ထိပ်ပိုင်းက အသင်းတွေကို ပိုကြိုက်တယ် - အီတလီစီးရီးအေပွဲစဉ်(၂၀)

ထိပ်ပိုင်းက အသင်းတွေကို ပိုကြိုက်တယ် - အီတလီစီးရီးအေပွဲစဉ်(၂၀)

ကက်ဂလီယာရီ - ဆက်စူလို (စနေ၊ ည ၁၁း၃၀)
ဇန်နဝါရီလထဲမှာ ကက်ဂလီယာရီ ဂိုးသွင်းနှုန်းတက်လာပေမယ့် နောက်တန်းက ပေးဂိုးများ တယ်။
ကက်ဂလီယာရီနောက်တန်းဟာ စီးရီးအေမှာ တတိယပေးဂိုးအများဆုံး ဖြစ်နေတယ်။ ဆက်စူလို
လည်း နောက်တန်းမတည်ငြိမ်ပေမယ့် စုဖွဲ့မှုကောင်းလို့ နားလည်မှုကောင်းပြီး ဂိုးသွင်းနှုန်းမြင့်မား
တယ်။ ဆက်စူလိုဘက်က အရဲစွန့်သင့်တယ်။

လာဇီယို - အေစီမီလန် (တနင်္ဂနွေ၊ နံနက် ၂း၁၅)
ပွဲကျပ်တွေ ဆက်တိုက်ကစားနေရပေမယ့် လာဇီယိုဟာ နာပိုလီတစ်သင်းကိုပဲ ရှုံးပြီး ကျန်တဲ့
ပွဲတိုင်း အနိမ့်ဆုံးသရေကစားထားတယ်။ လာဇီယိုကွင်းလယ်တိုက်စစ်က ထိပ်တန်းအဆင့်မှာ
ရှိတယ်။ အေစီမီလန်ကတော့ ကိုပါအီတာလျံဖလားဘက်ကို အာရုံစိုက်နေပြီး စီးရီးအေမှာတော့
တိုက်စစ်ရော ခြေစွမ်းပါ ကျဆင်းနေတယ်။ လာဇီယိုကို ပိုကြိုက်တယ်။

ဗီရိုနာ - အတ္တလန္တာ (တနင်္ဂနွေ၊ ည ၈း၃၀)
စီးရီးအေနဲ့ ကိုပါအီတာလျံဖလားပွဲစဉ်တွေအဖြစ် သုံးရက်အတွင်း ဂျူဗင်တပ်ကို နှစ်ပွဲ ဆက်တိုက်
ရှုံးခဲ့ရာမှာ ၁၀ ဂိုးသွင်းခံလိုက်ရတဲ့ ဗီရိုနာတို့ အခုပွဲမှာ ပြန်ညှစ်မယ်လို့ ယူဆမိတယ်။ အတ္တလန္တာ
ကတော့ သုံးပွဲဆက်တိုက် သရေကျပြီး အေစီမီလန်ကွင်းမှာ နိုင်လိုက်လို့ မာကျော တဲ့ ပြိုင်ဘက်
ဆိုတာ ထင်ရှားတယ်။ ဗီရိုနာတို့ အနိုင်ရဖို့ အတော်ကြိုးစားရမယ်။

ပါးမား - ဆီစီနာ (တနင်္ဂနွေ၊ ည ၈း၃၀)
ဇန်နဝါရီ လဆန်းပိုင်းမှာ မထင်မှတ်ဘဲ ဖီအိုရင်တီးနားကို နိုင်လိုက်ပေမယ့် ပြီးခဲ့တဲ့ နှစ်ပွဲ ဆက်
တိုက်မှာ ဗီရိုနာကို ၃-၁၊ ဆမ်ဒိုးရီးယားကို ၂-၀နဲ့ ဆက်တိုက်ရှုံးထားတဲ့ ပါးမားခြေစွမ်း စိတ်ချလို့
မရဘူး။ ဆီစီနာကလည်း တောက်လျှောက်စိုက်ဆင်းနေပြီး နောက်ဆုံးသုံးပွဲမှာ ကိုးဂိုးသွင်းခံထား
ရတယ်။ ပါးမားသာ အားစိုက်ကစားရင် နိုင်ခြေခပ်ပါးပါး ရှိတယ်။

ဂျူဗင်တပ် - ချီယေဗို (တနင်္ဂနွေ၊ ည ၈း၃၀)
ကိုပါအီတာလျံဖလားပွဲအပါအဝင် သုံးပွဲဆက်တိုက်နိုင်ခဲ့ရာမှာ ၁၃ ဂိုးသွင်းယူခဲ့တဲ့ ဂျူဗင်တပ်
တိုက်စစ်ဟာ ကြောက်ခမန်းလိလိ ထက်မြက်နေတယ်။ ဂျူဗင်တပ်တိုက်စစ်မှူး တေဗက်ဇ် လည်း
ဂိုးပြန်မြူးလာတယ်။ ချီ ယေဗိုကတော့ အောက်ဖက်အသင်းတွေထဲမှာ အတန်အသင့် မာကျော
ပေမယ့် ဂျူဗင်တပ်ကို ခံကစားနိုင်တဲ့ ခြေစွမ်းမျိုးတော့ မရှိသေးဘူး။ ဂျူဗင်တပ် အားထည့်ကစားရင်
ဂိုးပြတ်နိုင်ဖို့ မခက်လောက်ဘူး။

ဆမ်ဒိုးရီးယား - ပါလာမို (တနင်္ဂနွေ၊ ည ၈း၃၀)
ပွဲကျပ်ကာလအတွင်း လာဇီယိုကို သုံးဂိုးပြတ်ရှုံးပြီးနောက် ဆမ်ဒိုးရီးယားတို့ အားစိုက်ကစားလာ
တယ်။ ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ အမ်ပိုလီကို ၁-၀၊ ပါးမားကို ၂-၀ ဆက်တိုက် နိုင်ခဲ့ရာမှာ
တိုက်စစ်ရော၊ ခံစစ်ပါ စွယ်စုံကောင်းလာတယ်။ ဒါပေမဲ့ ပါလာမိုကလည်း မာကျောပြီး ခြေစွမ်း
တက်နေတယ်။ ပါလာမို ဂိုးသွင်းနှုန်းက အလယ်အလတ်အသင်းတွေထဲမှာ အထက်မြက်ဆုံး
ဖြစ်နေတယ်။ အခုပွဲက သရေကျဖို့များပြီး ဆမ်ဒိုရီးယားနိုင်ခြေ ခပ်ပါးပါး ရှိတယ်။

အင်တာမီလန် - တိုရီနို (တနင်္ဂနွေ၊ ည ၈း၃၀)
နည်းပြမန်စီနီလက်ထက်မှာ ပွဲကျပ်တွေ ဆက်တိုက် ရင်ဆိုင်နေရပေမယ့် အင်တာမီလန် ခြေစွမ်းနဲ့
အသင်းလိုက်ကစားပုံ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ တိုးတက်လာတယ်။ ပိုဒေါစကီး၊ ရှာကွီရီတို့ကို
ခေါ်ယူအားဖြည့်ထားလို့ အင်တာမီလန်တိုက်စစ်တောင့်တင်းသွားပြီး အချိတ် အဆက်မိရင်
ကြောက်ဖို့ကောင်းတယ်။ တိုရီနိုလည်း ဇန်နဝါရီလထဲမှာ ခြေစွမ်းရော ပြန်ကောင်း လာပေမယ့်
အသင်းကြီးတွေကို အဝေးကွင်းမှာ ခံကစားနိုင်တဲ့ အနေအထားမျိုးတော့ မရှိသေး ဘူး။ အင်တာ
မီလန်ကို ပိုကြိုက်တယ်။

အမ်ပိုလီ - ယူဒီးနိစ် (အင်္ဂါ၊ နံနက် ၀၀း၁၅)
နောက်ဆုံးငါးပွဲဆက်တိုက်မှာသုံးပွဲက ဂိုးမရှိသရေကျခြင်းနဲ့အတူ ပေးဂိုးနှစ်လုံးသာရှိတဲ့ အမ်ပိုလီဟာ
ခံစစ်ကစားပုံနဲ့ စုဖွဲ့မှု ကျစ်လျစ်တာ ပေါ်လွင်နေတယ်။ ဒါပေမဲ့ အမ်ပိုလီ တိုက်စစ်မှူးတွေ ခြေစွမ်း
ပျောက်ဆုံးခြင်းနဲ့ ဂိုးသွင်းနှုန်းက သာမန်အောက်ဘက်ကို ရောက်နေ တယ်။ ယူဒီးနိစ်လည်း နိုင်ပွဲ
တွေနဲ့ ဝေးကွာနေပြီး နောက်တန်းပွင့်နေပေမယ့် ဂိုးသွင်းအားရှိတယ်။ ယူဒီးနိစ်ဘက်က အရဲစွန့်
သင့်တယ်။

နာပိုလီ - ဂျီနိုအာ (အင်္ဂါ၊ နံနက် ၂း၃၀)
၄-၂-၃-၁ ကစားကွက်နဲ့ ခြေစွမ်းပြန်တက်လာတဲ့ နာပိုလီဟာ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်
ကို 'အထောင်တိုက်စစ်'နေရာထားပြီး ကယ်လီဂျွန်၊ ဒရီစ်မာတင်၊ ဟမ်ဆစ်၊ ဒီဂုစ်မန်း တို့က ပံ့ပိုး
ပေးထားလို့ စွမ်းဆောင်ရည်ပိုင်း ကောင်းလာတယ်။ နောက်ဆုံးငါးပွဲမှာ ဂျူဗင်တပ် ကို ရှုံးခဲ့တာက
လွဲပြီး ကျန်ပွဲတိုင်း နိုင်ထားတယ်။ ဂျီနိုအာက ဂိုးသွင်းအားရှိပေမယ့် နောက်တန်း ပွင့်ပြီး နိုင်ပွဲပျောက်
နေတာ ကြာပြီ။ နာပိုလီ နိုင်ပွဲဆက်ပါလိမ့်မယ်။



ဖတ်ရှုမှုအများဆုံး