ရိုးမား၏ ဖိအားပေးခြင်းမှ လွတ်မြောက်ဖို့ ဒီပွဲမှာ ဂျူဗီတို့ အနိုင်ယူသွားလိမ့်ဦးမည်

ရိုးမား၏ ဖိအားပေးခြင်းမှ လွတ်မြောက်ဖို့ ဒီပွဲမှာ ဂျူဗီတို့ အနိုင်ယူသွားလိမ့်ဦးမည်

ဂျူဗင်တပ် - ဗီရိုနာ (အင်္ဂါ၊ နံနက် ၂း၁၅)
၂၀၁၅ ခုနှစ် စီးရီးအေပွဲစဉ်များ ပြန်လည် စတင်သောအခါတွင် ဂျူဗင်တပ်သည် ပွဲကျပ်နှစ်ပွဲ ဆက်
တိုက်ကစားလိုက်ရသည်။ ဇန်နဝါရီ ၆ ရက်တွင် အင်တာမီလန်နှင့် အိမ်ကွင်း၌ ၁-၁ သရေကျပြီး
ဇန်နဝါရီ ၁၁ ရက်တွင် နာပိုလီကွင်း၌ ၃-၁ ဖြင့် နိုင်သည်။

ထိုနှစ်ပွဲစလုံးတွင် ဂျူဗင်တပ်နည်းပြ အယ်လီဂရီသည် ညာတောင်ပံခံစစ်နေရာ တွင် ကာဆီရက်နှင့်
လစ်ချ်စတိန်တို့ကို လဲလှယ်သုံးစွဲခဲ့သည်မှလွဲပြီး ကျန်ကစား သမားအားလုံးကို အပြောင်းအလဲမပြု
လုပ် ဘဲ ပွဲထုတ်သွားသည်ကို တွေ့ရသည်။

တိုက်စစ်တွင် ၀ါရင့်ကစားသမားများ ဖြစ်သောတေဗက်ဇ်၊ လော်ရန်တေးတို့ကို ထည့်သွင်းပြီး ချီလီ
ကွင်းလယ်ဖန်တီးရှင် ဗီဒယ်ကို စူပောေုနမ နေရာသို့ ပြောင်းရွှေ့ နေရာချသည်။ အီတလီကွင်းလယ်
လူများ ဖြစ်သော မာချီစီယိုနှင့် ပီယာလိုတို့ကို ခံစစ် ဘက်သို့ အနည်းငယ်အားပြုစေကာ အသင်း
ကို'ထိန်း'သောဘက်သို့ ပို၍ တာဝန်ယူစေခဲ့ သည်။ ကစားအား၊ ပြေးအား၊ ပါ၀ါရှိသော ပြင်သစ်
လက်ရွေးစင် ပေါ့ဂ်ဘာကို ကွင်းလယ် တွင် ဖြန့်ကြက်လှုပ်ရှားစေသောကြောင့် ယေဘုယျအားဖြင့်
နည်းပရိယာယ်ပိုင်းတွင် အပြောင်းအလဲ ပြုလုပ်လာသည်ကို တွေ့ရသည်။ ၄-၃-၃ ကစားကွက်ကို
ဦးတည်လာ သော ဂျူဗင်တပ်တွင် တိုက်စစ်မှူးများသည် ကွင်းလယ်နှင့် စုဖွဲ့ချိတ်ဆက်သော ကစား
ဟန်ကို ပိုမိုအသုံးပြုလာသည်။

ပြိုင်ဘက် နောက်တန်းက လူကပ်ကစားလျှင်၊ သို့တည်း မဟုတ် စုဖွဲ့ရွေ့လျားမှု ကျစ်လျစ်သိပ်သည်း
လျှင် ဂျူဗင်တပ်တိုက်စစ်မှူးများသည် ကွင်းလယ်ကစားသမားများနှင့် တွဲဖက်ကာ ဂိုးသွင်းခွင့်များ၊ နေ
ရာလွတ်များ ရရှိရေး ဘက်သို့ ပို၍ အာရုံစိုက်လာကြသည်။ ၄-၃-၃ ကစားကွက် သဘာဝနှင့် ထည့်
သွင်း သုံးစွဲသော ဘောလုံးသမားများ၏ 'ကစားပေါက်'များအရ ဂျူဗင်တပ်၏ တောင်ပံတိုက်စစ်လျော့
ကျသွားပြီး တောင်ပံ ခံစစ်သမားများက သလနမူစေ လုပ်ပေးခြင်း အားဖြင့် 'ကျားကန်'ပေးထားရ
သည်။

နာပိုလီနှင့်ပွဲတွင် တောင်ပံတိုက်စစ်ကောင်း သော နာပိုလီက ်ူညေုအေအခေု တွင် အသာစီး ရယူ
နိုင်သည်ကို တွေ့ရသည်။ သို့ရာတွင် 'အလယ်အူကြော' က ထိုးဖောက်ရာတွင် 'ပိရိ' သောကြောင့်
သာ ဂျူဗင်တပ်တို့ အနိုင်ရ သွားခြင်း ဖြစ်သည်။ သို့ရာတွင် ကစားကွက်နှင့် နည်းပရိ ယာယ်ပိုင်း
ပြုပြင်ပြောင်းလဲမှုကြောင့် ဂျူဗင်တပ်ခံစစ်ကြောင်း တောင့်တင်း ကျစ်လျစ်မှု အနည်းငယ် လျော့ကျသွား
သည်။ အထူးသဖြင့် ကွင်းလယ်ခံစစ်ကစားပုံ အနည်းငယ် ကျဆင်းသွားသော ကြောင့် နောက်ခံလူ
များသည် ဖိအား ပိုများလာသည်ကို တွေ့ရသည်။ တစ်ဖက်က လည်း အင်တာမီလန်၊ နာပိုလီတို့
သည် တိုက်စစ်အား ကောင်းမွန်သောကြောင့် ဂျူဗင်တပ်ခံစစ်သမားများ ပို၍ပျာယာခတ် ခဲ့ကြရသည်။

တစ်ဖက်တွင် ဗီရိုနာသည် တောက် လျှောက်ခြေကျနေရာမှ ၂၀၁၅ ခုနှစ်တွင် ခြေစွမ်းပြန်လည်
ဦးမော့လာသည်ကို တွေ့ရသည်။ အမ်ပိုလီနှင့် ဂိုးမရှိသရေကျပြီး ပါးမားကို ၃-၁ ဖြင့် နိုင်ခဲ့ရာတွင်
ယခင် ကလို တိုက်စစ်ကို 'ဖွင့်'ကစားခြင်း မရှိတော့ ဘဲ ခံစစ်အားပြုကာ တန်ပြန်တိုက်စစ်ဖြင့်
'ချောင်း'ကစားသော နည်းပရိယာယ်ကို ပိုမို အသုံးပြုလာသည်။ တိုက်စစ်တွင် ၀ါရင့်ကစားသမား
များဖြစ်သော လူကာတိုနီနှင့် ဆာဗီယိုလာတို့ကို ပွဲထုတ်ပြီး ကွင်းလယ်နှင့် နောက်တန်းတွင် ဂရိ
လက် ရွေးစင်များကို ပိုမိုထည့်သွင်းအသုံးပြု ခဲ့သည်။

ဗီရိုနာနည်းပြ မန်ဒိုလီနီသည် ပြိုင်ဘက် အနေအထားပေါ်တွင် မူတည်ကာ သုံးယောက်ခံစစ်နှင့်
လေးယောက်ခံစစ်ပုံစံ ကို ပြောင်းလဲသုံးစွဲသောကြောင့် ကစား ကွက်၊ အခင်းအကျင်းများကို ရုတ်
တရက် မှန်းဆဖို့ခက်သည်။ သို့ရာတွင် သုံးယောက်တိုက်စစ်ပုံစံကို အသုံးပြုသောအခါ မာကျောပြီး
ရွေ့လျားလှုပ်ရှားမှုကောင်း သည့် ဂရိလက်ရွေးစင်များဖြင့် 'အထိုင်ချ' တတ်သည်။ ခြံုကြည့်လျှင်
ဂျူဗင်တပ်သည် ၄-၃-၃ ကစားကွက်ကို ပြောင်းလဲသုံးစွဲလာပြီး ကွင်းလယ်အခန်းကဏ္ဍ မြှင့်တင်
လာသော် လည်း စွမ်းဆောင်ရည်နှင့်တိုက်စစ်ပိုင်းများ သည် ကျဆင်းသွားခြင်း မရှိတာကို တွေ့ရ
သည်။

ဗီရိုနာသည်လည်း ခံစစ်ကို ပို၍ အာရုံ စိုက်လာသကဲ့သို့ ၀ါရင့် သမ္ဘာရင့်များဖြစ် သော လူကာတိုနီ၊
ဆာဗီယိုလာ၊ ရာဖေး မားကွက်ဇ်တို့ကို ထည့်သွင်းလာသည်။ သို့ရာတွင် ခံစစ်ပုံစံကိုပွဲကစားနေစဉ်
အတွင်း အပြောင်းအလဲလုပ်သည့်အခါ တိုက်စစ်မှာ ချက်ချင်း အသက်မဝင်ဘဲ အချိန်အတော်ယူရ
သည်ကို တွေ့ရသည်။သို့ကလိုကြောင့် တောင့်တင်းသည့် ဂျူဗင် တပ်နောက်တန်းကို အလွယ်
တကူ ထိုးဖောက် နိုင်ဖို့ ခက်လိမ့်မည်။ ဘက်စုံထောင့်စုံက တစ်ပန်းသာသော ဂျူဗင်တပ်သည်
စိတ်ဓာတ် နှင့် 'ညှစ်အား'ရှိသောကြောင့် ယခုပွဲတွင် ဂျူဗီကို ရွေးချယ်သင့်သည်။



ဖတ်ရှုမှုအများဆုံး