ဆောင်းငွေ့မြူနှင်းများနဲ့အတူ ရောက်ရှိလာတဲ့ အပြောင်းအရွှေ့ လှုပ်ခတ်မှုများ

ဆောင်းငွေ့မြူနှင်းများနဲ့အတူ ရောက်ရှိလာတဲ့ အပြောင်းအရွှေ့ လှုပ်ခတ်မှုများ

၂၀၁၅ ထဲကို ၀င်ရောက်လာတဲ့အခါမှာ ရာသီ ၀က်အပြောင်းအရွှေ့ ဈေးကွက်ကြီးလည်း ဖွင့်လှစ်
လိုက်ပါပြီ။ 'ရောင်းမှား၊ ၀ယ်မှား'ဆိုတဲ့ သဘောတရားကို ပရိသတ်ကြီး ကြားဖူး ကြပါလိမ့်မယ်။

ကဲ...ဘယ်အသင်းတွေက ဘယ်သူတွေကို ၀ယ်ပြီး ဘယ်အသင်းတွေက ဘယ်သူတွေကို ရောင်း
ထုတ်မလဲ။ ကစား သမားတွေကရော၊ သူတို့ရဲ့ဆန္ဒတွေအရ ဘယ်အသင်းတွေကို ရောက်သွားမလဲ
ဆိုတာ က စိတ်ဝင်စားစရာပဲ မဟုတ်ဘူးလား။

အမ်းမရိတ်ကို ခေတ္တကျောခိုင်းသူ
လန်ဒန်ကလပ် အာဆင်နယ်အသင်းမှာ ပုံမှန်နေရာမရတဲ့ ဂျာမနီတိုက်စစ်မှူး ပိုဒေါ စကီးကတော့
အင်တာမီလန်ကိုအငှားစာချုပ် နဲ့ ရောက်ရှိသွားခဲ့ပါပြီ။ ပိုဒေါစကီး အနေနဲ့ အသင်းမှာ ပုံမှန်နေရာ
မရလို့ စိတ်ပျက်မိတယ်လို့ အကြိမ်ကြိမ် ပြောကြားပြီးတဲ့ နောက်ပိုင်းမှာ အခုလို အသင်း ပြောင်းရွှေ့
ကစားဖို့ ဆုံးဖြတ်ခဲ့ ခြင်းလည်းဖြစ်ပါတယ်။

အင်တာမီလန်အနေနဲ့ ပိုဒေါစကီးရဲ့ အငှားစာချုပ် အတွက် ပေါင် ၁ ဒသမ ၅ သန်း သာ ပေးချေရ
တယ်လို့ ဆိုတဲ့ အတွက် တန်တယ်လို့ ပြောနိုင် ခဲ့ပေမယ့် ပိုဒေါစကီးအတွက် ကတော့ ချန်ပီယံ
လိဂ် ကစား ရတော့မှာ မဟုတ်ပါဘူး။ ပိုဒေါ စကီးဟာ ဘွန်ဒက်စ်လီဂါ ကလပ် ကိုလုံးကနေ
အာဆင် နယ်ကို ရောက်ရှိလာခဲ့ကာ ၈၁ ပွဲကစားပြီး ၃၁ ဂိုး သွင်းပေး ခဲ့ပါတယ်။ ပိုဒေါစကီး
အနေနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါ၊ အင်္ဂ လန် ပရီမီယာလိဂ်နဲ့ အီတလီစီးရီးအေ တွေမှာ ကစားဖူးသွား
တဲ့ အတွေ့အကြံုရရှိခဲ့ ပြီဖြစ်ပါတယ်။

တန်းဆင်းဇုန်မှ ဒေါ့မွန်ရဲ့ ဆုံးဖြတ်ချက်
ဒီရာသီမှာ အသင်းရဲ့ရလဒ်တွေမကောင်း ဘဲ တန်းဆင်းဇုန်ထဲမှာ ၁၇ ပွဲကစား၊ ၁၅ မှတ်နဲ့ ရောက်
ရှိနေတဲ့ ဒေါ့မွန်အသင်းကတော့ သူတို့ အသင်းရဲ့ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ကို စာချုပ်သက်
တမ်းမတိုးတော့ဘဲထုတ်ရောင်း ဖို့ စီစဉ်နေပြီလို့ ဆိုနေကြပါတယ်။

ဂန်ဒိုဂန်နဲ့ အသင်းစာချုပ်ဟာ ၂၀၁၆ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဂန်ဒိုဂန်ကို ပရီမီယာ
လိဂ်အသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့ ဂန်ဒိုဂန် ရဲ့နေရာ
မှာ ဘယ်သူ့ကို တာဝန်ပေးမလဲ ဆိုတာ က စိတ်ဝင်စားစရာကောင်းနေပြီး တန်းဆင်း ဇုန်ကနေ
ရုန်းထွက်နိုင်မှာလားဆိုတာက အဖြေရှာရမယ့် ပုစ္ဆာတစ်ပုဒ်ပါပဲ။

သူတော်စင်ကွင်းကို အလယ်လာတဲ့ အီလီယာ
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ၀ါဒါဘရီ မင်ဟာလည်း ၁၇ ပွဲမှာ ၁၇ မှတ်သာရပြီး တန်းဆင်းဇုန်
အဆင့်(၁၆)မှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပါတယ်။ အခုတော့ သူတို့ဟာ သူတို့ရဲ့တောင်ပံကစား
သမား အယ်ဂျီယို အီလီယာကို အင်္ဂလန်ပရီမီယာလိဂ်ကလပ် ဆောက်သမ်တန်ဆီ အငှားချလိုက်
ပါတယ်။ ဆောက်သမ်တန်ဟာ နည်းပြရော်နယ်ကိုးမင်း ရဲ့အောက်မှာခြေစွမ်းတိုးတက်မှုတွေရရှိနေ
တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ အီလီယာကို ပြီးခဲ့တဲ့လကတည်းက သဘော တူညီမှုရခဲ့
တယ်လို့ဆိုပြီး အငှားသက်တမ်း ကုန်ရင် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်အောင် ကြိုးပမ်းမယ့် သဘော
တူညီချက်တစ်ရပ်ပါ တယ်လို့ သိရပါတယ်။

သူက ကွင်းပြင်ပ ပြဿနာတွေ ဖန်တီးတတ်သူလို့ နာမည်ကြီး ပေမယ့် ရော်နယ်ကိုးမင်းကတော့ သိပ်
စိုးရိမ် တဲ့ဟန် မပြပါဘူး။ အင်္ဂလန်ပရီမီယာလိဂ်မှာ တော့ ဘာလော့တယ်လီလို နောက်ထပ် တစ်
ယောက် ထပ်ရောက်လာမလားဆိုတာ စဉ်းစားစရာပါပဲ။

ဘိုင်ယန်ရဲ့အထာက ဘာလဲ
ဂွာဒီယိုလာကိုင်တွယ်နေတဲ့ ဘိုင်ယန်ဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို သုံးကြိမ်
ဆက်ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ကျန် ရာသီဝက်မှာ ဘိုင်ယန်အနေနဲ့ အသင်းကြီး တွေနဲ့
ထိပ်တိုက်တွေ့တဲ့အခါတိုင်း အနိုင် သုံးမှတ်ရယူထားနိုင်ဖို့ အရေးကြီးတယ်လို့ အသင်းကစားသမား
ဒန်နီက သတိပေးထား ပါတယ်။ ဘိုင်ယန်အနေနဲ့ တောင်ပံတိုက်စစ် တွေဖြစ်တဲ့ ရော့ဘန်နဲ့ ရစ်ဘာ
ရီသာ ဒဏ်ရာ မရခဲ့ရင်၊ ပွဲပယ်ပြစ်ဒဏ်မခံရရင် သူတို့ရဲ့ ပန်းတိုင်ကို သွားနိုင်မှာပါ။ ဘိုင်ယန်ဟာ
ဒီဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ငြိမ်သက်နေတယ်ဆိုပေမယ့် သူတို့ဟာ ဂျာမနီ ယူ-၁၉
အသင်းနဲ့အတူ တောက်ပလာတဲ့ လူငယ်ကစားသမား ကင်ဗစ်ချ်ကို ခေါ်မယ်လို့ သတင်းထွက်နေပါ
တယ်။

အဲဒီအတွက်လည်း ကင်ဗစ်ချ်ရဲ့ မိခင်ကလပ်တစ်ခုဖြစ်တဲ့ စတု ဂတ်အသင်းနဲ့ သဘောတူညီမှုရပြီး
ပြီလို့ ဆိုပါ တယ်။ ဘိုင်ယန်ကတော့ ဂျာမနီလူငယ် ကစား သမားတွေကို စုဆောင်းရင်း ဂျာမနီ
လက်ရွေး စင်အသင်းကြီးအတွက် အနိမ့်ဆုံး ယူရို ၂၀၁၆ အထိ ထိန်းထားအောင် လုပ်ဆောင်
ပေးဖို့ ပစ်မှတ်ထားနေတယ်လို့ ယူဆပါတယ်။

အမေရိကားကို ကျောခိုင်းချင်သူနဲ့ ခြေလှမ်းအသစ်ချချင်သူ
မေဂျာလိဂ်ကလပ်တစ်ခုဖြစ်တဲ့ နယူးယော့ခ် စီးတီးကလပ်ကနေ မန်စီးတီးကို ခြောက်လ ကြာ
အငှားလာကစားနေတဲ့ အင်္ဂလန်ကွင်း လယ်လူ လမ်းပတ်က ရာသီကုန်အထိ ဆက်နေ မယ်လို့
ဆုံးဖြတ်ချက်ချတဲ့အတွက်လည်း နယူးယော့ခ်စီးတီးကလပ် ပရိသတ်တွေက ဒေါသထွက်နေကြ
ပါတယ်။

အဓိက ကတော့ လမ်းပတ်ရဲ့ဂျာစီတစ်သောင်းကျော်ကို ၀ယ် ထားတဲ့ ပရိသတ်တွေ၊ တစ်ရာသီစာ
လက်မှတ် ၀ယ်ထားတဲ့ ပရိသတ်တွေက စိတ်ပျက်နေကြ တာပါ။ လမ်းပတ်အနေနဲ့ ဘာကိုရွေးမလဲ
ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါ တယ်။ ခက်တာကလည်း နယူးယော့ခ်စီးတီး ကလပ်ကို
မန်စီးတီးနဲ့ ဘေ့စ်ဘောကလပ် နယူးယော့ခ်ယန်းကီးကလပ်တို့က ပူးတွဲပိုင်ဆိုင် ထားတာကြောင့်
ပရိသတ်တွေအတွက်တော့ ရင်ပူစရာပဲပေါ့။ ဒီကြားထဲ လီဗာပူးမှာ ၂၆ နှစ်ကြာ ကစား လာတဲ့
စတီဗင်ဂျရတ်က ဒီရာသီအကုန် အန်းဖီးလ်ကနေ ထွက်ခွာမှာဖြစ်ပြီး မေဂျာ လိဂ်ကလပ် အယ်လ်
အေဂလက်ဇီမှာ သွား ကစားဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျရတ်ဟာ ပေါင် လေးသန်းနီးပါးတန်ဖိုးရှိတဲ့ စာချုပ်ကို ၁၈ လ
ကြာ ချုပ်ဆိုဖွယ်ရှိနေပြီး အယ်လ်အေဂလက်ဇီ မှာ ဒေးဗစ်ဘက်ခမ်း၊ ကူဒီစီနီ၊ ဟောင်မြန်ဘို၊ ဂျူနင်
ဟို၊ ဇာဗီးယား၊ အိန်ဂျယ်လ်၊ ရော်ဘီကိန်း၊ ဒိုနိုဗန်တို့ ကစားသွားခဲ့ကြဖူးပါတယ်။

အင်္ဂလန် ကွင်းလယ်ကစားသမား နှစ်ယောက်ရဲ့ အရွေ့ ကတော့ စိတ်ဝင်စားစရာပါပဲ။ ချုပ်ပြီးဆို
ရရင်တော့ ခြေစွမ်းပျောက် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ် ကနေ့ သူ့အိမ် သူ ပြန်ရောက်သွားပါပြီ။
လီဗာပူး၊ ချယ်လ်ဆီး နဲ့ အေစီမီလန်တို့မှာ ကစားဖူးတဲ့ တောရက်စ် ကို သူဟာ အလက်တီကိုရဲ့
ကယ်တင်ရှင် မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ အားလုံးကတော့ ပြောင်းကြ၊ ရွှေ့ကြ၊ အထုပ်
ပြင်ကြနဲ့ ဟုတ်နေပါပြီ။ မြန်မာစကားပုံ မှာ စကားပုံနှစ်ခုတော့ရှိပါတယ်။ အဲဒါက တော့ "တစ်ရွာ
မပြောင်း၊ သူကောင်းမဖြစ်" နဲ့ "သေချင်တဲ့ကျား တောပြောင်း"ဆိုတဲ့ စကားပုံ တွေပါပဲ။ ဘယ်သူ
တွေ ဘာတွေဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။



ဖတ်ရှုမှုအများဆုံး