ရိုးမားတို့ နိုင်ပွဲ ပြန်ရှာတွေ့နိုင်မလား - အီတလီစီးရီးအေပွဲစဉ်(၁၉)

ရိုးမားတို့ နိုင်ပွဲ ပြန်ရှာတွေ့နိုင်မလား - အီတလီစီးရီးအေပွဲစဉ်(၁၉)

အမ်ပိုလီ - အင်တာမီလန် (စနေ၊ ည ၁၁း၃၀)
သရေပွဲတွေနဲ့ လုံးချာလိုက်နေရင်းမှ ဆမ်ဒိုးရီးယားကို အရေးနိမ့်ခဲ့တဲ့ အမ်ပိုလီဟာ
တိုက်စစ်ကောင်းတဲ့ အသင်းတွေကို ခံကစားနိုင်တဲ့ အနေအထားမှာမရှိဘူး။ အင်တာမီလန်
ကတော့ တိုက်စစ်သမားတွေဖြစ်တဲ့ ပိုဒေါစကီး၊ ရှာကီရီတို့ကို အားဖြည့်ထားတယ်။ နည်း
ပြသစ် မန်စီနီလက်ထက်မှာ အနည်းငယ် တည်ငြိမ်လာပြီဖြစ်လို့ တိုက်စစ်ထက်မြက်လာ
ဖွယ်ရှိတယ်။ အင်တာမီလန်ကို ရွေးချယ်သင့်တယ်။

ပါလာမို - ရိုးမား (တနင်္ဂနွေ၊ နံနက် ၂း၃၀)
တောက်လျှောက်ခြေတက်လာတဲ့ ပါလာမိုဟာ ဂိုးသွင်းနှုန်း သိသိသာသာ ကောင်းလာ
တယ်။ ပြီးခဲ့တဲ့ ငါးပွဲဆက်တိုက်မှာ ၁၅ ဂိုးသွင်းခဲ့လို့ တစ်ပွဲပျမ်းမျှ သုံးဂိုးနှုန်းရှိနေတယ်။
ရိုးမားကတော့ နောက်ပိုင်းပွဲတွေမှာ အိမ်ကွင်းသရေကျပြီး အဝေးကွင်း အနိုင်ရအောင်
လိုက်ညှစ်နေတာ တွေ့ရတယ်။ ပါလာမိုတိုက်စစ်ကို လျှော့မတွက်ရဲပေမယ့် ခံစစ်ကြောင်း
က အသင်းကြီးတွေကို ကြံ့ကြံ့ခံနိုင်စွမ်းမရှိသေးလို့ ရိုးမားကိုပဲ ရွေးချယ်သင့်တယ်။

လာဇီယို - နာပိုလီ (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
ဆက်တိုက် ပွဲကျပ်တွေ ဆက်နေတဲ့ လာဇီယိုဟာ ၂၀၁၅ ခုနှစ်ထဲမှာ ဆမ်းဒိုးရီးယားကို
၃-၀ နဲ့နိုင်ပြီး ရိုးမားကို ၂-၂ သရေကျလိုက်လို့ 'ရစ်သမ်မိနေတယ်လို့ ဆိုရမယ်။ နာပိုလီ
ကလည်း တောင်ပံတိုက်စစ်ကောင်းပြီး အဝေးကွင်းမှာ ခြေစွမ်းပိုထက်နေတယ်။ ဟီဂူအင်၊
ကယ်လီဂျွန်၊ ဟမ်ဆစ်တို့ ပါ၀င်နေလို့ တိုက်စစ်ပိုင်းမှာ နာပိုလီ တစ်ပန်းသာပေမယ့် ကွင်း
လယ် ကစားကွက်နဲ့ ကျစ်လျစ်မှုအပိုင်းမှာ လာဇီယိုပိုကောင်းတယ်။ အိမ်ရှင်အားသာချက်
လည်းရှိလို့ လာဇီယိုနိုင်ခြေရှိတယ်။

ဆီစီနာ - တိုရီနို (တနင်္ဂနွေ၊ ည ၈း၃၀)
အမှတ်ပေးဇယား အောက်ဆုံးရောက်နေတဲ့ ဆီစီနာဟာ တိုက်စစ်အားတော့ ရှိပေမယ့်
နောက်တန်း 'ပွင့်' နေတယ်။ ပြီးခဲ့တဲ့ ငါးပွဲဆက်တိုက်မှာ ၁၃ ဂိုး အသွင်းခံထားရလို့ တစ်ပွဲ
ပျမ်းမျှ ပေးဂိုး ၂ ဒသမ ၆ ဂိုးနှုန်း ရှိနေတယ်။ တိုရီနိုကတော့ အသင်းလိုက် ကျစ်လျစ်ပြီး
စုဖွဲ့မှု၊ ကစားကွက်ဖော်ဆောင်မှုတွေ ကောင်းတယ်။ တစ်ဦးချင်းကောင်းသူတွေလည်းရှိ
လို့ တိုရီနိုကို ပိုကြိုက်တယ်။

ချီယေဗို - ဖီအိုရင်တီးနား (တနင်္ဂနွေ၊ ည ၈း၃၀)
ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက်မှာ တစ်ဂိုးပဲအသွင်းခံရတဲ့ ချီယေဗိုခံစစ်ကြောင်းကို လျှော့တွက်
လို့ မရဘူး။ ဖီအိုရင်တီးနားက ပါလာမိုကို ၄-၃ နဲ့နိုင်တဲ့ပွဲမှာ တိုက်စစ်ကစားပုံ ကောင်းပေ
မယ့် စုဖွဲ့မှုနဲ့ ကျစ်လျစ်မှု လျော့ရဲပြီး နောက်တန်းစိတ်မချရဘူး။ ချီယေဗိုတို့ 'သရေမျှော်'
ကစားသွားနိုင်တယ်။

ဂျီနိုအာ - ဆက်စူလို (တနင်္ဂနွေ၊ ည ၈း၃၀)
လေးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားရာမှာ ရှစ်ဂိုးသွင်းခံလိုက်ရတဲ့ ဂျီနိုအာနောက်တန်းကို
စိတ်ချလို့မရဘူး။ ဒါပေမဲ့ သမ္ဘာရှိသူတွေများပြီး ကစားအား၊ ညှစ်အားရှိတယ်။ ဆက်စူလို
ကလည်း ပြီးခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ အေစီမီလန်ကိုတောင် နိုင်ထားလို့ လျှော့တွက်လို့
မရဘူး။ အီတလီကစားသမားတွေနဲ့ အဓိက စုဖွဲ့ထားလို့ လူညီပြီး စိတ်ဓာတ်ကောင်းတယ်။
ဂျီနိုအာ နိုင်ခြေခပ်ပါးပါး ရှိပေမယ့် အားစိုက်ကစားရဖွယ်ရှိတယ်။

အေစီမီလန် - အတ္တလန္တာ (တနင်္ဂနွေ၊ ည ၈း၃၀)
၂၀၁၅ ထဲမှာ ဆက်စူလိုကို ရှုံးပြီး တိုရီနိုကို သရေကျထားတဲ့ အေစီမီလန်ခြေစွမ်းက အကျ
ဘက်ကို ရောက်နေတယ်။ ကစားကွက်ပျက်ပြီး အချိတ်အဆက်မမိဘူး။ အတ္တလန္တာ လည်း
သုံးပွဲဆက်တိုက်သရေကျထားပေမယ့် ဂိုးသွင်းအားတော့ ရှိတယ်။ တိုက်စစ်မှာ ၀ါရင့် ကစား
သမားတွေ ပါ၀င်နေလို့ အတ္တလန္တာရှေ့တန်းကို လျှော့မတွက်သင့်ဘူး။ အေစီမီလန် နိုင်ဖို့
ခက်တယ်။

ပါးမား - ဆမ်ဒိုးရီးယား (တနင်္ဂနွေ၊ ည ၈း၃၀)
ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဖီအိုရင်တီးနားကို ၁-၀ နဲ့နိုင်ထားလို့ ပါးမားရဲ့ အိမ်ကွင်းခြေစွမ်း
ပြန်တက်လာမယ်လို့ ယူဆရတယ်။ ဆမ်ဒိုးရီးယားကတော့ မာကျောတဲ့အသင်းဖြစ်ပေမယ့်
ပြီးခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ လာဇီယိုကို သုံးဂိုးပြတ် ရှုံးထားတယ်။ ပါးမားဘက်က အရဲစွန့်
သင့်တယ်။

ယူဒီးနိစ် - ကက်ဂလီယာရီ (တနင်္ဂနွေ၊ ည ၈း၃၀)
အဝေးကွင်းတွေမှာ အနိုင်သို့မဟုတ် သရေကစားတဲ့ ယူဒီးနိစ်ဟာ အိမ်ကွင်းရောက်ရင်
ရှုံးနေတာ ဖော်မြူလာတစ်ခုလို ဖြစ်နေတယ်။ ကက်ဂလီယာရီကတော့ နည်းပြ ဇိုလာလက်
ထဲမှာ ကစားအားရော၊ စိတ်ဓာတ်ပါ တိုးတက်လာတယ်။ ဆီစီနာနဲ့ပွဲမှာ နိုင်ခဲ့လို့ စိတ်အား
တက်ကြွလာနိုင်တယ်။ ကက်ဂလီယာရီဘက်က အရဲစွန့်သင့်တယ်။



ဖတ်ရှုမှုအများဆုံး