လက်ရှိချန်ပီယံ ရတနာပုံ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရပြီး ရန်ကုန်ယူနိုက်တက် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

လက်ရှိချန်ပီယံ ရတနာပုံ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရပြီး ရန်ကုန်ယူနိုက်တက် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့် ၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ် လိဂ်အမှတ်
ပေးပြိုင်ပွဲ၏ ပွဲစဉ်(၂)ကို ပြီးခဲ့ သည့် ဇန်နဝါရီ ၁၇၊ ၁၈ ရက်များက ကျင်းပ ပြုလုပ်ခဲ့ရာ လက်ရှိချန်
ပီယံ ရတနာပုံအသင်း က အဝေးကွင်းတွင် ဂိုးပြတ်အနိုင်ရခဲ့သလို ရန်ကုန်ယူနိုက်တက်နှင့် ဧရာ
၀တီယူနိုက် တက်အသင်းတို့လည်း နိုင်ပွဲများ ကိုယ်စီရရှိ ခဲ့ကြသည်။

ရတနာပုံအသင်းသည် ပွဲစဉ်(၁)တွင် မကွေးအသင်းကို အိမ်ကွင်း၌သရေသာ ကစား နိုင်ခဲ့သော်
လည်း ပွဲစဉ် (၂) နေပြည်တော်နှင့် အဝေးကွင်းပွဲစဉ်တွင် အိမ်ရှင်နေပြည်တော် အသင်းကို
သုံးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ယူ ပြီး အမှတ်ပေးဇယား၏ တတိယနေရာကို တက်လှမ်းနိုင်ခဲ့
သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အိမ်ကွင်း ၌ ဟံသာဝတီယူနိုက်တက် အသင်းကို ခက်ခက်
ခဲခဲကစားပြီး တစ်ဂိုးဪဂိုးမရှိဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်
ခဲ့သည်။

ဇေယျာရွှေမြေသည် အိမ်ကွင်း မုံရွာ၌ ဧည့်သည် ကမ္ဘောဇအသင်းကို နှစ်ဂိုးဪဂိုးမရှိ ဖြင့် ရှုံးနိမ့်
ခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် ဇွဲကပင်ယူနိုက်တက်အသင်းကို ၃ဪ၁ ဂိုးဖြင့်
အနိုင်ရရှိခဲ့သလို မကွေးအသင်းကလည်း ရခိုင်ယူနိုက်တက်အသင်းကို တစ်ဂိုးဪဂိုးမရှိ ဖြင့်
အနိုင်ရရှိခဲ့သည်။ ချင်းယူနိုက်တက် အသင်းကလည်း မနောမြေအသင်းကို တစ်ဂိုးဪဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့သည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဧရာဝတီ
ယူနိုက်တက်အသင်းတို့ နှစ်ပွဲ ကစား နှစ်ပွဲနိုင် ရမှတ်ခြောက်မှတ်စီဖြင့် အမှတ်ပေးဇယား၏ ပထမ
နေရာနှင့် ဒုတိယ နေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိပြီး လက်ရှိချန်ပီယံ ရတနာပုံအသင်း
သည် နှစ်ပွဲ ကစား၊ တစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရမှတ် လေးမှတ်ရရှိထားကာ တတိယနေရာတွင်
ရပ်တည်နေသည်။ နေပြည်တော်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ပွဲစဉ် (၂) ကစား ပြီးချိန်
တွင် နှစ်ပွဲစလုံး ရှုံးနိမ့်ထားပြီး အမှတ်ပေး ဇယားအောက်ခြေတွင် ရပ်တည်လျက်ရှိ သည်။

ပွဲစဉ် (၃)ပွဲစဉ်များကို လာမည့် ဇန်နဝါရီ ၂၄၊ ၂၅ ရက်များတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး
ရတနာပုံအက်ဖ်စီနှင့် ရခိုင် ယူနိုက်တက်၊ ဇေယျာရွှေမြေနှင့် ချင်းယူနိုက် တက်၊ ဧရာဝတီယူနိုက်
တက်နှင့် မနောမြေ အက်ဖ်စီ၊ ဟံသာဝတီ ယူနိုက်တက်နှင့် ကမ္ဘောဇအက်ဖ်စီ၊ မကွေးအက်ဖ်စီနှင့်
နေပြည် တော်အက်ဖ်စီ၊ ရန်ကုန်ယူနိုက်တက်နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ အသီးသီး ယှဉ်
ပြိုင်ကစားသွားကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး