အားကစားဝန်ကြီးဌာနမှ ကြီးမှူးပြီး အာရှနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံ
အတွက် ရွှေတံဆိပ်များ ဆွတ်ခူးပေးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ သော အားကစားသမားဟောင်းကြီး
များ၏ ပုံတူ ပလတ်စတာရုပ်တုများပြုလုပ်၍ ဂုဏ်ပြု သွားမည်ဖြစ်သည်။
အဆိုပါပလတ်စတာရုပ်တုများကို နေပြည် တော်၊ ၀ဏ္ဏသိဒ္ဓိအားကစားမော်ကွန်းတိုက်တွင် ထားရှိသွားမည်ဖြစ်ပြီး ပြည်သူများကိုဂုဏ်ပြုမှတ်တမ်းတင် ပြသနိုင်ရန်ရည်ရွယ် ခြင်းဖြစ်သည်။
"အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံ့ ဂုဏ်ဆောင်ခဲ့တဲ့ အားကစားသမားဟောင်း ကြီးတွေကို
ဂုဏ်ပြုချင်တာပါ။ သူတို့ခေတ် တုန်းကဆိုရင် အားကစားအတွက် နိုင်ငံက အများကြီး ထောက်ပံ့
ပေးနိုင်ခဲ့တာ မဟုတ်ပါ ဘူး။ ဒါတောင် ရွှေတံဆိပ်တွေရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူတို့ရဲ့စိတ်
ဓာတ်ကိုအားကစားဝန်ကြီးက ဂုဏ်ပြုတာပါ။ ဒီရုပ်တု ကြီးတွေကို ကြည့်ပြီး နောင်လာနောက်သား
တွေ လေးစားအားကျ အတုယူနိုင်အောင်ပါ"ဟု အားကစားဝန်ကြီးဌာန လက်ထောက် ညွှန် ကြား
ရေးမှူး ဒေါ်ဥမ္မာအောင်ကမြန်မာတိုင်း(မ်) ကို ပြောသည်။
အာရှနှင့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်လေးခုနှင့်အထက်ရရှိခဲ့သော
အားကစားသမားဟောင်းအားလုံး ကို ပလတ်စတာရုပ်တုပြုလုပ်နိုင်ရန် စီစဉ်နေ ပြီး လက်ရှိတွင်
အားကစားသမားဟောင်း ၂၁ ဦးက စာရင်းပေးသွင်းထားကာ ပလတ်စတာ ရုပ်တုနှစ်ခုကို စတင်
ထုလုပ်နေပြီဖြစ်သည်။ ပလတ်စတာရုပ်တုပြုလုပ်ရာတွင် အားကစားသမားဟောင်းကြီးများ၏
လက်ရှိအနေအထားအတိုင်း ထုလုပ်သွားမည်ဖြစ်ပြီး အားကစားသမားဟောင်းကြီးများအနေဖြင့်
ဓာတ်ပုံနှင့်အတူ ရွှေတံဆိပ်ရရှိခဲ့သော ခုနှစ်နှင့်ပြိုင်ပွဲ အမျိုးအစားကို ပေးပို့ရမည် ဖြစ်သည်။
"လူဦးရေကန့်သတ်ထားခြင်းမရှိပါဘူး။ရွှေတံဆိပ်လေးခုနဲ့အထက်ရရှိတဲ့ အားကစားသမားဟောင်း
အားလုံးကို ပလတ်စတာရုပ်တု ပြုလုပ်ပြီး ဂုဏ်ပြုသွားမှာပါ။ လက်ရှိမှာ ၂၁ ဦးက စာရင်းပေးသွင်း
ထားပါတယ်။ အသက်အရွယ်ကြီးတဲ့ အားကစားသမားဟောင်းတွေကို သူတို့အိမ်အထိသွားပြီး
ထုလုပ်ရတာတွေရှိပါတယ်။ ဓာတ်ပုံနဲ့ ထုလုပ်တဲ့အခါ အချို့ဓာတ်ပုံတွေက အဆင်မပြေတဲ့အတွက်
အချိန်ကာလတော့ နည်းနည်းကြာနိုင်ပါ တယ်။ ဘယ်နေ့အပြီးဆိုပြီးတော့ ရက် သတ်မှတ်ထား
တာမရှိပါဘူး"ဟု ဒေါ်ဥမ္မာ အောင်က ပြောသည်။
နောက်ပိုင်းတွင်လည်း ရွှေတံဆိပ်သုံးခု၊ နှစ်ခု အစရှိသဖြင့် ဆွတ်ခူး နိုင်ခဲ့သော အားကစားသမား
ဟောင်းများကို လည်း ဂုဏ်ပြုနိုင်ရန်စီစဉ်နေကြောင်း ဒေါ်ဥမ္မာအောင်ကပြောသည်။ ၀ဏ္ဏသိဒ္ဓိ အားကစားမော်ကွန်းတိုက်တွင် ခေတ်အဆက်ဆက် အောင်မြင်ခဲ့ကြသော အားကစားသမား
ဟောင်းကြီးများ၏ ဆု တံဆိပ်များ၊ မှတ်တမ်းဓာတ်ပုံများ၊ ဆီးဂိမ်း ပြိုင်ပွဲများတွင် ဆွတ်ခူးခဲ့သော
ဆုတံဆိပ် များကို ပြသထားလျက်ရှိပြီး ယခုအခါ အားကစားသမားဟောင်းကြီးများ၏ ပလတ်
စတာရုပ်တုများကို ထပ်မံထားရှိရန် စီစဉ် နေခြင်းဖြစ်သည်။
ပလတ်စတာရုပ်ထုများကို ပြည်တွင်းပန်းပု ပညာရှင် ဦးကျော်ကျော်မင်းက တာဝန်ယူ ထုလုပ်နေခြင်း
ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းများ၏ ပုံတူကို ထုလုပ် ခွင့်ရသည့်အတွက် ၀မ်း
သာမိကြောင်း ဦးကျော် ကျော်မင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီး တွေရဲ့ပုံတူကို ထုလုပ်ခွင့်ရတဲ့အတွက် ၀မ်းသာမိပါတယ်။
မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူပုဂ္ဂိုလ်တွေရဲ့ ပုံတူတွေထုပြီး ပြတိုက်မှာ ထားတာနည်းပါတယ်။ ဒါက
ပထမဦးဆုံးဖြစ် လာမှာပါ။ရုပ်တုကို လက်ရှိအားကစားသမား ကြီးတွေရဲ့ ပုံတူအတိုင်း ထုလုပ်သွား
မှာပါ။ ကွယ်လွန်သွားတဲ့ အားကစားသမားကြီးတွေကိုတော့ သူတို့အောင်မြင်ခဲ့စဉ်က ဓာတ်ပုံ မှတ်
တမ်းတွေကို ကြည့်ပြီး ထုလုပ်သွားမှာပါ။ပြည်သူတွေက ဒီပလတ်စတာ ရုပ်တုတွေ ကြည့်ပြီး အား
ကစားသမားကြီးတွေကို အတု ယူနိုင်မှာဖြစ်ပြီး မြန်မာ့လက်မှုပညာကိုလည်း နောင်လာနောက်သား
တွေ တွေ့မြင်နိုင်မှာပါ" ဟု ဦးကျော်ကျော်မင်းက ပြောသည်။














