ဘောလုံးနဲ့ပတ်သက်ရင် သမိုင်းမှတ်တမ်းတွေ ကို အသာထား အင်္ဂလန်ကို ဘောလုံးဘိုး
အေ လို့ သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ အင်္ဂလန် ဟာ ၁၉၆၆ သူ့နိုင်ငံမှာ အိမ်ရှင်လုပ်ခဲ့တဲ့
ဖီဖာ ကမ္ဘာ့ဖလားပွဲ၊ နောက် ၁၉၉၆ သူ့နိုင်ငံမှာပဲ အိမ်ရှင်လုပ်ခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်
နယ် အထိရောက်ပြီး ကမ္ဘာ့ဖလားတစ်ကြိမ်ရတာ ကလွဲလို့ ဘာမှထူးထူးခြားခြားစွမ်းဆောင်
နိုင် ခဲ့ခြင်းမရှိပါဘူး။
နောက်ပိုင်း ကွာတားဖိုင်နယ် အဆင့်ကနေ ထွက်ရလို့ ကွာတားအင်္ဂလန် လို့တောင် ပြော
စမှတ်ပြုခဲ့ရပါတယ်။ ဆွီဒင်သား အဲရစ်ဆင်၊ နောက် မက္ကလာရင်၊ အခု ရွိုင်းဟော့ဒ်ဆန်တို့
လက်ထက်အထိ အင်္ဂလန်ဟာ တုန်ခါသွားလုမတတ် ဘာမှ လုပ်မပြနိုင်ခဲ့ပါဘူး။ ဒါဟာ
တကယ့်ပကတိ အရှိတရားဖြစ်ပါတယ်။
ရစ်ချတ်စကူဒါမိုး၏ ၀န်ခံချက် ကဲ...ကြည့်လိုက်စမ်းပါဦးဗျာ။ 'စတီဗင် ဂရင်း'ရဲ့ ပြီးခဲ့တဲ့
ဒီဇင်ဘာ ၃၀ ရေးသား မှုတွေအရ ပရီမီယာလိဂ်ရဲ့ အမှုဆောင် အရာရှိချုပ် ရစ်ချတ်စကူ
ဒါမိုးက ပရီမီယာ လိဂ်ရဲ့ လူငယ်စီမံကိန်းဟာ ဂျာမန်ဘွန်ဒက်စ် လီဂါရဲ့နောက်မှာ မိုင်တိုင်
ပေါင်းများစွာ ပြတ်ကျန်နေခဲ့ပြီလို့ ၀န်ခံလိုက်တာပါပဲ။ ဘယ်လောက်များ ပြင်းထန်တဲ့ တုန်
လှုပ်မှု တစ်ရပ်ပါလဲ။ ဒါဟာ ပရီမီယာလိဂ်ချစ်သူတွေ အကြား ဗုံးတစ်လုံး ပေါက်ကွဲသလို
ဖြစ်သွား စေမယ့် သတင်းတစ်ရပ်ဖြစ်ပေမယ့် ဒီအထဲ ကနေ အင်္ဂလန်အက်ဖ်အေ၊ စီးပွား
ရေးသမား တွေနဲ့ ရစ်ချတ်စကူဒါမိုးတို့လို၊ ဒေးဗစ်ဂီးလ် တို့လို ပုဂ္ဂိုလ်တွေအနေနဲ့ သင်ခန်း
စာယူ အဖြေရှာပြီး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဖို့ လိုအပ်ပါတယ်။
စကူဒါမိုးက ဆက်ပြောပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းကြီးအတွက် ဘွန်ဒက်စ်
လီဂါကပေးတဲ့ သင်ခန်းစာတွေကို မဖြစ်မနေ သင်ယူဖို့ လိုအပ်တယ်လို့ ပြောသွားခဲ့ပါ
တယ်။ သူပြောတဲ့အချက်ထဲမှာ ဂျာမနီရဲ့ လူငယ် ကစားသမားတွေဟာ ၂၀၀၁ ခုနှစ်က
တည်းက စပြီး တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာခဲ့ကာ အင်္ဂလန်ပရီမီယာလိဂ် အစီအစဉ်တွေ
က နောက်ကျကျန်နေခဲ့တယ်လို့ ၀န်ခံလိုက်တာ ပါပဲ။ အင်္ဂလန်ဟာ လက်ရွေးစင်အသင်း
ကြီး အနေအထားနဲ့ ၂၀၀၁ စက်တင်ဘာ ၂ ရက်မှာ ဂျာမနီမြေပေါ် ၁-၅ နဲ့ နိုင်ခဲ့တာကလွဲ
လို့ ဘာမှကြီးကြီးမားမား လုပ်မပြနိုင်ခဲ့ဘူး။
စကူဒါမိုးက ချီးကျူးခြင်း သူက ဂျာမန်ဘွန်ဒက်စ်လီဂါဟာ လူငယ် ဖွံ့ဖြိုးမှုစီမံကိန်းကို ၂၀၀၁
ကတည်းက သေသေချာချာ ဖွံ့ဖြိုးအောင်လုပ်ခဲ့တာပဲလို့ ချီးကျူးပါတယ်။ ဂျာမနီအသင်းဟာ
ယူရို ၂၀၀၀ မှာ စိတ်ပျက်ဖွယ်ရာအနေအထား တွေနဲ့ ကြံုတွေ့ခဲ့ရပြီးတဲ့နောက် ဂျာမန်
အက်ဖ်အေဟာ ကလပ်အသင်းတွေနဲ့အတူ ပူးပေါင်းပြီး ဒီကိစ္စကို အဖြေရှာခဲ့ပါတယ်။
ပြီးတော့ သူတို့ဟာ လူငယ်စီမံကိန်းကို ကျကျ နန အကောင်အထည်ဖော် ဆောင်ရွက်ခဲ့
တယ်။ သူက အဲဒီလိုချိတ်ဆက်ဆောင်ရွက်မှုတွေ နဲ့ပတ်သက်ပြီး ပါရမီရှင်လူငယ်ကစား
သမား တွေဖြစ်တဲ့ ဖိလစ်လမ်း၊ ရှဝိန်းစတိုင်ဂါ၊ မာကို ရူးစ်၊ ရှုရယ်လ်၊ ဂေါ့ဇီ၊ တိုနီခရူးစ်
တို့ကို နမူနာ ပေးခဲ့တယ်။ စကူဒါမိုးကတော့ ဒီဘွန်ဒက်စ် လီဂါရဲ့ လူငယ်စီမံကိန်းကို
လေ့လာပြီး ပရီမီ ယာလိဂ်ကို ပုံသဏ္ဌာန်ပြောင်းမယ်လို့ ထင်ရ တာပဲ။
ဂျာမန်တွေရဲ့ ဖွံ့ဖြိုးမှုစည်း စတူးဝပ်ဂျိမ်းစ် တင်ပြထားတဲ့ အလိုအရ ဆိုရင်တော့ မားသီး
ယပ်စ်ဆမ်းမားရဲ့နေရာကို အစားထိုးပြီးတဲ့နောက် ဂျာမနီဘောလုံး လောကဟာ တဖြည်း
ဖြည်းဖွံ့ဖြိုးတိုးတက်လာ ခဲ့တယ်လို့ ဆိုတာပဲ။ သူတို့သတ်မှတ်တာက ယူရို ၂၀၀၀ မှာသာ
သူတို့စိတ်ပျက်ဖွယ်ရာတွေ မဖြစ်ခဲ့ရင် ဒီလိုအောင်မြင်မှုတွေမရနိုင်ဘူးလို့ ထင်နေကြတယ်။
ဂျာမနီရဲ့ လက်ရှိနည်းပြ ဂျိုအာချင်လိုဟာ လတ်ဆတ်တဲ့သစ်သီးတွေကို စားသုံးခွင့်ရခဲ့တယ်
လို့ သူတို့က ထင်မှတ်ကြတယ်။ လူငယ် သွေးသစ်တွေအများအပြားက ဂျိုအာချင်လို ကို
လက်ဆောင်ပေးခဲ့ကြတယ်လို့ ယူဆတာ ပေါ့။ ဒရက်စလာ၊ ရှုရယ်၊ ဘန်ဒါ၊ သောမတ်စ်
မူလာ၊ ဘက်စ်စတူဘာ၊ ဟမ်းမဲလ်၊ အိုဇေးလ်၊ ဂန်ဒိုဂန်၊ ဂေါ့ဇီ၊ မာကိုရူးစ်၊ တိုနီခရူးစ်တို့ဟာ
ဒီလူငယ်စီမံကိန်းသစ်ကနေ ပေါ်ထွက်လာတဲ့ ကစားသမားကောင်းတွေပါပဲ။
ခြံုငုံသုံးသပ်ချက် ဂျာမနီလက်ရွေးစင်လူငယ်တွေရဲ့ ပျမ်းမျှ အသက်ဟာ ၂၄ ဒသမ ရ နှစ်
သာရှိတယ်။ သူတို့ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါနဲ့ ဒုတိယ ဘွန်ဒက်စ်လီဂါကလပ် ၃၆ သင်း
စလုံးကို လူငယ်အကယ်ဒမီက ကစားသမားတွေကို တင်ပို့တယ်။ တောင်အာဖရိကမှာ
လုပ်သွားတဲ့ ကမ္ဘာ့ဖလား ၂၃ ယောက်စာရင်းမှာ လူငယ် အကယ်ဒမီက ကစားသမားတွေ
ချည်းဖြစ်ပြီး ဘွန်ဒက်စ်လီဂါအကယ်ဒမီက ၁၉ ယောက် ပါခဲ့တယ်။ လေးယောက်သာ
ဘွန်ဒက်စ်လီဂါ ဒုတိယတန်းက ပါခဲ့တာဖြစ်တယ်။ ဒါကြောင့် စကူဒါမိုးက ပရီမီယာလိဂ်
ဟာ ဘွန်ဒက်စ်လီဂါ ရဲ့နောက်မှာ ကျန်ခဲ့ပြီလို့ ၀န်ခံလိုက်တာ ဖြစ်ခြေရှိတယ်လို့ ထင်မှတ်
စရာဖြစ်တယ်။
အင်္ဂလန်မှာကတော့ ဒီလိုမဟုတ်ဘူး။ ကလပ်အသင်းတစ်သင်းဟာ တစ်ရာသီမှာ အနိမ့်ဆုံး
ယူရို ၉၅ သန်း သုံးနေရတယ်။ ကိုးနှစ်နဲ့ ၁၆ နှစ်သားအရွယ်ရှိတဲ့ လူငယ် (ကလေး)တစ်
သောင်းမှ တစ်ရာခိုင်နှုန်းပဲ အင်္ဂလိပ်အကယ်ဒမီကို ရောက်ရှိနိုင်တယ်။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ဖို့ ကိုးယောက်သာ အခွင့်အရေးရှိတယ်။ ဒါကို
၁၉၉၇ မှာ ဟောင်းဝပ်ဝီလ်ကင်ဆန်က ထောက်ပြခဲ့တယ်။ ပြီးခဲ့တဲ့တစ်ပတ်ကတော့
ရစ်ချတ်ကာဘွန်း က ပြောတယ်။ သူက အင်္ဂလန်ရဲ့အားကစား ၀န်ကြီးဟောင်းပါ။
မှတ်သားစရာကောင်းပါ တယ်။ "ကျွန်တော်တို့အားလုံး ပြုပြင်ပြောင်းလဲ မှုကို မလုပ်နိုင်
ခဲ့ကြဘူးဆိုရင်၊ ပြဿနာရဲ့ ရေသောက်မြစ်ကို မရှာဖွေနိုင်ခဲ့ဘူးဆိုရင် အင်္ဂလန်ဘောလုံး
လောကနဲ့ ပရီမီယာလိဂ်မှာ လူငယ် အင်္ဂလန်ကစားသမားတွေဟာ ဖွံ့ဖြိုး တိုးတက်မှု
ရှိလာမှာ မဟုတ်ဘူး"ဆိုတဲ့ မှတ်ချက် ဖြစ်ပါတယ်။
ကိုယ့်ရဲ့အားကစားကမ္ဘာကို လွှမ်းချင်ရင် တော့ ပြည်ပကစားသမားတွေကို အားမကိုး ဘဲ
လူငယ်စီမံကိန်းကိုသာ အားပြုလုပ်ဆောင် စေသင့်တယ်ဆိုတာ ဖော်ပြနေတာပါပဲ။














