မြန်မာ ယူ-၂၀ ဥရောပနိုင်ငံများတွင် ခြေစမ်းပွဲများ ကစားမည်

မြန်မာ ယူ-၂၀ ဥရောပနိုင်ငံများတွင် ခြေစမ်းပွဲများ ကစားမည်

၂၀၁၅ ခုနှစ်၊ မေလတွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်
၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၀အသင်းသည် အကြို ပြင်ဆင်မူအဖြစ်
ဥရောပနိုင်ငံများဖြစ်သော တူရကီ၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံတို့အပြင် ဩစတြေးလျနိုင်ငံတွင်လည်း
ခြေစမ်းပွဲများ ကစားသွားမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာ ယူ-၂၀ အသင်းသည် တူရကီနိုင်ငံတွင် ခြေစမ်းပွဲများကစားလျက် ရှိပြီး
လာမည့် ဖေဖော်ဝါရီလတွင် ကမ္ဘာ့ဖလား ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို
မန္တလေးမြို့တွင် ကျင်းပ သွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ နိုင်ငံအပါအဝင် ဖီဂျီ၊ ဥဇဘက်
ကစ္စတန် အသင်းများနှင့် ပေါ်တူဂီ၊ ဩစတြေးလျ၊ ဟန်ဂေရီနိုင်ငံများအနက်မှ နိုင်ငံ့အသင်း တစ်သင်း
လည်း ပါ၀င်မည်ဖြစ်သည်။ မတ်လတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ တွင် ချစ်ကြည်ရေးခြေစမ်းပွဲ သုံး
ပွဲသွားရောက် ကစားမည်ဖြစ်သလို ဧပြီလတွင်လည်း ဂျာမနီ နိုင်ငံသို့ တစ်လကြာ ပူးတွဲလေ့ကျင့်မှု
များ သွားရောက်ပြုလုပ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

မေလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ယူ-၂၀ ပြိုင်ပွဲကို ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ ယူ-၂၀
အသင်းနှင့် နိုင်ငံခြား ယူ-၂၀ ကလပ်အသင်းသုံးသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲအပြီး တွင် ဩစတြေးလျနိုင်ငံသို့ သွားရောက်၍ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်အထိ
ပူးတွဲလေ့ကျင့် မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း ခေါင်းဆောင်
နန္ဒကျော်က "လာမယ့် ကမ္ဘာ့ ဖလားပြိုင်ပွဲဟာ အာရှအဆင့်ထက်မြင့်တဲ့ ပြိုင်ပွဲဖြစ်တာကြောင့်
ကျွန်တော်တို့တွေ ဒီထက်ပို ကြိုးစားအားထုတ်ပြီး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ယှဉ်ပြိုင်
ကစားသွားဖို့ လိုအပ်ပါတယ်"ဟု ပြောသည်။

"အသင်းရဲ့ လက်ရှိအနေအထားကို သဘောကျကျေနပ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ရင်ဆိုင်ရမယ့်
ပြိုင်ဘက်တွေက အင်အားကြီး နိုင်ငံတွေဖြစ်တာကြောင့် ပူးတွဲလေ့ကျင့်မှုနဲ့ ခြေစမ်းပွဲတွေကို
အင်အားကြီးနိုင်ငံတွေမှာ သွားရောက်လေ့ကျင့်သွားမှာပါ။ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအပိုင်းကို
သေချာ လေ့ကျင့်ပေးနေပါတယ်။ နောက်ပြီး အသင်း မှာ ဒဏ်ရာရကစားသမားလည်း မရှိပါဘူး။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်အပေါ် မူတည်ပြီး ကစားကွက်အပြောင်းအလဲတွေ ပြုလုပ်ပြီး ရင်
ဆိုင်သွားဖို့ရှိပါတယ်။ ကျွန်တော် ရော၊ ကျွန်တော့်ကစားသမားတွေရော ဘောလုံးတစ်ခုတည်း
ကိုပဲ အာရုံစူးစိုက်ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ" ဟု နည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလက
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်ခဲ့သော အေအက်ဖ်စီ ယူ-၁၉ ချန်ပီယံ
ရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက် ရောက်နိုင်ခဲ့ခြင်းကြောင့် ဖီဖာ ယူ-၂၀ ကမ္ဘာ့
ဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကစားခွင့် ရခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၀ အသင်း သည် မြန်မာ့ဘောလုံးသမိုင်းကြောင်း တစ်လျှောက်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ
သို့ ပထမ ဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသော အသင်း တစ်သင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး