ရိုးမ - ရန်ကုန် မာရသွန်ပြိုင်ပွဲ ကျင်းပပြီးစီး

ရိုးမ - ရန်ကုန် မာရသွန်ပြိုင်ပွဲ ကျင်းပပြီးစီး

First Myanmar Investment (FMI) နှင့် ရန်ကုန်စည်ပင်သာယာကော်မတီ (FMI)
တို့ ပူးပေါင်းစီစဉ်ကျင်းပသော တတိယအကြိမ်မြောက် ရိုးမဪရန်ကုန် အပြည်ပြည်
ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ
ကင်ညာနိုင်ငံသား Mr.Joseh Gitau Kariuki က သုံးနှစ် ဆက် ချန်ပီယံဘွဲ့ကိုရယူနိုင်
ခဲ့သည်။

အဆိုပါ ၂၀၁၅ ခုနှစ် ရိုးမဪရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကြီးတွင်
မာရသွန် (၄၂ ကီလိုမီတာ)၊ တစ်ဝက်မာရသွန်(၂၁ ကီလိုမီတာ)၊ ၁၀ ကီလိုမီတာ၊ အပျော်
တမ်းအပြေးပြိုင်ပွဲအမျိုးအစားများပါ၀င်ခဲ့ပြီး ပြိုင်ပွဲဝင်အပြေးသမားစုစုပေါင်း ၄,၁၀၀ ကျော်
ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသား ၄၂ ကီလိုမီတာ မာရသွန် ပြိုင်ပွဲတွင် ကင်ညာအပြေးမယ် Joseph Gitau Kariuk
က ၂ နာရီ၊ ၂၂ မိနစ်၊ ၄၆ စက္ကန့်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပြီး အမျိုးသမီး ၄၂ ကီလိုမီတာပြိုင်ပွဲ
တွင် ကင်ညာအပြေးသမားMary Wangui Kiguru က ၂ နာရီ၊ ၄၈ မိနစ်၊ ၄ စက္ကန့်ဖြင့်
ပန်းဝင်ခဲ့ပြီး မြန်မာအပြေးမယ် မြင့်မြင့်အေး က ၂ နာရီ၊ ၅၉ မိနစ်၊ ရ စက္ကန့်ဖြင့် ဒုတိယ
ရရှိခဲ့သည်။

၂၁ ကီလိုမီတာ တစ်ဝက်မာရသွန် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာ မှ ညီညီအောင်
နှင့် နွေးနဒီစိုးတို့က တတိယဆုများကို ရရှိခဲ့ကြသည်။



ဖတ်ရှုမှုအများဆုံး