အာရှဖလား ဘောလုံး ပြိုင်ပွဲတွင် လုပ်ပွဲများ မဖြစ်ပေါ်ရေး သေချာစိစစ်သွားမည်

အာရှဖလား ဘောလုံး ပြိုင်ပွဲတွင် လုပ်ပွဲများ မဖြစ်ပေါ်ရေး သေချာစိစစ်သွားမည်

ဆစ်ဒ်နီ - အာရှဖလားဘောလုံးပြိုင်ပွဲများတွင် လုပ်ပွဲများ ကစားသည့်အစဉ်အလာများရှိခဲ့ရာ
ယခုကျင်းပမည့် ပြိုင်ပွဲ၌ ယင်းကဲ့သို့ အဖြစ်အပျက်များ မရှိအောင် သေချာစိစစ်သွားမည်ဖြစ်ကြောင်း
သိရသည်။

အာရှဖလားဘောလုံးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် အသင်းငယ်လေးအချို့ တွင် တရား
မဝင်လောင်းကစားမှုများရှိခဲ့ရာ ထိုအကြောင်းအရာများကို အဓိကစိစစ်သွား မည်ဟုလည်း ဆိုသည်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အားကစားစောင့်ကြည့်ရေးအဖွဲ့သည် အာရှဘောလုံး အဖွဲ့ချုပ်
(အေအက်ဖ်စီ)နှင့် ပူးပေါင်းပြီး ပြိုင်ပွဲ စတင်သည့် လာမည့်သောကြာနေ့မှစကာ လောင်းကစားမှု
များကို စောင့်ကြည့်သွားမည် ဖြစ်သည်။ အချို့အသင်းငယ်လေးများက ကစားသမားများမှာ ဆုကြေး
အနည်းငယ်သာ ရရှိသည့်အတွက် ပွဲစဉ်အချို့တွင် လောင်း ကြေးငွေများ ထည့်သွင်း ကစားတတ်
ကြသည်။

လောင်းကစားလောက ကျွမ်းကျင်သူ စကော့ဖာဂူဆန်က "အဓိပ္ပာယ်မရှိတဲ့ ပွဲစဉ်တွေကို ခင်ဗျားတို့
အမြဲတမ်းတွေ့ကြံုရမှာပါ။ အဓိကအားဖြင့် အဲဒီလို ဆိုးရွားတဲ့ပွဲတွေမှာ ရလဒ်တွေက မဖြစ်နိုင်တာ
တွေ ရှိသလို၊ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေက လည်း ကျဆင်းနေသလိုမျိုးတွေ ဖြစ်နေ
တတ်ပါတယ်"ဟု အေအက်ဖ်ပီကို ပြောသည်။

(အေအက်ဖ်ပီ) 



ဖတ်ရှုမှုအများဆုံး