုပ်၊ လက်ထောက်နည်းပြ နှင့် ပြည်
တွင်းပြည်ပ ကစားသမားရှစ်ဦးတို့ကို ခေါ်ယူထားခြင်းမှာ ပြည်တွင်းပြိုင်ပွဲနှစ်ရပ် ဖြစ်သော အမှတ်
ပေးပြိုင်ပွဲနှင့် ရှုံးထွက်ဖလား ပွဲတို့တွင် ဗိုလ်စွဲလို၍ဖြစ်ကြောင်း အသင်း စီအီးအိုဦးမင်းဆွေဦးက
ပြောကြားသည်။
"အမှတ်ပေးပြိုင်ပွဲမှာရော၊ ရှုံးထွက်ဖလား ပွဲမှာပါ ချန်ပီယံဖြစ်ချင်လို့ အပြောင်းအလဲ တွေအများ
ကြီးလုပ်ထားတာပါ။ အထူးသဖြင့် အမှတ်ပေးပြိုင်ပွဲမှာ ရှုံးပွဲမရှိကစားပြီး ချန်ပီယံ ဖြစ်ချင်ပါတယ်။
မြန်မာနေရှင်နယ်လိဂ် သမိုင်းမှာ ရှုံးပွဲမရှိကစားပြီး ချန်ပီယံဖြစ်တာ မျိုး ဘယ်အသင်းမှမရှိသေးဘူး။
ကျွန်တော်တို့ ရန်ကုန်အသင်းက ဒါမျိုးဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ချက်ချထားတယ်"ဟု ဦးမင်းဆွေဦး
က ဆိုသည်။
ရန်ကုန်အသင်းနည်းပြချုပ် ဂျက်ဆစ် ကလည်း ပြင်ဆင်ချိန်နည်းပါးသည့်တိုင် ရန်ကုန်အသင်းနည်းပြ
အဖွဲ့၊ ကစားသမား အင်အား၊ အုပ်ချုပ်မှုအဖွဲ့၏ ပံ့ပိုးနိုင်စွမ်း၊ ရန်ကုန်အသင်း၏ နောက်ခံသမိုင်း
ကြောင်း နှင့် မိမိ၏အတွေ့အကြံုများကြောင့် ယခုနှစ် တွင် ချန်ပီယံဖြစ်ရန် အလားအလာ အလွန်
ကောင်းသည်ဟု ဆိုသည်။
"မြန်မာ့လက်ရွေးစင်နည်းပြချုပ် အေ ဘရာမိုဗစ်ချ်နဲ့ ကျွန်တော်က အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေပါ။
မြန်မာ့ဘောလုံးလောကနဲ့ ပတ်သက်လို့ သူ့ဆီက အကြံကောင်းတွေ အများကြီး ရထားပါတယ်။
မြန်မာပြည်ကို လာတာ ချန်ပီယံဖြစ်အောင် ကြိုးစားဖို့ပါ။ ချန်ပီယံအတွက်မဟုတ်ရင် ရန်ကုန်အသင်း
နဲ့ လက်တွဲမှာ မဟုတ်ပါဘူး။ ကစားသမား အင်အား၊ နည်းပြအင်အား၊ နောက်ခံပံ့ပိုး နိုင်စွမ်းတွေကို
ကျွန်တော့်အတွေ့အကြံုနဲ့ ပေါင်းပြီး ချန်ပီယံဖြစ်အောင် ကစားသွား မှာပါ။ ချန်ပီယံဖြစ်အောင် ဘယ်
လိုချဉ်းကပ် ရမယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါ တယ်"ဟု ရန်ကုန်အသင်း နည်းပြချုပ်
ဂျက်ဆစ်က ဆိုသည်။














