ဇူးရစ် - ၂၀၁၄ ခုနှစ်အတွက် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု
Ballon d'Or ချီးမြှင့်ပွဲအခမ်းအနားကို ပြီးခဲ့ သည့် တနင်္လာနေ့က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင်
ကျင်းပခဲ့ရာ ပေါ်တူဂီနှင့် ရီးယဲလ် မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ရရှိသွားခဲ့သည်။
ယင်းဆုအတွက် တစ်ကမ္ဘာလုံးက လက်ရွေး စင်အသင်းများ၏ နည်းပြများနှင့် အသင်း ခေါင်းဆောင်
တို့က မဲပေးရွေးချယ်ခဲ့ရာ စီရော်နယ်လ်ဒိုက စုစုပေါင်းမဲအရေအတွက် ၃၇ ဒသမ ၆၆ ရာခိုင်နှုန်းဖြင့်
ပြိုင်ဘက်များ ဖြစ်သည့် မက်ဆီနှင့် နူအာတို့ကို ကျော်ဖြတ်ရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယဆုကို မက်ဆီ
က မဲအရေအတွက် ၁၅ ဒသမ ရ၆ ရာခိုင်နှုန်းဖြင့် ရရှိခဲ့ပြီး တတိယဆုကို ဘိုင်ယန်ဂိုးသမား နူအာ
၁၅ ဒသမ ရ၂ ဖြင့် ရရှိခဲ့သည်။
စီရော်နယ်လ်ဒိုသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂၀၀၈၊ ၂၀၁၃ ခုနှစ်များ ကလည်း
ရရှိခဲ့ဖူးပြီး ယခုတစ်ကြိမ်ရရှိခြင်း သည် ၎င်းအတွက် တတိယအကြိမ်မြောက် ဖြစ်သည်။ ရော်လ်
နယ်ဒိုက "ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေဇူးတင်ပါတယ်။ ဒါ့ပြင် ကျွန်တော့်
အသင်းဥက္ကဋ္ဌ၊ နည်းပြနဲ့ ရီးယဲလ်တစ်သင်းလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက်
တော့ မမေ့နိုင် တဲ့နှစ်တစ်နှစ်ပါပဲ။ ပြိုင်ဘက်တွေကြားထဲက နောက်ဆုံးတော့ ကျွန်တော်ဒီဆုကို
ရယူနိုင်ခဲ့ပါပြီ"ဟု ပြောကြားသွားခဲ့သည်။
တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးဆု ကို ၀ုဖ်ဘတ်အသင်းနှင့် ဂျာမနီလက်ရွေးစင်ကွင်းလယ်လူ
နာဒင် ကက်စ်လာက ဘရာဇီးလ် က မာတာနှင့် အမေရိကန်က အဘေဝမ်ဘက်ရှ် တို့ကို ကျော်
ဖြတ်ရယူနိုင်ခဲ့သည်။
ကက်စ်လာက "အခုချိန်မှာ ကျွန်မရင်ခုန်သံ တွေ အရမ်းမြန်နေပါတယ်။ ကျွန်မဘဝမှာ အခုဆို
ဆုမျိုးရရှိမယ်လို့ တစ်ခါမှ ထင်မထားခဲ့ပါဘူး။ ကျွန်မရဲ့အသင်းဖော်တွေနဲ့ နည်းပြကြောင့်သာ
မဟုတ်ရင် ဒီလိုဆုမျိုး ရနိုင်မှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)














