ချယ်လ်ဆီး၊ မန်စီးတီး၊ ဆောက်သမ်တန်တို့ရဲ့ ဦးတည်ချက်က ဘယ်ကိုလဲ

ချယ်လ်ဆီး၊ မန်စီးတီး၊ ဆောက်သမ်တန်တို့ရဲ့ ဦးတည်ချက်က ဘယ်ကိုလဲ

အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေ အပြီးမှာတော့ အံ့ဩသင့်စရာအဖြစ်အပျက် တွေ ထွက်
ပေါ်လို့လာပါတယ်။ ဒီအဆင့်မှာ ပရီမီယာလိဂ်က အသင်း ၂၀ စလုံးပါ၀င် ခဲ့ပြီး အဲဒီအသင်းတွေထဲ
က တကယ်တမ်း နောက်တစ်ဆင့်ကို လွတ်လွတ်ကျွတ် ကျွတ် တက်ရောက်သွားနိုင်တာက အာ
ဆင် နယ်၊ ၀က်စ်ဟမ်း၊ စတုတ်၊ ပဲလေ့စ်၊ ၀က်စ်ဘရွန်း၊ ဗီလာ၊ လက်စတာ စတဲ့ အသင်း ခုနစ်သင်း
ပဲ ဖြစ် ပါတယ်။

မန်ယူ၊ လီဗာပူး၊ ဆန်းဒါးလန်း အသင်းတွေကတော့ သရေရလဒ်တွေ ထွက်ပေါ်ခဲ့တာကြောင့်
နောက်တစ်ကျော့ ကစားရဦးမှာပါ။ ကျန်တဲ့ အသင်း ၁၀ သင်းကတော့ စတုတ္ထအဆင့်ကပဲ
လက်ပြ နှုတ်ဆက်သွားရပါပြီ။ အက်ဖ်အေဖလားဟာ အင်္ဂလန်ရဲ့ သက်တမ်းအရင့်ဆုံး ပြိုင်ပွဲဖြစ်
တာနဲ့အညီ အသင်းတိုင်းက အဲဒီဖလားကို ရယူချင်လေ့ ရှိပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့
ပရီမီယာလိဂ် အသင်းအများစု စတုတ္ထအဆင့်ကပဲ ထွက်ခွာသွားကြရတဲ့အတွက် အက်ဖ်အေဖလား
ပြိုင်ပွဲအပေါ် ပရီမီယာလိဂ်ကအသင်းတွေ စိတ်ဝင်စားမှု လျော့ နည်းလာပြီလားဆိုတာ စဉ်းစားစရာ
ပါ။

ဘာဖြစ်လို့လဲဆို တော့ အခုထွက်ခွာသွား ရတဲ့ အသင်းတွေထဲမှာ ပရီမီယာလိဂ် အမှတ် ပေးဇယား
ထိပ်ဆုံးမှာရှိနေတဲ့ အသင်း သုံးသင်းစလုံး ပါ၀င်နေသလို စပါး၊ နယူး ကာဆယ်၊ အဲဗာတန် စတဲ့
အလယ်အလတ် အသင်းတွေလည်း ပါ၀င်နေတာကြောင့် ဖြစ်ပါတယ်။ အလယ် အလတ်အသင်း
တွေ နဲ့ အမှတ်ပေးဇယား အောက်ခြေက အသင်း တွေ ဒီလိုအဆင့်မျိုး က ထွက်လိုက်ရတာ ကိစ္စ
မရှိပေမယ့် အမှတ် ပေးဇယားထိပ်က ချယ်လ်ဆီး၊ မန်စီးတီး၊ ဆောက်သမ်တန်တို့ ထွက်သွားတာ
ကတော့ စဉ်းစားစရာတွေ အပြည့်နဲ့ပါ။

အဓိကကတော့ ချယ်လ်ဆီးအသင်း ပါပဲ။ ချယ်လ်ဆီးအသင်းဟာ အက်ဖ်အေ ဖလား စတုတ္ထ
အဆင့်မှာ ဘရက်ဖို့ဒ်စီးတီးဆိုတဲ့ အသင်းငယ်လေးကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတာပါ။
အိမ်ကွင်းဖြစ်တဲ့အပြင် အသင်းချင်းကလည်း ကွာခြားနေတာကြောင့် ဒီပွဲစဉ်မှာ ချယ်လ်ဆီးပဲ
အနိုင်ရမယ်လို့ တထစ်ချ ယုံကြည် ထားကြသူတွေများပါတယ်။ အဲဒီအတွေးတွေဟာ ပထမပိုင်း
မိနစ် ၄၀ မတိုင်မီအထိတော့ မှန်ခဲ့ပါတယ်။

ကာဟေးလ်၊ ရာမီရက်စ်တို့ရဲ့ ဦးဆောင်ဂိုးနှစ်ဂိုးနဲ့ ချယ်လ်ဆီးက ဦးဆောင် နိုင်ခဲ့တာပါ။ မိနစ် ၄၀
မှာတော့ ဘရက်ဖို့ဒ် က ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိသွားပါ တယ်။ ဒီအထိ ချယ်လ်ဆီးမှာ ဘာဖိ
အားမှ မရှိသေးပါဘူး။ ဒုတိယပိုင်းမှာ ဘရက်ဖို့ဒ်က တောက်လျှောက် တိုက်စစ်ဆင်လာသလို
ချယ်လ်ဆီးဘက်ကလည်း အသင်းငယ်လေးရဲ့ တိုက်စစ်ကို ခပ်ပေါ့ပေါ့သဘောထားခဲ့တာကြောင့်
၇၄ မိနစ်၊ ၈၁ မိနစ်နဲ့ ပွဲပြီး ခါနီး နာကျင်အချိန်ပိုတွေမှာ ဂိုးတွေသွင်း ယူပြီး ဘရက်ဖို့ဒ်အသင်းက
ပွဲအပြီးမှာ ၄ဈ၂ ဂိုးနဲ့ အနိုင်ယူသွားပါတယ်။

ဒီရလဒ်ဟာ အက်ဖ်အေဖလား သမိုင်းတစ်လျှောက်အံ့ဩမှု အဖြစ်ရဆုံး အဖြစ် အပျက်လို့ လီဗာပူး
ကစားသမားဟောင်း ရော်ဘီဖောင်လာကတောင် မှတ်ချက်ပြု ရတဲ့ အထိပါပဲ။ ချယ်လ်ဆီးအနေနဲ့
အက်ဖ်အေဖလားပွဲက ထွက်လိုက်ရပေမယ့် ပရီမီယာလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေကတော့ ကျန်နေပါ
သေးတယ်။ ချယ်လ်ဆီးဟာ ပရီမီယာလိဂ် အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီးတီးအသင်း
ကို ငါးမှတ်အသာနဲ့ ဖြတ်ထားနိုင်ပေမယ့် ချန်ပီယံဖြစ်ဖို့ စိတ်ချရတဲ့ အနေအထားတော့ မဟုတ်ပါ
ဘူး။


 

ပြီးခဲ့တဲ့ ပွဲစဉ် နှစ်ပွဲမတိုင်မီ ကဆို သူတို့နှစ် သင်း ရမှတ် တူနဲ့ အထက် အောက် ရပ် တည်ခဲ့ကြပါ
သေး တယ်။ ဒါကြောင့် ချယ်လ်ဆီး အသင်းအနေနဲ့ ယခုနှစ် ပရီမီယာလိဂ် ဖလားကို ရယူနိုင်ဖို့
အာရုံအပြည့်အဝ စိုက်ထားဖို့ လိုပါတယ်။ ဒါ့ပြင် ချယ်လ်ဆီး ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ
ပြင်သစ် ကလပ် ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံနေ တာကလည်း သူတို့အတွက် ပြိုင်ပွဲကြီးတစ်ပွဲ
မှာ အနှောင့်အယှက်ပါပဲ။

ဒီလိုအခြေအနေတွေကြောင့် ချယ်လ်ဆီးတို့ အက်ဖ်အေဖလားပြိုင်ပွဲကို ဂရုမထားဘဲ ကစားခဲ့တာ
လားလို့ ထင်စရာပါ။ ပြိုင်ပွဲတွေများ တာနဲ့ ကစားသမားတွေ ပွဲပန်းမှု ကြံုလာနိုင် တာကြောင့် ပြိုင်ပွဲ
ငယ်လေးတွေကို လက် လွှတ်လိုက်တာလို့လည်း ယူဆစရာပါ။ ချယ်လ်ဆီးအသင်းက အတွက်
အချက်တွေ ဘယ်လိုပဲရှိရှိ ဘရက်ဖို့ဒ်အသင်းက နိုင်သင့် နိုင်ထိုက်ပြီး နောက်တစ်ဆင့်ကို တက်
ရောက် သွားတာဖြစ်ပါတယ်။

ချယ်လ်ဆီးနည်းတူ မန်စီးတီးကလည်း မစ်ဒယ်ဘရော့အသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးခဲ့
တာပါ။ သူတို့လည်း ပရီမီယာလိဂ်နဲ့ ချန်ပီယံလိဂ်အပေါ် အာရုံရောက်နေပုံ ပါပဲ။ မန်စီးတီးဟာ
ပရီမီယာလိဂ်ရဲ့ လက်ရှိ ချန်ပီယံဖြစ်ပြီး သူတို့ရဲ့ ချန်ပီယံသရဖူကာကွယ် ပွဲအတွက် အစွမ်းကုန်
ကစားနေရပါတယ်။ ဒီနှစ်ပရီမီယာလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို အဓိကရယူနိုင်တာက ချယ်လ်ဆီးနဲ့
မန်စီးတီး နှစ်သင်းပဲ ရှိပါတယ်။

မန်ယူကလည်း အခု အဆင့်(၄)မှာ ရပ်တည်နေပေမယ့် ရာသီအစ ပွဲစဉ်တွေမှာ ခြေချော်ခဲ့တာ
ကြောင့် ထိပ်ဆုံး က ချယ်လ်ဆီးအသင်းနဲ့ ၁၂ မှတ်တောင် ကွာဟနေပါတယ်။ အဲဒါကြောင့် မန်ယူ
အနေနဲ့ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်နည်းနေ ပါပြီ။ အာဆင်နယ်၊ လီဗာပူး အသင်းတွေက လည်း
ဒီလိုပါပဲ။ ချန်ပီယံဆုထက် နောက်နှစ် ဥရောပပြိုင်ပွဲ ၀င်ခွင့်တစ်နေရာအတွက်သာ အဓိကထား
ကစားနေရတာပါ။ ဒါကြောင့် မန်စီးတီးဟာ ပရီမီယာလိဂ်သရဖူကာကွယ်ဖို့နဲ့ ချန်ပီယံလိဂ်ရှုံးထွက်
မှာ စပိန်ဘီလူး ဘာစီလိုနာကို ကျော်ဖြတ်ဖို့လောက်ကိုပဲ စဉ်းစားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါ
တယ်။

နောက်တစ်သင်းက ဒီနှစ်ပရီမီယာလိဂ်မှာ မထင်မှတ်လောက်အောင် ခြေစွမ်းပြနေတဲ့ ဆောက်
သမ်တန် အသင်းပါပဲ။ ဆောက်သမ်တန်အသင်းဆိုတာ အရင်က ပရီမီယာလိဂ်မှာ အလယ်
အလတ်အဆင့်ထက် အနည်းငယ်နိမ့်တဲ့ အနေအထားမှာ ရှိခဲ့တဲ့အသင်းပါ။ ဒါပေမဲ့ အခုချိန်
မှာတော့ ဆောက်သမ်တန်ကို အသင်းကြီးတွေတောင် မခန့်လေးစား မလုပ်ရဲတော့ပါဘူး။ လော
လောဆယ် အမှတ်ပေး ဇယား အဆင့်(၃)နေရာမှာ ရပ်တည်နေတာက အကောင်းဆုံး သက်သေ
ပါပဲ။

ဆောက်သမ် တန်ရဲ့ လက်ရှိရစ်သမ်အရ သူတို့ဟာ ချန်ပီယံ ဆုကို မခြိမ်းခြောက်နိုင်ရင်တောင်
အနည်းဆုံး ဥရောပပြိုင်ပွဲဝင်ခွင့်တစ်နေရာလောက်တော့ ကောင်းကောင်းရနိုင်ပါတယ်။ ရာသီ
အကုန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကိုသာ ၀င်ခွင့်ရခဲ့မယ် ဆိုရင် သူတို့အသင်းအတွက်ငွေကြေးပိုင်းရော၊
ကလပ် ဂုဏ်သိက္ခာပိုင်းကိုပါ အများကြီး တိုးတက်စေမှာ အသေအချာပါပဲ။ အက်ဖ်အေဖလားပြိုင်ပွဲ
စတုတ္ထအဆင့် ကနေထွက်ခဲ့ရတဲ့ အသင်းတွေထဲမှာ ထိပ်ပိုင်း အသင်းတွေက ချန်ပီယံဆုအတွက်၊
ဥရောပ ပြိုင်ပွဲဝင်ခွင့်အတွက် စတဲ့ရည်မှန်းချက်တွေ အမျိုးမျိုးရှိကြသလို အောက်ဘက်က အသင်း
လေးတွေကလည်း တန်းမဆင်းရဘဲ ပရီမီယာ လိဂ်မှာ ဆက်လက်ရပ်တည်နိုင်ဖို့ စတဲ့ ရည်မှန်း
ချက်တွေရှိကြမှာပါ။

ဘာပဲဖြစ်ဖြစ် ကလပ်အသင်းအားလုံးကတော့ သူတို့နဲ့ ထိုက်တန်တဲ့ နေရာတွေရရှိနိုင်ဖို့အတွက်
ကိုယ်စီကိုယ်င ဦးတည်ချက်တွေနဲ့ လျှောက်လှမ်းနေကြမှာ အသေအချာပါပဲလို့ ယုံကြည်
နေမိပါရဲ့....။



ဖတ်ရှုမှုအများဆုံး