ဂွာဒီယိုလာကတော့ ၀ုဖ်ဘတ်က သူတို့ကို အခုအချိန်အထိ ဒုက္ခပေးနိုင်ဆဲလို့ ဆိုပါတယ်။
အခုဆောင်းရာသီ နှစ်ကူးအပြီး ၀ုဖ်ဘတ်ကွင်းမှာ ဆုံပါပြီ။ ကဲ...ဘာဗေးရီးယန်းသားတွေ
ဘာတွေလုပ်ပြနိုင်မလဲဆိုတာ တီဗီရှေ့ကနေ စောင့်ကြည့်လိုက်ကြရအောင်။
၀ုဖ်ဘတ် - ဘိုင်ယန်
စနေ၊ နံနက် ၂းဝဝ ပထမအကျော့ရလဒ်၊
ဘိုင်ယန်၂-၁ ၀ုဖ်ဘတ်
၀ုဖ်ဘတ်ဟာ တရုတ်ကွင်းလယ်လူ တိန်ဟီဇင်ကို ပေဂျင်းဂွမ်ဇူးကလပ်ကနေ ပြောင်းရွှေ့ကြေး
ယူရို ၁ ဒသမ ၅ သန်းနဲ့ ခေါ်ယူထားပါတယ်။ ဘိုင်ယန်ဟာ ဘာမှ အားဖြည့်ခေါ်ယူထားခြင်း
မရှိပါဘူး။ ဘိုင်ယန် က အဝေးကွင်းရှုံးပွဲမရှိသလို ၀ုဖ်ဘတ်က လည်း အိမ်ကွင်းရှုံးပွဲမရှိတာမို့
ကြည့်ကောင်း မယ့်ပွဲပါ။ ဘိုင်ယန်အနေနဲ့ အဝေးကွင်းမှာ သရေလောက်ပဲရလိမ့်မယ်လို့ ထင်
တယ်။
ရှော်လ်ကေး - ဟန်နိုဗာ
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ဟန်နိုဗာ ၂-၁ ရှော်လ်ကေး
အိမ်ရှင်ရှော်လ်ကေးဟာ အဆင့်(၅)မှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့
အသင်းဖြစ်ပါတယ်။ ဟန်နိုဗာ ကတော့ အဆင့်(၈)မှာ ရပ်တည်နေပြီး အဝေး ကွင်းမှာ လေးပွဲ
အထိရှုံးထားတာ တွေ့ရပါ တယ်။ ပထမအကျော့မှာ ရှုံးထားတဲ့ ရှုံးကြွေးကို ရှော်လ်ကေးက
ဂယ်လ်ဆင်ကာချန်မှာ ပြန်ဆပ်ပါလိမ့်မယ်။
မိန့်ဇ် - ပက်ဒါဘွန်း
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ပက်ဒါဘွန်း ၂-၂ မိန့်ဇ်
နှစ်သင်းစလုံး ဇယားအလယ်မှာ ရပ်တည် နေတာဖြစ်ပါတယ်။ မိန့်ဇ်က အဆင့်(၁၂)မှာ ဖြစ်ပြီး
တန်းတက်ပက်ဒါဘွန်းက အဆင့်(၁၀) မှာပါ။ အမှတ်ကွာခြားချက် တစ်မှတ်သာရှိလို့ ပြိုင်ဆိုင်
မှုပြင်းထန်ပါလိမ့်မယ်။ အဝေးကွင်း နောက်ဆုံးသုံးပွဲစလုံး အရှုံးမရှိတဲ့ ပက်ဒါဘွန်း ကို ရွေးထား
ချင်ပါတယ်။
ဖရိုင်းဘတ် - ဖရန့်ဖတ်
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ဖရန့်ဖတ် ၁-၀ ဖရိုင်းဘတ်
ဖရန့်ဖတ်ကလည်း ဘာကူကလပ်ကနေ အဇာဘိုင်ဂျန်ဂိုးသမား အီမီလီဘာလာ ယက်ဗ်ကို
ခေါ်ယူနိုင်ခဲ့သလို ဖရိုင်းဘတ်က လည်း ကာဒစ်ဖ်ကနေ နော်ဝေး ကွင်းလယ်လူ မက်မိုလာဒေဟီးလ်၊
၀ါဒါဘရီမင် တိုက်စစ်မှူး နီးလ်ပက်တာဆန်တို့ကို အငှားနဲ့ခေါ်ယူထားနိုင် ပါတယ်။ အိမ်ရှင်နဲ့ရပ်
တည်လိုက်ရအောင်။
စတုဂတ် - မွန်ချင်ဂလက်ဘတ်
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
မွန်ချင် ၁-၁ စတုဂတ်
စတုဂတ်ဟာ ၁၇ ပွဲကစားပြီး ၁၇ မှတ်ရရှိ ထားပါတယ်။ မွန်ချင်က အဆင့်(၄)နေရာမှာ မိန့်မိန့်ကြီး
ပါ။ မွန်ချင်ဟာ အဝေးကွင်းလေးပွဲ ကစားပြီး နောက်ဆုံးနှစ်ပွဲမှာ အနိုင်ရထားပါ တယ်။ စတုဂတ်ကို
အားပေးချင်တယ်။
ဟမ်းဘတ် - ကိုလုံး
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ကိုလုံး ၀-၀ ဟမ်းဘတ်
နှစ်သင်းစလုံး ရာသီဝက်မှာ ဘာမှထူးထူး ခြားခြား ပြောင်းလဲထားတာ မတွေ့ရပါဘူး။ ကိုလုံးရဲ့
အဝေးကွင်းနောက်ဆုံးငါးပွဲမှာ နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရထားပါ တယ်။ နောက်ဆုံးအိမ်
ကွင်းပွဲ စတုဂတ်ကို ရှုံးခဲ့တဲ့ ဟမ်းဘတ်ကို ငြင်းပယ်ချင်ပါတယ်။
လေဗာကူဆင် - ဒေါ့မွန်
တနင်္ဂနွေ၊ နံနက် ၀၀းဝဝ ပထမအကျော့ရလဒ်၊
ဒေါ့မွန် ၀-၂ လေဗာကူဆင်
ဒေါ့မွန်ဟာ ဆလိုဗေးနီးယားကွင်းလယ်လူ ကီဗင်ကမ်ပယ်လ်ကို ရက်ဒ်ဘူးလ်ဆဲလ်ဘာ့ဂ် ကနေ
ယူရို ၁၂ သန်းနဲ့ ခေါ်ယူအားဖြည့်ထား ပါတယ်။ လေဗာကူဆင်ကလည်း ခရိုအေးရှား နောက်ခံလူ
တင်ဂျီဗာကို ရိုးမားကနေ ပြောင်း ရွှေ့ကြေး ခုနစ်သန်း၊ တခြားခရိုအေးရှား နောက်ခံလူတစ်ဦးကို
လည်း ပြောင်းရွှေ့ကြေး ယူရို ရ ဒသမ ၅ သန်းနဲ့ပဲ ခေါ်ယူထားပါတယ်။ အဝေးကွင်း ခုနစ်ပွဲအထိ
ရှုံးထားတဲ့ ဒေါ့မွန်ကို မေ့ထားလိုက်ရအောင်။
၀ါဒါဘရီမင် - ဟာသာဘာလင်
တနင်္ဂနွေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ဟာသာဘာလင် ၂-၂ ၀ါဒါဘရီမင်
၀ါဒါဘရီမင်ဟာ ဘယ်လ်ဂျီယံဂိုးသမား ကက်စတီးလ်ကို ၀ုဖ်ဘတ်ကနေ အငှားနဲ့ ခေါ်ယူထားသလို
လေဗာကူဆင် ကွင်းလယ် ကစားသမား လီဗင်အော်တန်နေးလ်ကိုလည်း အငှားခေါ်ယူထားပါ
တယ်။ တန်းဆင်းဇုန် လွတ်မြောက်ရေး တိုက်ပွဲဝင်မယ့် ၀ါဒါဘရီမင် ကို အားပေးရမှာပါ။
အော့စ်ဘတ် - ဟော့ဖန်ဟိမ်း
တနင်္ဂနွေ၊ ည ၁၁းဝဝ ပထမအကျော့ရလဒ်၊
ဟော့ဖန်ဟိမ်း ၂-၀ အော့စ်ဘတ်
အော့စ်ဘတ်ဟာ ဒိန်းမတ်ကွင်းလယ်လူ အီမီလီဟိုဘီဂျပ်စ်၊ တောင်ကိုရီးယား ကွင်းလယ်လူ ဂျီဒေါင်ဝန်းတို့ကို ခေါ်ယူအား ဖြည့်ထားပါတယ်။ ဟော့ဖန်ဟိမ်းကတော့ လူအင်အား ဖြည့်တင်း
ထားခြင်း မရှိသေးပါ ဘူး။ ပထမအကျော့ ရှုံးကြွေးကို ချေဖျက်မယ့် အော့စ်ဘတ်ကို ကြိုက်ပါတယ်။














