နယူးကာဆယ်ဟာ ၂၀၁၄ ကုန်သွားတော့ ပရီမီယာလိဂ်မှာရမှတ် ၂၆ မှတ်နဲ့ အဆင့်(၁၀)မှာ
ရပ်တည်သွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ နယူးကာဆယ်ပွဲစဉ်တွေ ပြီးဆုံးတဲ့အချိန်မှာ တော့ မန်နေဂျာ
အလန်ပါဂျူးတစ်ယောက် နယူးကာဆယ်ပရိသတ်ကို ကျောခိုင်း စွန့်ခွာ သွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီအတွက် နယူး ကာဆယ်ပရိသတ်တွေ ကျေနပ်သွားကြလေ သလား၊ စိတ်မကောင်းဖြစ်သွား
ကြလေ သလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါပြီ။ ရာသီအစပိုင်းမှာ နယူးကာဆယ်အသင်း
ရလဒ်တွေ ဆိုးရွားခဲ့တော့ နယူးကာဆယ် ပရိသတ်တွေက အလန်ပါဂျူးထွက်ခွာသွားဖို့ အိမ်ကွင်း
ပွဲစဉ်တိုင်းမှာ ဖိအားတွေပေးခဲ့ ကြတာကိုလည်း ပြန်လည်အမှတ်ရစရာ ဖြစ်သွားစေခဲ့ပါတယ်။
အခုတော့ နယူး ကာဆယ်မှာ အလန်ပါဂျူးမရှိတော့ဘဲ ၂၀၁၅ ရဲ့ ရာသီအစပိုင်းကို နည်းပြမဲ့အနေ
အထားနဲ့ ဖြတ်သန်းသွားခဲ့ရပါတော့တယ်။ နယူး ကာဆယ်ကို ကျောခိုင်းပြီးတော့ အလန် ပါဂျူး
တစ်ယောက် တန်းဆင်းဇုန်နားမှာ ရုန်းကန်နေရတဲ့ ခရစ္စတယ်ပဲလေ့စ်ကလပ်ကို ကိုင်တွယ်လိုက်ပုံ
ကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။ သူ့ကို နယူးကာဆယ်ကလပ် က ထုတ်ပယ်ပစ်ခဲ့တာမဟုတ်
ဘဲ သူကိုယ်တိုင် က နုတ်ထွက်ခဲ့ပြီး ပဲလေ့စ်ကိုလည်း သူပဲ ရွေးချယ်သွားခဲ့တာဖြစ်လို့ အလန်ပါဂျူး
ဟာ လည်း စိတ်ဝင်စားစရာဖြစ်သွားစေခဲ့ပါတယ်။ ပရိသတ်ဖိအားကြီးမားခြင်း အလန်ပါဂျူးဟာ
နယူးကာဆယ်ကနေ ထွက်ခွာသွားရခြင်းရဲ့ အဓိကအချက်ကတော့ နယူးကာဆယ်ပရိသတ်ရဲ့
ဖိအားပဲဖြစ်ပါတယ်။
အလန်ပါဂျူးဟာ ၂၀၁၀ မှာ နည်းပြခရစ် ဟောက်တန်နေရာကို အစားဝင်လာပြီး နယူး ကာဆယ်ကို
ကိုင်တွယ်လာခဲ့တာဖြစ်ပါတယ်။ အဲဒီဝင်လာစဉ်ကတည်းကပဲ နယူးကာဆယ် ပရိသတ်တွေက
လိုလိုလားလား ရှိခဲ့ကြတာ မဟုတ်ပါဘူး။ ပိုင်ရှင်မိုက်အက်ရှ်လေရဲ့ မာဖီးယားဂိုဏ်းသားတစ်
ယောက်လို့ မြင်ထား ခဲ့ကြတာပါ။ အက်ရှ်လေရဲ့ ရုပ်သေးရုပ်အဖြစ် ပရိသတ်က ရှုမြင်ထားခဲ့တာ
ဖြစ်ပါတယ်။
အလန်ပါဂျူးကိုယ်တိုင်ကလည်း ဘယ်ဝေဖန် မှုကိုမှ ဂရုမစိုက်ဘဲနဲ့ဘဲ အသင်းကို ကိုင်တွယ် လာခဲ့
တာ ၂၀၁၄ အထိဘဲဖြစ်ပါတယ်။ ဒီနှစ်ထဲ မှာ ပါဂျူးကိုယ်တိုင် လူကြီးလူကောင်းမပီသတဲ့ ပုံစံတွေ
လုပ်လာတော့ နယူးကာဆယ်ပရိသတ် က သူ့ကို ပိုပြီးမကြည်ဖြူဖြစ်လာခဲ့ပါတယ်။ အရင်ဆုံး နယူး
ကာဆယ်ဪမန်စီးတီးပွဲမှာ မန်စီးတီးနည်းပြ ပယ်လီဂရီနီကို မန်နေဂျာ သတ်မှတ်ဇုန်ကိုကျော်ပြီး
ရန်မူမှုတွေလုပ်ခဲ့ သလို ဟားလ်စီးတီးဪနယူးကာဆယ်ပွဲမှာ လည်း ဟားလ်စီးတီးကစားသမား
မေယာကို ခေါင်းချင်းတိုက်ရန်မူမှု လုပ်ခဲ့တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကြောင့် နယူးကာဆယ်ရဲ့
ပွဲတချို့ကို ကြီးကြပ်ခွင့်မရခဲ့တာတွေက နယူး ကာဆယ်ပရိသတ်ရဲ့ စိတ်ပျက်မကျေနပ်မှုနဲ့ ကြံုတွေ့
သွားပြီး နယူးကာဆယ်အိမ်ကွင်းပွဲ တိုင်းမှာ ပါဂျူးထွက်ခွာသွားဖို့ ဆန့်ကျင်မှု တွေလုပ်ရာတာက
အခုလိုခရစ္စတယ်ပဲလေ့စ် က ကမ်းလှမ်းလိုက်တာနဲ့ အခါအခွင့်သင့် သွားပြီး နယူးကာဆယ်ကို
ကျောခိုင်းလိုက်တာ ပဲ ဖြစ်ပါတယ်။
အလန်ပါဂျူး မိုက်ရူးရဲကောင် ဆိုတဲ့ စာတန်းမျိုးတွေအထိကို ကိုင်ဆောင် ကန့်ကွက်ခဲ့တာက သူ့
အတွက် နာကြည်းစရာ ပဲဖြစ်ပါတယ်။ အခုနောက်ပိုင်း ရလဒ်တွေကို ဆောင်ကြဉ်းပေးနိုင်သည့်
တိုင်အောင် ပရိသတ်ဟာ သူ့ကိုလိုလိုလားလားရှိခဲ့ကြတာ မဟုတ်ပါဘူး။ ပိုင်ရှင်က အားပေးခဲ့
သော်လည်း မိုက်အက်ရှ်လေဟာ အလန်ပါဂျူး နောက်မှာရှိနေခဲ့လို ပါဂျူးဟာ နယူးကာဆယ် မှာ
ပေကပ်နေရင်း ရလဒ်ကောင်းတွေကို ဆောင်ကြဉ်းပေးနေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ၂၀၁၄ ကုန်တော့ နယူး ကာဆယ်ဟာ အဆင့်(၁၀)မှာ ရပ်တည်သွား တာဖြစ်ပါ
တယ်။ မိုက်အက်ရှ်လေကလည်း ပရိသတ်မကြိုက်သည့်တိုင်အောင် သူကိုယ်တိုင် က ကြိုက်နေ
တော့ ပါဂျုးကို ထုတ်ပယ်မပစ် ဘဲ ထားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံုးတော့ ပိုင်ရှင်က ကျေနပ်နေ
သည့်တိုင် သူကိုယ်တိုင် က ထွက်ခွာသွားလေတော့ မိုက်အက်ရှ်လေ အတွက်တော့ နစ်နာမှုကြီး
တစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးကိုင်ခဲ့တဲ့ အဲဗာတန် နဲ့ပွဲမှာ အလန်ပါဂျူးဟာ ၁-၀ နဲ့ရှုံး
နေရာကနေ ၃-၂ နဲ့နိုင်အောင် နယူးကာဆယ်ကို စွမ်းဆောင် ပေးနိုင်ခဲ့သူပါ၊ ဒီလိုရလဒ်ကောင်း
ထွက်ချိန် မှာ ရုတ်တရက် နယူးကာဆယ်ကနေ ပဲလေ့စ် ကိုပြောင်းမယ်ဆိုတော့ အံ့ဩစရာတော့
ဖြစ်သွားစေခဲ့ပါတယ်။
ဒါပေမဲ့ အတိတ်သမိုင်း တွေကရှိထားလေတော့ သူ့ကို ပိုင်ရှင်အက်ရှ် လေတစ်ယောက် ထိန်း
မထားနိုင်တော့ဘဲ လက်လွှတ်လိုက်ရပါတော့တယ်။ အသင်းဟောင်းကိုပြန်လာခြင်း အလန်ပါဂျူး
ဟာ ပဲလေ့စ်ကလပ်ရဲ့ ကစား သမားဟောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ မန်နေဂျာအဖြစ်နဲ့ ရက်ဒင်း
၊ ၀က်စ်ဟမ်း၊ ဆောက်သမ်တန်၊ ချာလ်တန်ကလပ်တွေကို ကိုင်တွယ်ခဲ့ပေမယ့် အသင်းဟောင်း
ပဲလေ့စ် ကိုတော့ ကိုင်တွယ်ခြင်းမရှိခဲ့သူဖြစ်ပါတယ်။ ကစားသမားဘဝ ပဲလေ့စ်မှာ သုံးရာသီကစား
တော့ ပဲလေ့စ်ပရိသတ်ရဲ့အားပေးမှုကို အခိုင် အမာရခဲ့ခြင်းက အခုလိုတန်းဆင်းဇုန်နား ရောက်
ပဲလေ့စ်ကို ကိုင်တွယ်ဖို့ဖြစ်လာခဲ့ တာပါ။
ပဲလေ့စ်ကလည်း ဒီနှစ်ထဲမှာ မန်နေဂျာနှစ်ယောက်ပြောင်းထားတဲ့ ကလပ် ဖြစ်နေပါတယ်။ ပထမ
တိုနီပူးလစ်၊ ဒုတိယ ၀ါနော့ဒ်တို့အသီးသီး ထွက်ခွာ၊ ထုတ်ပယ် ဖြစ်သွားကြလို့ အလန်ပါဂျူးကို ချဉ်း
ကပ်လာ ခဲ့တဲ့ကလပ်ပဲ ဖြစ်ပါတယ်။ တော်ရုံစိတ်တစ်ခု တည်းနဲ့တော့ ပဲလေ့စ်ကိုကိုင်တွယ်ဖို့ လွယ်
ကူ မှာမဟုတ်ပါဘူး၊ ပဲလေ့စ်က နယူးကာဆယ် လောက် တောင့်တင်းလှတဲ့ အသင်းမဟုတ် ပါဘူး။
ဒါဟာ အလန်ပါဂျူးအတွက်တော့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ပါဂျူးကိုခေါ်တဲ့အခါမှာ နယူးကာဆယ်ကို လျော်ကြေးပေးခဲ့ရပြီး ခေါ်ရတာဖြစ်လို့လည်း ကလပ်အနေနဲ့ ငွေကုန်ကြေးကျများ
ခဲ့တဲ့ ပါဂျူးရဲ့ ပြောင်းရွေ့မှုပဲဖြစ်ပါတယ်။ သူ့ အနေနဲ့ကတော့ ပဲလေ့စ်ပရိသတ်ရဲ့ လိုလား အားပေး
မှုနဲ့ ကိုင်တွယ်ရမှာဖြစ်လို့ စိတ်ချမ်းမြေ့ မှုတော့ ရရှိလာမှာ ဖြစ်ပါတယ်။ ဗီလာနဲ့ကစားတဲ့ ဂိုးမရှိသ
ရေကျတဲ့ပွဲ မတိုင်မီက သူကိုယ်တိုင် ဒီပွဲကိုကိုင်တွယ် မယ်လို့ ပြောဆိုခဲ့ပေမယ့် စာချုပ်ချုပ်ဆိုမှု
နှောင့်နှေးသွားလို့ ကိုင်တွယ်ခွင့်မရလိုက်ပါ ဘူး။ ဒီပွဲကိုပရိသတ်အဖြစ်နဲ့ပဲ ဗီလာပတ်ခ်မှာ လာ
ကြည့်သွားခဲ့ပါတယ်။ တိုက်စစ်အားသန် တဲ့ မန်နေဂျာတစ်ယောက်ဟာ တိုက်စစ် အားနည်းနေ
တဲ့အသင်းကို ဘယ်လိုတည် ဆောက်မလဲဆိုတာ စိတ်ဝင်စားစရာပဲဖြစ် ပါတယ်။ ပွဲကျပ်ကာလ
ထဲမှာ နောက်ဆုံးနှစ်ပွဲ ကို ဂိုးမရှိသရေကစားပြီး နှစ်မှတ်တော့ ရယူ လိုက်ပါတယ်။
ပဲလေ့စ်ကို ပါဂျူး စတင်ကိုင်တွယ် တဲ့ အက်ဖ်အေဖလားပွဲမှာ အသင်းငယ်လေး ဒိုဗာ အက်သလက်
တစ်ကို လေးဂိုးပြတ်နဲ့ နိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ပရီမီယာလိဂ် စပါးနဲ့ အိမ်ကွင်းပွဲစဉ်မှာ
လည်း ၂-၁ ဂိုးနဲ့ အနိုင် ရခဲ့ပါတယ်။ ပဲလေ့စ်အတွက် အလန်ပါဂျူး ရောက်လာတာဟာ အားတက်
စရာဖြစ်ခဲ့ ပေမယ့် နယူးကာဆယ်ကတော့ ပါဂျူးထွက်ခွာ မှုက ကစားသမားတွေအတွက်
အားလျော့မှု ဖြစ်သွားစေပါတယ်။ သူဟာ ခေါင်းမာတတ်သူတစ်ယောက် ဖြစ်ပေမယ့် ပွဲတွေအပေါ်
အာရုံစိုက်မှုပိုင်းမှာ၊ အသင်းကြီးတွေကိုခံကစားတဲ့ အပိုင်းတွေမှာ တော့ ရဲရင့်တဲ့သူတစ်ယောက်ဖြစ်
ပါတယ်။ နယူးကာဆယ်ကွင်းမှာ ချယ်လ်ဆီးအသင်း ရှုံးနိမ့်သွားခဲ့တာတွေက သူ့ရဲ့ ရဲရင့်မှုတွေက
အဓိကကျခဲ့ပါတယ်။
ပဲလေ့စ်က နယူးကာဆယ် လို အလယ်အလတ်အသင်း မဟုတ်တဲ့ အတွက်တော့ အလန်ပါဂျူးဟာ
ပဲလေ့စ် တန်းမဆင်းရဖို့အတွက်တော့ တော်တော် လေးကို ကြိုးစားပြင်ဆင်ရပါဦးမယ်။ အခု အချိန်
မှာတော့ ပဲလေ့စ်ဟာ အဆင့်(၁၈)နေရာကို ရောက်နေပြီဖြစ်ပါတယ်။ နယူးကာဆယ်ပိုင်ရှင် မိုက်
အက်ရှ်လေဟာ ပါဂျူးကို နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တာကို ကြည့် လိုက်ရင် သူ့ရဲ့နည်းပြအရည်အသွေး
အပေါ်မှာ ယုံကြည်မှုရှိတာ သေချာပါ တယ်။ ဒီအချက်နဲ့ ယှဉ်ကြည့်လိုက်ရင် တော့ သူဟာပဲလေ့စ်
ကို ရလဒ်ကောင်း ထွက်အောင် စွမ်းဆောင်နိုင်လိမ့်မယ် လို့ မျှော်လင့်ရမှာဖြစ်ပါတယ်။ သူကိုယ်တိုင်
ကလည်း ဒီလိုအသင်းငယ်ကို ကိုင်တွယ်တာဟာ သူ့ကိုယ်သူယုံကြည် မှုရှိလို့သာ ကိုင်တွယ်တာ
ဖြစ်ပါတယ်။ သူဟာ ကွန်ပျူတာနည်းပညာ အချက် အလက်တွေကို အသုံးချတဲ့မန်နေဂျာ တစ်ယောက်
ပဲ ဖြစ်ပါတယ်။
ကစား သမားတွေရဲ့ စွမ်းဆောင်ရည်ကို နည်း ပညာအကူအညီနဲ့ လေ့ကျင့်ပြင်ဆင်ပြီး နယူးကာ
ဆယ်ကို ကိုင်တွယ်ခဲ့သူဖြစ်လို့ အခုပဲလေ့စ်မှာလည်း ဒီပုံစံအတိုင်း သုံးလာဖွယ်ရှိပါတယ်။ ဒေတာ
တွေကို အခြားအဖွဲ့တွေကနေ ၀ယ်ယူကြည့် တာထက် သူကိုယ်တိုင်ဦးစီးထားတဲ့ ကွန်ပျူတာနည်း
ပညာအဖွဲ့နဲ့ ကစား သမားတွေကို စောင့်ကြည့်အသုံးချခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်အသင်း ပရီမီယာ
လိဂ်မှာ တင်ကျန်ဖို့အတွက် သူဟာ ပဲလေ့စ် တိုက်စစ် ဂိုးတွေသွင်းနိုင်အောင် ပြင်ဆင်တည်ဆောက်
ခြင်းဟာ သူ့ရဲ့ အဓိက တာဝန်ဖြစ်တယ်ဆိုတာကို လည်း နားလည်ထားမှာ ဖြစ်ပါတယ်။
ဒီပြသနာကို ဖြေရှင်းနိုင်အောင် ကြိုးစား ရမှာဖြစ်လို့ အလန်ပါဂျူးရဲ့ ပဲလေ့စ်ခရီး ဟာ အခက်အခဲတွေ
တော့ ရှိနေမှာ ဖြစ် ပါတယ်။ အခုဆိုရင် အပြောင်းအလဲဖြစ် သွားခဲ့ပြီဖြစ်လို့ နယူးကာဆယ်နဲ့
အလန် ပါဂျူးတို့ရဲ့ လမ်းခွဲမှာ ဘယ်သူအမြတ် ထွက်မလဲ၊ ဆုံးရှုံးမလဲဆိုတာ စောင့်ကြည့် ရမယ့်
ကာလဖြစ်လာနေပါရဲ့။















