အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သိုင်း အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် မကွေးတိုင်း၊ အောင်
လံမြို့အခြေစိုက် စက္ကဗျူဟာပင်မသိုင်း အဖွဲ့၏ ကာယစိတ္တ၊ သိဒ္ဓိစွမ်းရည်သိုင်းပြပွဲ ကြီးကို ပြီးခဲ့
သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါသိုင်းစွမ်းရည်ပြပွဲတွင် စက္ကဗျူဟာ ပင်မသိုင်းအဖွဲ့၏ အမျိုးသားအားကစား သမား ၁၃ ဦး၊
အမျိုးသမီး ၁၁ ဦးတို့က သိဒ္ဓိ ပညာစဉ်ဆိုင်ရာ သိုင်းစွမ်းရည်ပြကွက်ပေါင်း ၄၅ ကွက်ကို ပြသခဲ့
သည်။ စက္ကဗျူဟာပင်မသိုင်းအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးခင်မောင်ရင်က "ဒီသိုင်းပညာက ဟိုးခေတ်
အဆက်ဆက်ကတည်းက ရှိခဲ့တဲ့ မြန်မာ့ရိုးရာ သိုင်းပညာစစ်စစ်ဖြစ်ပါတယ်။ ဒီရိုးရာသိုင်း
ပညာကို မတိမ်ကော မပပျောက်သွားအောင် စိတ်ဝင်စားတဲ့ လူငယ်တွေကို ပညာလက်ဆင့်
ကမ်းခဲ့ပါတယ်။ ဒီပညာကို သင်ယူချင်ရင် တော့ လွယ်ကူပါတယ်။ တစ်လလောက် သေချာ
သင်ယူမယ်ဆိုတတ်ပါတယ်။ ဒါပေမဲ့ ငါးပါးသီလလုံဖို့တော့ လိုအပ်ပါတယ်။ အရက် သေစာ
သောက်စားလို့ လုံးဝမရပါဘူး။ ပုတီး စိပ်၊ တရားထိုင်ပြီး ဒီပညာကို သင်ယူရပါတယ်။
ကျွန်တော်တို့ ရန်ကုန်မှာ မပြသဖြစ်တာ ကြာပါ ပြီ။ နယ်မြို့တွေမှာတော့ မကြာခဏပြဖြစ်ပါ
တယ်။ ပြည်ထောင်စု အားကစားပြိုင်ပွဲဖွင့်ပွဲ မှာလည်း ပြသသွားဖို့ရှိပါတယ်"ဟုပြောသည်။
စက္ကဗျူဟာပင်မသိုင်းအဖွဲ့ကို အားကစား ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက် က
ငွေကျပ် သိန်း ၂၀ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။















