လာဇီယို၏ တိုက်စစ်ကို စမ်းသပ်မည့်ပွဲ

လာဇီယို၏ တိုက်စစ်ကို စမ်းသပ်မည့်ပွဲ

ဆီစီနာ - လာဇီယို တနင်္ဂနွေ၊ ည ၈း၃၀
၂၀၁၄ ခုနှစ်အတွက် နောက်ဆုံးပွဲစဉ် အဖြစ် လာဇီယိုသည် ဒီဇင်ဘာ ၂၂ ရက်တွင် အင်တာမီလန်
နှင့် ယှဉ်ပြိုင်ရာ ၂-၂ သရေကျ ခဲ့သည်။ ထိုပွဲစဉ်မှစတင်ကာ လာဇီယိုသည် ထိပ်တန်းအသင်းကြီး
များနှင့် ဆက်တိုက် တွေ့ဆုံပြီး ပွဲကျပ်ခဲ့သည်။အင်တာမီလန်နှင့် သရေကျပြီးနောက် ဆမ်ဒိုးရီးယား
ကို ၃-၀ ဖြင့် နိုင်သည်။ ထို့နောက် မြို့ခံပြိုင်ဘက် ရိုးမားနှင့် ၂-၂ သရေကျပြန်သည်။ ဇန်နဝါရီ ၁၈
ရက်တွင် နာပိုလီကို ၁-၀ ဖြင့် အရေးနိမ့် ပြီးနောက် ပြီးခဲ့သောပွဲစဉ်တွင် အေစီမီလန် ကို ၃-၁ ဖြင့်
နိုင်သည်။

သို့ကလိုကြောင့် လာဇီယိုသည် ပြီးခဲ့သော ငါးပွဲဆက်တိုက် ထိပ်တန်းအသင်းကြီးများ
နှင့် ရင်ဆိုင်ခဲ့ရာ၌ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေကျပြီး တစ်ပွဲရှုံးခဲ့ရာ ရလဒ်အားဖြင့် အထိုက် အလျောက်
ကောင်းမွန်ခဲ့သည်။ သို့ကလို ထိပ်တန်းအသင်းကြီးများကို ဆက်တိုက် ရင်ဆိုင်နေရင်းက ဇန်န
၀ါရီ ၁၅ ရက်တွင် ကိုပါအီတာလျံဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်၌ တိုရီနိုကို အဝေးကွင်း
မှာပင် ၃-၁ ဖြင့် နိုင်ပြီး ကွာတားတက်သွားသည်။

ပွဲကျပ်များကို ဆက်တိုက်ရင်ဆိုင်ခဲ့ရ သော လာဇီယိုသည် ထိပ်သီးငါးသင်းကို ရင်ဆိုင်ခဲ့ရာ၌
၁၀ ဂိုးသွင်းယူခဲ့ပြီး နာပိုလီကို အရေးနိမ့်သောပွဲတွင်သာ ဂိုးသွင်းယူနိုင်ခြင်း မရှိတာကို တွေ့
ရသည်။

လာဇီယိုတိုက်စစ်သည် တစ်ပွဲပျမ်းမျှ နှစ်ဂိုးနှုန်း သွင်းယူထားသည်။ သို့ရာတွင် ထိုငါးပွဲ အတွင်း
ခြောက်ဂိုးသွင်းခံခဲ့ရပြီး ဆမ်ဒိုး ရီးယားနှင့်တစ်ပွဲသာ ဂိုးသွင်းမခံရသော ကြောင့် ယေဘုယျအားဖြင့်
လာဇီယို နောက်တန်းသည် ထိပ်သီးများမှလွဲပြီး ကျန်အလယ်အလတ်နှင့် အောက်သင်းများ ကို
စနစ်တကျ ထိန်းနိုင်စွမ်းရှိနေသည်။

လေးယောက်ခံစစ်ပုံစံကို အသုံးပြုသော လာဇီယို နောက်တန်းတွင် ရာဒူ (၂၈ နှစ်)၊ ကာနာ (၃၁
နှစ်)၊ ဒီဗရစ် (၂၂ နှစ်)၊ ဘက် စတာ (၃၀ နှစ်)တို့ဖြင့် အဓိက အထိုင်ချ ထားပြီး လူအပြောင်းအလဲ
နည်းသောကြောင့် ခံစစ်ကျစ်လျစ်ပြီး နားလည်မှုကောင်းသည်။ အထူးသဖြင့် နယ်သာလန်လက်ရွေး
စင် ဒီဗရစ်၏ ကစားအား၊ ရွေ့လျားမှုကြောင့် လာဇီယိုနောက်တန်းသည် လေးလံနှေးကွေး ခြင်း မရှိ
သည်ကို တွေ့ရသည်။

၄-၃-၃ ကစားကွက်ကို အသုံးပြုသော လာဇီယိုတွင် ကွင်းလယ်သည် အခရာကျ သည်။ ကွင်းလယ်
တွင် အီတလီလက်ရွေးစင် ပါယိုလို(၃၀ နှစ်)၊ ဘော့စနီးယားလက်ရွေးစင် လူလစ် (၂၉ နှစ်)၊ အာ
ဂျင်တီးနားလက်ရွေး စင် ဘစ်ဂလီယာ(၂၈ နှစ်)တို့ထဲမှ အနည်းဆုံး နှစ်ယောက်ထည့်သုံးပြီး
'အထိုင်ချ'ထား သည်။

လီဒက်စမာ (၃၂ နှစ်)၊ အိုနာဇီ (၂၂ နှစ်)၊ စတီဖန်နိုမော်ရီ (၃၅ နှစ်)၊ ကန်ဒရီဗာ (၂၇ နှစ်)၊ ဖိလစ်
အန်ဒါဆင် (၂၁ နှစ်)တို့ကို လဲလှယ်သုံးစွဲသောကြောင့် ယေဘုယျအားဖြင့် လာဇီယိုသည် ကွင်း
လယ် 'မြိုင်'သည်။ ရွေ့လျားပုံနှင့် လူခွဲနေရာယူပုံ များ ကောင်းမွန်သေသပ်သည်။

တစ်ဖန် တိုက်စစ်တွင် ဖြည့်ကစားနိုင်စွမ်းရှိပြီး အရေးပါသော အဆုံးအဖြတ်ဂိုးများကို သွင်းယူနိုင်စွမ်း
ရှိသည်။ တိုက်စစ်မြားဦးတွင် ၀ါရင့်ကစားသမား ကလိုဆေး (၃၆ နှစ်)ဖြင့် 'တည်'ထားသော် လည်း
နောက်ပိုင်းပွဲစဉ်များတွင် ဖိလစ် ဂျော်ဂျီဗစ် (၂၇ နှစ်)ကို ပွဲထုတ်လာပြီး တိုက်စစ် အရှိန်မြှင့်လိုသော
အခါတွင် လူငယ်တိုက်စစ်မှူးလေး ကီတာ (၁၉ နှစ်)ကို ထည့်သွင်းအသုံးပြုသည်။ တစ်ဖက်တွင်
ဆီစီနာသည် ၁၉ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပြီးမှ နောက်ဆုံး ကစားခဲ့သောပွဲစဉ်၌ ခြေပျက်ပြီး
အောက်ဆုံး ရောက်နေသော ပါးမားကို ၂-၁ ဖြင့် နိုင်လိုက်သည်။

ဆီစီနာနောက်တန်းသည် စီးရီးအေတွင် ပွဲပေါင်း ၂၀ ကစားခဲ့ရာ၌ ပေးဂိုး ၄၀ ရှိသောကြောင့်
တစ်ပွဲပျမ်းမျှ နှစ်ဂိုးသွင်းခံနေရပြီး စီးရီးအေတွင် ဒုတိယ ပေးဂိုးအများဆုံး ဖြစ်သည်။ ခြံုကြည့်လျှင်
ရစ်သမ်မိပြီး ကွင်းလယ် တိုက်စစ်ကောင်းသော လာဇီယိုသည် ကစားကွက် စိုးမိုးနိုင်ခဲ့ပါက ဆီစီနာ
ခံစစ် ကြောင်း ဖရိုဖရဲနှင့် ရုန်းကန်ရဖွယ်ရှိသည်။ လတ်တလောတွင် လာဇီယို တိုက်စစ် ထက်မြက်
နေပြီး ဂိုးသွင်းအားရှိသော ကြောင့် ယခုပွဲတွင် လာဇီယိုကို ကြိုက်ပြီး ဂိုးများဖွယ်ရှိသည်။



ဖတ်ရှုမှုအများဆုံး