၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁) တွင် လက်ရှိချန်ပီယံ ရတနာပုံ အသင်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁) တွင် လက်ရှိချန်ပီယံ ရတနာပုံ အသင်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပ သော ၂၀၁၅ခုနှစ် မြန်မာနေရှင်နယ်လိဂ်
အမှတ်ပေးပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀၊ ၁၁ ရက်များတွင် ကျင်းပပြုလုပ်ခဲ့ရာ
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့က နိုင်ပွဲများ ကိုယ်စီ
ရရှိခဲ့ကြပြီး လက်ရှိချန်ပီယံ ရတနာပုံအသင်း သည် အိမ်ကွင်း၌ သရေရလဒ်ဖြင့်သာ
ကျေနပ် ခဲ့ရသည်။

ရန်ကုန် ယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ ရခိုင်ယူနိုက်တက်အသင်းကို ခြောက်ဂိုး-ဂိုး
မရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် အသစ်ခေါ်ယူထား
သော ပြည်တွင်း၊ ပြည်ပ ကစားသမားများနှင့် အသင်း၏ အမာခံကစားသမားများကို
တွဲဖက်ပွဲထုတ်ခဲ့ပြီး အကောင်းဆုံးကစားနိုင်ခဲ့ကာ ဂိုးပြတ်အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ချယ်ရတီဖလား ကို ပူပူနွေးနွေးရယူထားသော ဧရာဝတီ ယူနိုက်တက်အသင်းသည်
လည်း အဝေးကွင်း ၌ နေပြည်တော်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၁၄မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံရတနာပုံအသင်းသည် အိမ်ကွင်း ဗထူး၌
မကွေးအသင်းကို သရေသာ ကစား နိုင်ခဲ့သလို မနောမြေအသင်းနှင့် ကမ္ဘောဇ အသင်း
တို့၏ ပွဲစဉ်သည်လည်း တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ အောင်ဆန်းကွင်း၌ ယှဉ်
ပြိုင်ကစားခဲ့ သော ဇေယျာရွှေမြေအသင်းနှင့် ဇွဲကပင် ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်
သည် ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သလို ချင်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်
တက်အသင်းတို့၏ ပွဲစဉ်သည် တစ်ဖက်တစ်ဂိုးစီဖြင့် အမှတ်ခွဲယူခဲ့ကြသည်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁) အဖွင့်ပွဲစဉ်များအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက
အမှတ်ပေးဇယားကို ဦးဆောင် နေပြီး ဒုတိယနေရာတွင် ဧရာဝတီယူနိုက် တက်အသင်း
က ရပ်တည်နေသည်။ ပွဲစဉ် (၂)ကို လာမည့် ဇန်နဝါရီလ ၁၇၊ ၁၈ ရက် များတွင် ကျင်းပ
ပြုလုပ်သွားမည်ဖြစ်ပြီး ဇေယျာရွှေမြေနှင့် ကမ္ဘောဇ၊ ရန်ကုန် ယူနိုက်တက်နှင့်ဟံသာဝတီ၊
နေပြည်တော် နှင့် ရတနာပုံ စသည့် အသင်းကြီးအချင်းချင်း တွေ့ဆုံသည့်ပွဲများ ပါ၀င်
လျက်ရှိသည်။



ဖတ်ရှုမှုအများဆုံး