မက်စ်တဲလားမှာတော့ ဗလင်စီယာပဲ ပိုကောင်းလိမ့်မယ်

မက်စ်တဲလားမှာတော့ ဗလင်စီယာပဲ ပိုကောင်းလိမ့်မယ်

ဗလင်စီယာ - ဆီဗီလာ တနင်္လာ၊ နံနက် ၂း၃၀
လာလီဂါကတော့ ဒုတိယအကျော့ပွဲတွေ ပြန်စပါပြီ။ ဒုတိယအကျော့ပြန်အစမှာ လည်း ထိပ်ဆုံးမှာ
ရီးယဲလ် ဆက်ရှိနေတုန်းပဲ။ ရီးယဲလ်အတွက်ကတော့ ကိုပါဒယ်ရေး ကလည်း ထွက်လိုက်ရပြီဆို
တော့ သူတို့ အတွက် လာလီဂါနဲ့ ချန်ပီယံလိဂ်ကိုပဲ အဓိက အာရုံစိုက်ဖို့ ရှိနေတော့လို့ ဘာစီလိုနာ၊
အလက်တီကိုတို့ ထက်စာရင် ချန်ပီယံလမ်းကြောင်းမှာ ပေါ့ပေါ့ပါးပါး ပိုရှိနေသလိုပါပဲ။

လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုတွေ အရဆိုရင် ချန်ပီယံလိဂ် လက်ကျန်ဝင်ခွင့် တစ်နေရာဖြစ်
တဲ့ အဆင့်(၄)နေရာအတွက် ဗလင်စီယာ၊ ဆီဗီလာနဲ့ ဗီလာရီးယဲလ် သုံးသင်း အပြိုင်ဖြစ်နေတဲ့
အပြင် မာလာဂါ ကိုပါ လျှော့တွက်ထားလို့ မဖြစ်သေးတဲ့ အနေအထားမျိုးဖြစ်နေတာက ဒီနေရာ
တစ်နေရာအတွက် ပြိုင်ဆိုင်မှုဟာ လက်ကျန် ရာသီဝက်ရဲ့ အဓိကစိတ်ဝင်စားစရာ ပြိုင်ဆိုင် မှုမျိုး
ဖြစ်လာနေတယ်။

ဒုတိယအကျော့ပွဲတွေ စတဲ့အပတ်မှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်နေကြတဲ့နှစ်
သင်း ထိပ်တိုက်လာတွေ့ နေကြတယ်၊ ဗလင်စီယာရဲ့ အိမ်ကွင်း မက်စ် တဲလားမှာ ကစားဖို့ရှိနေ
တဲ့ ဗလင်စီယာ- ဆီဗီလာပွဲဟာ အခုလာမယ့်ပွဲစဉ် (၂၀)မှာ တော့ စိတ်ဝင်စားစရာအကောင်းဆုံး
ပွဲလို့ တောင် ပြောလို့ရနေတယ်။ ပွဲစဉ်(၂၀)ကို ကြည့်လိုက်ရင် ချန်ပီယံလမ်းကြောင်းမှာ ရှိနေတဲ့
ရီးယဲလ်၊ ဘာစီလိုနာနဲ့ အလက် တီကို သုံးသင်းစလုံး ကော်ဒိုဘာ၊ အယ်လ်ချီနဲ့ ရာယိုလိုအသင်း
တွေနဲ့ ကစားရမှာဖြစ်လို့ အင်အားကွာနေတဲ့ ပွဲမျိုးတွေလို့ သတ်မှတ် လို့ရနေတယ်။

ဒါကြောင့် ဗလင်စီယာ- ဆီဗီလာပွဲမျိုးနဲ့ ယှဉ်လိုက်ရင် အကြိတ် အနယ်ရှိနိုင်မှုအပိုင်းမှာ ကွာခြားမှု
ရှိနေတာ သေချာနေတယ်။ ဗလင်စီယာနဲ့ ဆီဗီလာ ဒီနှစ်သင်းက လည်း ပထမအကျော့မှာ အနိုင်
အရှုံးအဖြေမထွက်ဘဲ သရေကျထားလို့ အခုပွဲကလည်း ပိုစိတ်ဝင်စားစရာဖြစ်လာတယ်။ နှစ်သင်း
စလုံးရဲ့ လက်ရှိခြေစွမ်းတွေအရလည်း တစ်သင်းနဲ့တစ်သင်း သိပ်မကွာလှဘူး။ နှစ်သင်းစလုံး
တည်ငြိမ်တဲ့ ခြေစွမ်းမျိုးလည်း ပြနေနိုင်ကြလို့ အခုပွဲဟာ မှားတဲ့အသင်း ခံလိုက်ရမယ့်ပွဲမျိုး ဖြစ်လာ
တယ်။ ဗလင်စီယာဟာ လက်ရှိအိမ်ကွင်းမှာ အကောင်းဆုံး ခြေစွမ်းမျိုးရနေတဲ့ အသင်းဖြစ်သလို
တိုက်စစ်အားကပါ အားရစရာကောင်းနေတယ်။ အိမ်ကွင်းမှာ အနိမ့်ဆုံး သုံးဂိုးလောက်ရအောင်
ကစားနိုင်တဲ့ ဗလင် စီယာတိုက်စစ်ဟာ ဆီဗီလာခံစစ်ကို အဓိက ခြိမ်းခြောက်နေတဲ့နေရာ ဖြစ်နေ
တယ်။ ဒါပေမဲ့ ဆီဗီလာကလည်း အခုနောက်ပိုင်းပွဲတွေမှာ ခံစစ်ကစားပုံ အမှားနည်းအောင် ကစား
နေနိုင်လို့ ဒီပွဲရဲ့ တိုက်စစ်၊ခံစစ်အားပြိုင် မှုဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။

ဗလင်စီယာရဲ့ လက်ရှိကစားနေပုံအရ ခံစစ်ပိုင်းကတော့ သိပ်ပြီးစိတ်မချရသေး ဘူး။ နောက်ဆုံး
ကစားခဲ့တဲ့ အိမ်ကွင်းမှအယ်လ်မီရီယာနဲ့ပွဲမှာဆိုရင် ဗလင်စီယာရဲ့ ခံစစ်ကစားပုံက အားနည်းမှု
တွေရှိနေသေး တာ တွေ့ရတယ်။ အထူးသဖြင့် ဗလင်စီယာ ရဲ့ ညာခြမ်းခံစစ်ဟာ အားပျော့မှုရှိ
နေပြီး ခံစစ်အတွင်းလူတွေကလည်း အမြင့်ဘော တွေ ရှင်းရာမှာ အားနည်းမှု ရှိနေတာတွေ့ရ
တယ်။ ဒါကြောင့် တိုက်စစ်ကို နည်းဗျူဟာကျကျ ကစားနိုင်တဲ့ ဆီဗီလာရဲ့ တိုက်စစ်ကို ထိန်းရာမှာ
အခက်အခဲတွေ့သွားနိုင်တယ်။

ဆီဗီလာကတော့ တိုက်စစ်မှာ ဘက်ကာကို အဓိကထားကစားနေပြီး တိုက်စစ်ကို အဓိက ပုံဖော်
ပေးနေတာက ရေးယက်စ်ပဲ ဖြစ်တယ်။ ဒါပေမဲ့ ရေးယက်စ်ရော၊ဘက်ကာပါ နှစ်ယောက်စလုံး
ကစားပုံလေးတဲ့အချက် ကတော့ ဗလင်စီယာရဲ့ လျင်မြန်ပြီးမာကျော တဲ့ ကွင်းလယ်နဲ့ ရင်ဆိုင်ရ
တဲ့အခါမှာ စိတ်ကြိုက်ဖန်တီးခွင့်နဲ့ ဂိုးသွင်းခွင့်တွေ အလွယ်တကူရနိုင်ဖို့ မလွယ်ဘူး ထင်တယ်။
နောက်ပြီး ဗလင်စီယာရဲ့ လျင်မြန်တဲ့ကစားပုံကလည်း ဆီဗီလာအတွက် စိတ်ကြိုက် ကစားကွက်
တည်ဖို့ ခက်နိုင်မယ့် ပုံမျိုးပါပဲ။ ဒါကြောင့် အခုပွဲမှာ ဆီဗီလာဟာ ဗလင်စီယာ ကို တိုက်စစ်ဖွင့်ရင်
ဆိုင်ဖို့ထက် ခံစစ်ပိုင်း ကိုပဲ ဂရုတစိုက်ကစားပြီး ဗလင်စီယာ အမှား စောင့်ကစားမယ့် ပုံမျိုးပေါ်နေ
တယ်။

ဗလင် စီယာကလည်း တိုက်စစ်ကစားရာမှာ တောင်ပံတွေကို အားပြုလွန်းတာ တွေ့ရ တယ်။
ဗလင်စီယာတိုက်စစ်မှာ အခုတလော အယ်လ်ကာဆာ ဂိုးသွင်းအား အနည်းငယ် လျော့နေပေ
မယ့်လည်း နီဂရီဒို တဖြည်းဖြည်း နဲ့ အသင်းတိုက်စစ်ပိုင်းမှာ အံဝင်လာနေပြီး ဂိုးလည်းသွင်းနိုင်ပြီ
ဖြစ်လို့ သူ့အသင်းဟောင်း ဆီဗီလာဘက်ကို ဘယ်လောက်အထိ ပြန်ပြီး ဒုက္ခပေးနိုင်မလဲဆိုတာ
ကလည်း စိတ်ဝင်စား စရာပါပဲ။ ဆီဗီလာဘက်ကိုကြည့်ရင်လည်း ဆီဗီလာနည်းပြအမ်မရီဟာ
ဗလင်စီယာနည်းပြ ဟောင်းတစ်ဦးဖြစ်ပြီး ဗလင်စီယာကို သူ့ လက်ထက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်
ရအောင် တောင် ဦးဆောင်နိုင်ခဲ့သူဖြစ်လို့ ဗလင် စီယာနဲ့ မစိမ်းတဲ့သူတစ်ဦးပီပီ ဗလင်စီယာ ကို
ပြန်ရင်ဆိုင်တဲ့နေရာမှာ အကောင်းအဆိုး တွေကို သဘောပေါက်နေနိုင်တဲ့ သူမျိုးဖြစ် နေတယ်။

လက်ရှိအချိန်ကလည်း နှစ်သင်း စလုံး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခုပွဲ ဟာ အဓိကကျနေလို့
နှစ်သင်းစလုံး ဒီပွဲကို အမှားနည်းအောင် ထိန်းကစားသွားမယ့် ပုံမျိုးပေါ်နေလို့ ဒီပွဲဟာ တိုက်စစ်
အပြိုင်ဖွင့် ကစားကြမယ့် ပွဲမျိုးဖြစ်မလာနိုင်ဘူး။ တစ်သင်းအမှားကို တစ်သင်းကစောင့်ကစားရင်း
အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်တဲ့အသင်းက အသာရသွားနိုင်မယ့် ပွဲမျိုး ဖြစ်လာနိုင်
တယ်။ဒီနေရာမှာ ဗလင်စီယာရဲ့ အိမ်ကွင်းတိုက်စစ်ကစားပုံနဲ့ ဂိုးသွင်းအား၊ နောက်ပြီး တိုက်စစ်
မှာလည်း ဆီဗီလာထက် စာရင် အခွင့်အရေးကို အသုံးချနိုင်တဲ့ တိုက်စစ်သမားတွေ ပိုများနေတဲ့
အချက်ကတော့ ဗလင်စီယာရဲ့အားသာမှုတစ်ခုလို ဖြစ်နေတာအမှန်ပဲ။

ဒါကြောင့် အိမ်ကွင်း အားလည်းရှိနေတဲ့ အပြင် ဂိုးရနိုင်ခွင့်မှာပါ အားသာမှုပိုရှိတဲ့ ဗလင်စီယာကိုပဲ
ဒီပွဲအတွက် ရွေးထားရင် ကောင်းမယ်ထင်ပါ တယ်။ ဂိုးတော့ နည်းနိုင်တဲ့ပွဲမျိုး ဖြစ်သွား နိုင်တယ်။

အခြားပွဲစဉ်များ
စနေ၊ ည ၉း၃၀ ကော်ဒိုဘာ - ရီးယဲလ်
စနေ၊ ည ၁၁း၃၀ အယ်လ်ချီ ဘာစီလိုနာ
တနင်္ဂနွေ၊ နံနက် ၁း၃၀ အလက်တီကို ရာယို
တနင်္ဂနွေ၊ နံနက် ၃း၃၀ ဆိုစီဒက် အီဘာ
တနင်္ဂနွေ၊ နံနက် ၃း၃၀ ဗီလာရီးယဲလ် လီဗန်တေး
တနင်္ဂနွေ၊ ညနေ ၅း၃၀ ဒီပို့တီဗို ဂရန်နာဒါ
တနင်္ဂနွေ၊ ည ၁၀း၃၀ ဘီလ်ဘာအို မာလာဂါ
တနင်္လာ၊ နံနက် ၀၀း၃၀ အက်စ်ပန်ညို အယ်လ်မီရီယာ
အင်္ဂါ၊ နံနက် ၂း၁၅ ဂီတာဖေး ဆယ်လ်တာ



ဖတ်ရှုမှုအများဆုံး