ဖီအိုရင်တီးနား - ရိုးမား တနင်္လာ၊ နံနက် ၂း၁၅
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် စီးရီးအေအမှတ်ပေးပွဲများ ပြန်လည်စတင် သောအခါ
ရိုးမားခြေစွမ်းသည် ထင်ထားသကဲ့သို့ တိုးတက်လာခြင်းမရှိဘဲ သရေပွဲ များဖြင့်သာ လုံးချာ
လိုက်နေသည်။
တစ်ဖက် တွင် ဂျူဗင်တပ်သည် စီးရီးအေရော၊ ကိုပါအီတာလျံဖလားတွင်ပါ ခြေစွာနေသောကြောင့်
ရိုးမားကို ငါးမှတ်ဖြတ်ထားလိုက်ရာ ထိုအနေအထားသည် ရိုးမားအတွက် တွန်းအား ဖြစ်လာမည်
လော၊ သို့တည်းမဟုတ် လျော့ကျသွားမည်လော ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်လာသည်။
ရိုးမားရှေ့တန်းတွင် အစောပိုင်းကဂိုးမြူးခဲ့သော တိုက်စစ်မှူး အဒမ်လာဂျစ် သည် ဇန်နဝါရီလထဲ၌
ဂိုးသွင်းအား ကျဆင်း သွားသည်။
သုံးပွဲဆက်တိုက်တွင် ရိုးမား သည် လေးဂိုးသာ သွင်းယူနိုင်ပြီး အီတလီ ကစားသမားများဖြစ်ကြ
သော တော့တီ၊ ဒက်စထရို၊ အက်စတိုရီတို့က အသီးသီး သွင်းယူခဲ့ကြသည်။ ထိုသုံးပွဲစလုံး၌
တောင်ပံတိုက်စစ်တွင် အခရာကျသော ဂျာဗင်ဟို ပါ၀င်ကစားနိုင် ခြင်းမရှိဘဲ အာဂျင်တီးနားတိုက်
စစ်မှူး အိုင်တာဘီ၊ အဒမ်လာဂျစ်၊ ဖလိုရန်ဇီတို့ အားလုံး ဂိုးပေါက်ပျောက်ဆုံးနေသည်။ ဂျာဗင်ဟို
မပါ၀င်နိုင်ခြင်းကြောင့် တောင်ပံ တိုက်စစ်တွင် မွှေနှောက်နိုင်စွမ်း ကျဆင်း သွားပြီး ကွင်းလယ်နှင့်
အတက်အဆင်း ကစားပုံ၊ ချိတ်ဆက်မှုပိုင်းများ လျော့ကျသွား သည်။ နယ်သာလန်လက်ရွေးစင်
ကီဗင်စထရု မင်း ပြန်လည်ကစားနိုင်ပြီးနောက် နည်းပြ ဂါစီယာ၏ လူထည့်သွင်း သုံးစွဲပုံ မတည်
ငြိမ် တော့ဘဲ အကျိုးဆက်အနေဖြင့် ရိုးမား ကွင်းလယ်စွမ်းဆောင်ရည်ပိုင်း အတန် အသင့် လျော့
ကျ သွားသည်။
ရိုးမားကွင်းလယ်တွင် ပန်နစ်ကို 'အထိုင်ချ' ပြီး ကီဗင်စထရုမင်းကို ပိုမိုထည့်သွင်းလာသည်။ ၄-၃-၃
ကစားကွက်ကို အသုံးပြုသော ရိုးမားတွင် ကွင်းလယ်သည် အဓိက မောင်းနှင် အားဖြစ်သည်။
တောင်ပံတိုက်စစ်တွင် ဂျာဗင်ဟိုသည် မွှေနှောက်ပြီး ပြိုင်ဘက် ခံစစ်ဇုန်အတွင်း နေရာကွက်လပ်
များ ဖန်တီးပေးတတ်သည်။ ဇန်နဝါရီလထဲတွင် ကွင်းလယ်တည်ငြိမ်မှု လျော့ကျသွားပြီး ဂျာဗင်ဟို
မကစားနိုင်သောအခါ ရိုးမား၏ စွမ်းဆောင်ရည်ပိုင်းနှင့် ရလဒ်များ ကျဆင်း သွားသည်။
တစ်ဖက်တွင် ဖီအိုရင်တီးနားသည် ပါလာမိုကို ၄-၃၊ ချီယေဗိုကို ၂-၁ ဖြင့် နှစ်ပွဲ ဆက်တိုက်
နိုင်လိုက်ရာ ခြေစွမ်း ပြန်လည် ဦးမော့လာဖွယ် ရှိသည်။ တိုက်စစ်ဖွင့်ကစား သော ဖီအိုရင်တီးနား
သည် ကွင်းလယ် အချိတ်အဆက်မိသော ပွဲစဉ်များတွင် ပြိုင်ဘက်နောက်တန်းကို ကြိမ်ဖန်များစွာ
ထိုးဖောက်နိုင်စွမ်းရှိသည်။ ၀ါရင့်ဂျာမန်တိုက်စစ်မှူး ဂိုမက်ဇ်ကို 'အထောင်' တိုက်စစ်ထားပြီး
ကိုလံဘီယာလက်ရွေးစင် ကွာဒရာဒိုကို နောက်ချန် တိုက်စစ် နေရာချထားသည်။
ကွင်းလယ် ကစားသမားငါးယောက်တွင် အများစုက တိုက်စစ်အားသန်သူများ ဖြစ်သောကြောင့်
ယေဘုယျအားဖြင့် ဖီအိုရင်တီးနား၏ အခင်းအကျင်းသည် တိုက်စစ်အားပြု သည်။ တောင်ပံတိုက်
စစ်သမားများဖြစ် သော ဂျို့အာကွင်းနှင့် ပါစကွယ်လီတို့သည် နောက်ချန်တိုက်စစ်မှူး ကွာဒရာဒိုနှင့်
အချိတ်အဆက်မိသော ပွဲစဉ်များတွင် ဖီအို ရင်တီးနား တိုက်စစ်သည် ပြင်းထန်ပြီး မည်သည့်နေရာ
က စတင်ထိုးဖောက်မည် ကို ခန့်မှန်းမရနိုင်အောင် ဖြစ်သွားသည်။ သို့ရာတွင် ဖီအိုရင်တီးနားသည်
တိုက်စစ် အားပြုသောကြောင့် ခံစစ်ကစားပုံနှင့် အခင်းအကျင်းပိုင်း အားနည်းသည်။ ၃-၅-၂ ကို
အသုံးပြုသောကြောင့် ခံစစ်တွင် ဖြန့်ကြက် နေရာယူမှု လျော့နေတတ်ပြီး ကွင်းလယ် ကစား
သမားများသည် တိုက်စစ်ဘက် အာရုံစိုက်ချိန်တွင် ပြိုင်ဘက်အသင်း၏ တန်ပြန်တိုက်စစ်ကို
အလူးအလဲခံရတတ် သည်။
ခြံုကြည့်လျှင် ဖီအိုရင်တီးနားသည် ခြေတက်လာပြီး ဂိုးသွင်းနှုန်း ကောင်းမွန် လာသော်လည်း
ခံစစ်ပိုင်းတွင် အားနည်း သည်။ တစ်ဖက်တွင် ရိုးမားသည် 'ရစ်သမ်' ပျက်နေသောကြောင့်
စွမ်းဆောင်ရည်ပိုင်း ကျဆင်းကာ တိုက်စစ်မှူးအများစု ဂိုးပေါက် ပျောက်နေကြသည်။
သို့ကလိုကြောင့် ယခုပွဲသည် သရေကျနိုင်ခြေရှိပြီး ဂိုးနည်း နိုင်သည်။















