ဆန်ချက်ဇ်ပစ်ဟွမ်မှာ ဆီဗီလာ သုံးမှတ်ယူဦးမယ်

ဆန်ချက်ဇ်ပစ်ဟွမ်မှာ ဆီဗီလာ သုံးမှတ်ယူဦးမယ်

ဆီဗီလာ - မာလာဂါ (တနင်္လာ၊ နံနက် ၂း၃၀)
လာလီဂါက ဒီတစ်ပတ် ကစားတဲ့ပွဲတွေ ပြီးရင် ရာသီတစ်ဝက်တိတိ ကျိုးပါပြီ။ လက်ကျန်ပွဲတွေက
လည်း ပိုပြီးအကြိတ်အနယ်ရှိတော့မယ့် လမ်းကြောင်းပေါ်ကို ရောက်လာနေတာ တွေ့ရတယ်။
ထုံးစံအတိုင်း ချန်ပီယံလမ်းကြောင်းပေါ် ကိုတော့ ကျန်အသင်းတွေတက်လာနိုင်မယ့် ပုံမျိုးမရှိသေး
ဘဲ ရီးယဲလ်၊ ဘာစီလိုနာနဲ့ အလက် တီကို သုံးသင်းပဲ ပြိုင်ကြရဖို့ ရှိနေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်
လက်ကျန်တစ်နေရာနဲ့ ယူရိုပါလိဂ်အတွက် ယှဉ်ပြိုင်မှုတွေ တန်းမဆင်း ရရေးရုန်းကန်ကြရမယ့်
အနေအထားတွေကတော့ လာလီဂါကို ဆွဲဆောင်မှု အားကောင်း နေစေဦးမယ် ထင်ပါတယ်။

ရာသီတစ်ဝက်ကျိုးခါနီး လာလီဂါရဲ့ အမှတ်ပေးဇယားကို ကြည့်မယ်ဆိုရင် ဥရောပ ပွဲတွေ ၀င်ခွင့်
အတွက် ယှဉ်ပြိုင်နေကြတဲ့အသင်းတွေက ဆီဗီလာ၊ ဗလင်စီယာ၊ ဗီလာ ရီးယဲလ်နဲ့ မာလာဂါ လေး
သင်းရှိနေပြီး ဒီလေးသင်းရဲ့ အဓိကရည်မှန်းချက်က ချန်ပီယံ လိဂ် လက်ကျန်တစ်နေရာအတွက် ပြိုင်
ဆိုင် ကြဖို့ ဖြစ်နေတယ်။ ချန်ပီယံလိဂ်အတွက် ယှဉ်ပြိုင်ကြရင်း ယူရိုပါလိဂ်မှာ နေရာတစ်နေရာ သေ
ချာသွားစေနိုင်တဲ့အတွက် ဒီအသင်း လေးသင်းရဲ့ လက်ကျန်ရာသီ ယှဉ်ပြိုင်မှုက အတော်လေးကို
အားကောင်းလာတော့မယ့် ပုံပါပဲ။ ဒီတစ်ပတ်အတွက်တော့ ၁၈ ပွဲစီ ကစားပြီးချိန်မှာ ချန်ပီယံလိဂ်
လက်ကျန် ၀င်ခွင့် တစ်နေရာ အတွက် လက်ကျန်ရာသီဝက် မှာ အပြိုင်အဆိုင်ဖြစ်လာနိုင်ကြတဲ့
အဆင့်(၄)က ဆီဗီလာနဲ့ အဆင့်(၇)က မာလာဂါတို့ရဲ့ ထိပ်တိုက်ပွဲကို ရင်ခုန်ကြည့်ချင်မိပါတယ်။

ဒီနှစ်သင်းရဲ့ ဒီရာသီခြေစွမ်းနဲ့ လူအင်အားတွေအရတော့ သိပ်ပြီး မကွာလှပါဘူး။ ဒါပေမဲ့ ဆီဗီလာ
ဟာ ဒီရာသီ လာလီဂါမှာ အိမ်ကွင်းရှုံးပွဲ လုံးဝမရှိသေးတဲ့ တစ်သင်း တည်းသော အသင်းအဖြစ်ရပ်
တည်နေနိုင် တာက မာလာဂါအတွက်တော့ စိန်ခေါ်မှု ကြီးတစ်ခု ဖြစ်နေတယ်။ မာလာဂါဟာ နှစ်
သစ်အစမှာ နိုင်ပွဲမရသေးဘဲ အိမ်ကွင်း နှစ်ပွဲဆက်မှာ အယ်လ်မီရီယာကိုရှုံးပြီး ဗီလာရီးယဲလ်နဲ့သရေ
သာ ကစားထားနိုင် တာ တွေ့ရတယ်။

ဆီဗီလာကတော့ နှစ်သစ် ပွဲဦးနှစ်ပွဲစလုံးကို အနိုင်ကစားထားနိုင်ခဲ့လို့ ဗလန်စီယာကိုကျော်ပြီး
အဆင့်(၄)နေရာကိုတောင် ယူထားနိုင်ခဲ့တယ်။ ဒါကြောင့် လတ်တလော အနေအထားတွေကို
ယှဉ်ကြည့် မယ်ဆိုရင်တော့ ဆီဗီလာက အိမ်ကွင်း အခွင့် အရေးရော ခြေစွမ်းတည်ငြိမ်မှုအပိုင်း
မှာပါ မာလာဂါထက် ပိုမှန်နေတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ မာလာဂါကို လျှော့တွက်လို့ မရတာ
က မာလာဂါဟာ အသင်းကြီးတွေနဲ့တွေ့ရင် ကစားပုံပိုပြီး ဂရုတစိုက်ရှိတတ်တဲ့ အချက်ပါပဲ။

ရာသီအစမှာ အထနှေးခဲ့တဲ့ မာလာဂါဟာ နောက်ပိုင်းမှာတော့ တောက်လျှောက် ခြေမှန် ပြနိုင်ခဲ့ပြီး
အမှတ်တွေပြန်ယူနိုင်ခဲ့လို့ အခုလို ထိပ်ပိုင်းကို ပြန်တိုးဝင်လာနိုင်တာပဲ ဖြစ်တယ်။ အသင်းကစားပုံ
ကလည်း ခံစစ်ကို စနစ်တကျ ကစားပြီး နောက်ပိုင်းမှာ တိုက်စစ်ပိုင်းကပါ တိုးတက်မှုရှိလာတာ
တွေ့ရတယ်။ အသင်းမှာ လည်း စပိန်လူငယ်ခြေတက် ကစားသမား လေးတွေဖြစ်တဲ့ ကမာချိုတို့လို
ကစားသမား တွေကို ဒူဒါတို့လို ၀ါရင့်ကစားသမားတွေနဲ့ အချိုးကျ ပေါင်းစပ်ထားနိုင်လို့ အသင်း
ကစားပုံက စုစည်းမှုရှိသလို လျင်မြန်မှုလည်း အားကောင်းတယ်။ ဆီဗီလာကတော့ လာလီဂါရဲ့
၀ါရင့်နည်းပြ တစ်ဦးလို့ပြောနိုင်တဲ့ အမ်မရီရဲ့လက်ထဲမှာ ဒီရာသီကစားပုံ ပိုပြီးအသားကျလာနေ
တယ် လို့ ပြောနိုင်တယ်။ အသင်းမှာ နာဗာရိုး၊ ရေးယက်စ်တို့လို ၀ါရင့်ကစားသမားတွေက ထိန်း
ပေးထားပြီး လူငယ်ကစားသမားတွေနဲ့ ၀န်းရံကစားစေတဲ့ ဆီဗီလာရဲ့ကစားပုံက ခပ်မှန်မှန်နဲ့ ဂိုး
မပေးရဖို့ အရင်ထိန်းကစား ပြီးမှ တိုက်စစ်က ဂိုးရဖို့ ထိရောက်တဲ့ ထိုးဖောက်မှုမျိုးတွေ လုပ်လာ
တတ်တယ်။

အခုနောက်ပိုင်း ပွဲတွေမှာ ဆီဗီလာရဲ့ ခံစစ်ပိုင်း က ပိုတည်ငြိမ်လာနေတာ တွေ့ရတယ်။ နှစ်သင်း
စလုံးကလည်း ဒီပွဲမကစားမီ ကိုပါ ဒယ်ရေးပွဲ ကစားထားရတာချင်းကလည်း တူနေလို့ ပွဲပန်းမှုက
အတူတူပဲ ပြောလို့ရပေမယ့် မာလာဂါက အဝေးကွင်းမှာ လာကစားရတဲ့ အပြင် မာလာဂါရဲ့ အဝေး
ကွင်းပွဲတွေမှာ ခံစစ် က ဂိုးပေးရနှုန်းများနေတဲ့ အချက်က အခုပွဲ မှာ ဆီဗီလာအနေနဲ့ ဂိုးရနိုင်မယ့်
အနေအထား မှာ မာလာဂါထက်သာနေတယ်လို့ထင်တယ်။ ဆီဗီလာကိုပဲ ရွေးထားရမယ့်ပွဲမျိုးလို့
ထင်တယ်။ ဂိုးတော့နည်းသွားနိုင်တယ်။

အခြားပွဲစဉ်များ
(စနေ၊ နံနက် ၂း၁၅) ကော်ဒိုဘာ - အီဘာ
(စနေ၊ ည ၉း၃၀) ဆိုစီဒက် - ရာယို
(စနေ၊ ည ၁၁း၃၀) ဗလင်စီယာ - အယ်လ်မီရီယာ
(တနင်္ဂနွေ၊ နံနက် ၁း၃၀) ဗီလာရီးယဲလ် - ဘီလ်ဘာအို
(တနင်္ဂနွေ၊ နံနက် ၃း၃၀) အက်စ်ပန်ညို - ဆယ်လ်တာ
(တနင်္ဂနွေ၊ ညနေ ၅း၃၀) ဂီတာဖေး - ရီးယဲလ်
(တနင်္ဂနွေ၊ ည ၁၀း၃၀) အလက်တီကို - ဂရန်နာဒါ
(တနင်္လာ၊ နံနက် ၀၀း၃၀) ဒီပို့တီဗို - ဘာစီလိုနာ
(တနင်္လာ၊ နံနက် ၂း၃၀) အယ်လ်ချီ - လီဗန်တေး



ဖတ်ရှုမှုအများဆုံး