သရေပွဲတွေများလာနိုင်တဲ့သီတင်းပတ်မှာ ချယ်လ်ဆီးကသေချာပါတယ် - ပရီမီယာလိဂ်ပွဲစဉ်(၂၂)

သရေပွဲတွေများလာနိုင်တဲ့သီတင်းပတ်မှာ ချယ်လ်ဆီးကသေချာပါတယ် - ပရီမီယာလိဂ်ပွဲစဉ်(၂၂)

ဗီလာ -လီဗာပူး စနေ၊ ည ၉း၃၀
လီဗာပူးခြေတက်နေပါတယ်။ နောက်ဆုံး ငါးပွဲကို ရှုံးပွဲမရှိကစားထားနိုင်တာ တွေ့ရပါ တယ်။
ခံစစ်လည်းအကောင်းဆုံးပုံစံမှာရှိနေလို့ လီဗာပူးကို သတိထားရပါတော့မယ်။ ဗီလာက တိုက်စစ်
အားနည်းတဲ့ အသင်းဖြစ်ပါတယ်။ ခံစစ်က အကောင်းဆုံးကစားနိုင်ပေမယ့် တိုက်စစ်ကဂိုးမသွင်းနိုင်
တာ ဗီလာရဲ့ အားနည်းချက်ဖြစ်ပါတယ်။ အကြိတ်အနယ် ကစား ပြီး လီဗာပူးအနိုင်ရသွားပါလိမ့်
ဦးမယ်။

ဘန်လေ -ပဲလေ့စ် စနေ၊ ည ၉း၃၀
အောက်သင်းနှစ်သင်းတွေ့တဲ့ပွဲမို့ ကြည့်ကောင်းဦးမှာပါ။ နှစ်သင်းစလုံးခြေကောင်း နေပါတယ်။
ဘန်လေက နောက်ဆုံးသုံးပွဲမှာ ရှုံးပွဲမရှိကစားထားပါတယ်။ ပဲလေ့စ်က နည်းပြပြောင်းလဲပြီးမှာ
စပါးကိုအိမ်ကွင်းမှာ အနိုင် ကစားထားလို့ စိတ်ဓာတ်တက်နေပါတယ်။ ပဲလေ့စ်က အတွေ့အကြံုပိုင်း
မှာ ပိုပြီးအားကောင်းတဲ့အတွက် ဒီပွဲမှာ ခံစစ် လုံအောင် ပြင်ဆင်ထားနိုင်ပါတယ်။ သရေကျ သွား
မယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။

လက်စတာ -စတုတ် စနေ၊ ည ၉း၃၀
လက်စတာနိုင်ပွဲတွေ ပြန်ဆက်နေပါ တယ်။ နောက်ဆုံးသုံးပွဲ ရှုံးပွဲမရှိကစားထားပါတယ်။ စတုတ်
ကတော့ အဝေးကွင်း မှာ အာဆင်နယ်ကို ဂိုးပြတ်ရှုံးထားသလို ခြေမမှန်တဲ့အသင်းဖြစ်ပါတယ်။
မှန်းရခက်တဲ့ အသင်းဖြစ်ပါတယ်။ လက်စတာကို လျှော့တွက် လို့မရပါဘူး။ လက်စတာ အနိမ့်ဆုံး
သရေကစားနိုင်ပါလိမ့်မယ်။

ကျူပီအာရ် -မန်ယူ စနေ၊ ည ၉း၃၀
မရှုံးတာ အတော်ကြာပြီဖြစ်တဲ့ မန်ယူ ပြီးခဲ့တဲ့အပတ်ကတော့ ရှုံးပွဲတွေ့သွားပါတယ်။ အခုနောက်
ပိုင်းမှာ မန်ယူတိုက်စစ်က ဂိုးသွင်း အားကျဆင်းသွားတာတွေ့ရပါတယ်။ ကျူပီအာရ်က အိမ်ကွင်း
ကစားအား အထူး ကောင်း တဲ့အသင်းဖြစ်ပါတယ်။ နောက်ဆုံးကစားထားတဲ့ သုံးပွဲမှာ နိုင်ပွဲပျောက်
နေပါတယ်။ ဂိုးသွင်းအားတော့ ကောင်းတဲ့အသင်းဖြစ်ပါ တယ်။ ကျူပီအာရ်သရေကစားနိုင်လို့ ကျူပီ
အာရ်ကို ရွေးသင့်ပါတယ်။

ဆွမ်ဆီး -ချယ်လ်ဆီး စနေ၊ ည ၉း၃၀
ဆွမ်ဆီးက တိုက်စစ်မှူးဘိုနီ နိုင်ငံလက်ရွေး စင်အသင်း ပြန်ကစားနေလို့ တိုက်စစ်အားနည်းနေပါ
တယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အိမ်ကွင်းမှာ ၀က်စ်ဟမ်းကို သရေသာကစား နိုင်ခဲ့ပါတယ်။ ချယ်လ်
ဆီးကတော့ စပါးက ပေးတဲ့ သင်ခန်းစာကြောင့်ဂရုတစိုက်ကစား နေပါတယ်။ ခံစစ်ကိုလည်း
အပြောင်းအလဲ လုပ်ထားပါတယ်။ အခုပွဲမှာ ချယ်လ်ဆီး နှစ်ဂိုးပြတ် အနိုင်ရပါလိမ့်မယ်။

စပါး -ဆန်းဒါးလန်း စနေ၊ ည ၉း၃၀
ခြေစွမ်းထက်နေတဲ့ စပါးအသင်း ပြီးခဲ့တဲ့အပတ်ကတော့ ပဲလေ့စ်ကို ရှုံးနိမ့်သွားခဲ့ပါတယ်။
စပါး ဦးဆောင်ဂိုးသွင်းပြီးမှ ရှုံးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းက မန်စီးတီးနဲ့ လီဗာပူးကိုရှုံး
ထားပါတယ်။ ဒါပေမဲ့ ဂိုးပြတ်မရှုံးခဲ့တာကို သတိပြုသင့်ပါတယ်။ အခုပွဲမှာလည်း စပါးအနိုင်ရနိုင်ပေ
မယ့် ဆန်းဒါးလန်းဂိုးပြတ်ရှုံးမယ် မထင်ပါဘူး။ ဆန်းဒါးလန်းကို ရွေးသင့်ပါတယ်။

နယူးကာဆယ် -ဆောက်သမ်တန် တနင်္ဂနွေ၊ နံနက် ၀၀းဝဝ
နယူးကာဆယ်ကတော့ အလန်ပါဂျူးလည်း ထွက်သွားရော တောက်လျှောက်ရှုံးပွဲဆက် နေပါတယ်။
ဆောက်သမ်တန်ရဲ့ လက်ရှိ ခြေစွမ်းက အကောင်းဆုံး ဖြစ်နေပါတယ်။ ခံစစ်ရော၊ တိုက်စစ်ပါ ဟန်
ချက်ညီနေပါ တယ်။ စုစည်းမှုအားကောင်းတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောက်သမ်တန်ဟာ
မန်ယူကို ကစားသလိုမျိုး ကစားလာမယ် မထင် ဘူး။ တိုက်စစ်ဖွင့်နိုင်တာကြောင့် နယူးကာ ဆယ်
ဂိုးသွင်းခွင့်ရပါလိမ့်မယ်။ နယူးကာ ဆယ်ကို ကြိုက်ပါတယ်။

၀က်စ်ဟမ်း -ဟားလ်စီးတီး တနင်္ဂနွေ၊ ည ၈းဝဝ
၀က်စ်ဟမ်း နိုင်ပွဲပြန်ပြီးပျောက်နေပါ တယ်။ ချယ်လ်ဆီး၊ အာဆင်နယ်ကိုတို့ကိုရှုံး ထားသလို
ဆွမ်ဆီးနဲ့ ၀က်စ်ဘရွန်းကို သရေ သာ ကစားထားနိုင်ပါတယ်။ ဟားလ်စီးတီးကလည်း ခြေမမှန်တဲ့
အသင်းဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာ ကောင်းသလောက် တိုက်စစ် ပိုင်းက အားနည်းနေပါတယ်။ အခု
ပွဲမှာ ဟားလ်စီးတီး ဂရုတစိုက်ပြင်ဆင်လာနိုင်ပါ တယ်။ သရေနဲ့ပြီးသွားနိုင်လို့ ဟားလ်စီးတီး ကို
ရွေးသင့်ပါတယ်။

မန်စီးတီး -အာဆင်နယ် တနင်္ဂနွေ၊ ည ၁၀း၃၀
ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်ပါ တယ်။ တိုက်စစ်အားပြိုင်မယ့်ပွဲလည်း ဖြစ်ပါ တယ်။
မန်စီးတီးက တိုက်စစ်ကောင်း သလောက် ခံစစ်အားနည်းတဲ့ အသင်းဖြစ်ပါ တယ်။ အာဆင်နယ်
ကလည်း တိုက်စစ်ကောင်း ပြီး ခံစစ်အားနည်းတဲ့ အသင်းဖြစ်ပါတယ်။ တိုက်စစ်အားကောင်းတဲ့
အသင်းနှစ်သင်းတွေ့နေတာဖြစ်လို့ ဒီပွဲက အသင်းကိုမရွေးဘဲ ဂိုးအများကိုရွေးတာ အကောင်းဆုံး
ဖြစ်ပါတယ်။

အဲဗာတန် -၀က်စ်ဘရွန်း အင်္ဂါ၊ နံနက် ၂း၃၀
အဲဗာတန်က အိမ်ကွင်းဆိုရင် အကောင်း ဆုံးကစားနိုင်ပေမယ့် စတုတ်ကို အိမ်ကွင်းမှာ ရှုံးခဲ့တာကို
သတိပြုသင့်ပါတယ်။ ၀က်စ်ဘရွန်းကလည်း နည်းပြတိုနီပူးလစ် ကိုင်တွယ် ချိန်ကစပြီး ခြေစွမ်းပြနေ
ပါတယ်။ အဲဗာတန် အနိုင်ရမယ်ထင်ရပေမယ့် သရေတစ်ပေါက်ရှိ နေပါတယ်။ ၀က်စ်ဘရွန်းကို
ရွေးသင့်ပါ တယ်။



ဖတ်ရှုမှုအများဆုံး