အတ္တလန္တာ - ကက်ဂလီယာရီ (စနေ၊ ည ၈း၃၀)
စီးရီးအေနဲ့ ကိုပါအီတာလျံ ရှုံးထွက်ပွဲတွေ တစ်ပြိုင်နက်တည်း ကစားနေရလို့ အတ္တလန္တာတို့ ဗျာများ
သွားပေမယ့် ရှုံးထွက်ဖလားက ထွက်သွားရလို့ စီးရီးအေမှာ ပြန်ညှစ်မယ်လို့ ယူဆရ တယ်။ ကက်ဂလီယာရီလည်း ခြေစွမ်းပြန်တက်လာပေမယ့် နောက်တန်းမလုံခြံုသေးဘူး။ ဒါကြောင့်
မာကျောပြီး တိုက်အားတွန်းအားကောင်းတဲ့ အိမ်ရှင်အတ္တလန္တာကို ပိုကြိုက်တယ်။
ဂျီနိုအာ - ဖီအိုရင်တီးနား (စနေ၊ ည ၁၁း၃၀)
နိုင်ပွဲတွေနဲ့ ဝေးကွာနေတဲ့ ဂျီနိုအာဟာ အိမ်ကွင်းမှာ သရေကျပြီး အဝေးကွင်း သရေကျတဲ့
ဖော်မြူလာအတိုင်း သွားနေတယ်။ ဖီအိုရင်တီးနားကတော့ ကိုပါအီတာလျံဖလားမှာ ကွာတား
တက်နိုင်ပြီး စီးရီးအေမှာလည်း ခြေစွမ်းရော၊ ရလဒ်ပါ မကျအောင် ထိန်းထားနိုင်တယ်။ ဖီအိုရင်
တီးနားတိုက်စစ်က ၂၀၁၅ ခုနှစ်ထဲမှာ ပြန်ပြီး ထက်မြက်လာတယ်။ ဖီအိုရင်တီးနားကို ရွေးချယ်
သင့်တယ်။
ရိုးမား - အမ်ပိုလီ (တနင်္ဂနွေ၊ နံနက် ၂း၁၅)
စီးရီးအေမှာ ပွဲကျပ်တွေ ရင်ဆိုင်နေရချိန်မှာပဲ ကိုပါအီတာလျံဖလားပွဲကို အားစိုက်နေ ရလို့ ရိုးမား
တို့ ရုန်းကန်နေရတယ်။ ကိုပါအီတာလျံဖလားမှာ ကွာတားတက်သွားပေမယ့် စီးရီးအေမှာ လာဇီ
ယို၊ ပါလာမို၊ ဖီအိုရင်တီးနားတို့ကို ဆက်တိုက်သရေကျခဲ့လို့ ဂျူဗင်တပ်နဲ့ ခုနစ်မှတ်ပြတ်သွားတယ်။
အမ်ပိုလီကလည်း သရေပွဲ၊ ရှုံးပွဲတွေနဲ့ လုံးချာလိုက်နေတယ်။ ဒါကြောင့် အခုပွဲမှာ ရိုးမားတို့ အား
ထည့်ပြီး အနိုင်ကစားမယ်လို့ ယူဆရတယ်။
ဆက်စူလို - အင်တာမီလန် (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
ကိုပါ အီတာလျံဖလားမှာ ဆမ်ဒိုးရီးယားကို နှစ်ဂိုးပြတ်နိုင်ပြီးနောက် စီးရီးအေပွဲစဉ်မှာ တိုရီနိုကို
၁-၀နဲ့ ရှုံးလိုက်လို့ အင်တာမီလန် ဖိအားများသွားတယ်။ အင်တာမီလန် တိုက်စစ်ဟာ အချိတ်
အဆက်မိရင် ကြောက်ဖို့ကောင်းတယ်။ ဆက်စူလိုက အီတလီ ကစား သမားအများစုနဲ့ တည်
ဆောက်ထားပေမယ့် လတ်တလော 'ရစ်သမ်'ပျက်နေတယ်။ အင်တာမီလန် နိုင်ခြေများတယ်။
ပါလာမို - ဗီရိုနာ (တနင်္ဂနွေ၊ ည ၈း၃၀)
ရိုးမား၊ ဆမ်ဒိုးရီးယားတို့ကို နှစ်ပွဲဆက်တိုက် ၁-၁ သရေကစားခဲ့တဲ့ ပါလာမိုခြေစွမ်းကို လျှော့တွက်
လို့ မရဘူး။ အထူးသဖြင့် ပါလာမိုတိုက်စစ်အားနဲ့ ဂိုးသွင်းနှုန်းက အလယ်အလတ် အသင်းတွေထဲ
မှာ အကောင်းဆုံးဖြစ်နေတယ်။ ဗီရိုနာမှာ သမ္ဘာရှိသူတွေ ပါ၀င်နေလို့ ကစားရ ခက်ပေမယ့် ပါလာ
မိုကွင်းမှာ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို ခံနိုင်မယ်မထင်ဘူး။ ပါလာမိုကို ရွေးချယ်သင့်တယ်။
ယူဒီးနိစ် - ဂျူဗင်တပ် (တနင်္ဂနွေ၊ ည ၈း၃၀)
နိုင်ပွဲတွေနဲ့ ဝေးကွာနေတဲ့ ယူဒီနီးစ်ဟာ ကစားအား၊ ဂိုးသွင်းအားတွေရှိပေမယ့် ဟာကွက် တွေ
များပြီး နောက်တန်းမလုံခြံုဘူး။ ဂျူဗင်တပ်ကတော့ နိုင်ပွဲဆက်နေရာမှာ တစ်ပွဲကို အနည်း ဆုံး
နှစ်ဂိုးနှုန်း သွင်းယူနေတယ်။ ဒါပေမဲ့ ရိုးမားကို ခုနစ်မှတ်ဖြတ်ထားနိုင်လို့ ကစားအား လျှော့ပြီး
မှေးကစားသွားနိုင်တယ်။ ဂျူဗင်တပ်နိုင်ရင်တောင် ဂိုးမပြတ်နိုင်ဘူး။
ချီယေဗို - နာပိုလီ (တနင်္ဂနွေ၊ ည ၈း၃၀)
ပွဲကျပ်တွေ ဆက်နေတဲ့ ချီယေဗိုဟာ ဖီအိုရင်တီးနား၊ ဂျူဗင်တပ်တို့ကို ဆက်တိုက် ရှုံးထားပြီး
တစ်ပွဲကို နှစ်ဂိုးနှုန်း သွင်းခံထားရတယ်။ နာပိုလီကတော့ ကြားထဲမှာ ဂျူဗင်တပ်ကို ရှုံးလိုက်တာ
ကလွဲပြီး ကျန်တဲ့ပွဲတိုင်း နိုင်ထားတယ်။ နာပိုလီရှေ့တန်းက အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်
ဂိုးပြန်မြူးလာပြီး တောင်ပံတိုက်စစ်လည်း ထက်မြက်တယ်။ ချီယေဗိုခြေစွမ်းက လည်း အသင်းကြီး
တွေကို ခံကစားနိုင်တဲ့ အနေအထားမှာမရှိလို့ အခုပွဲမှာ နာပိုလီနိုင်ဖို့ အလားအလာများတယ်။
တိုရီနို - ဆမ်ဒိုးရီးယား (တနင်္ဂနွေ၊ ည ၈း၃၀)
နာကျင်အချိန်ပို သွင်းဂိုးကြောင့် အင်တာမီလန်ကွင်းမှာ မထင်မှတ်ဘဲ နိုင်ခဲ့တဲ့ တိုရီနို ခြေစွမ်းက
အတက်ဘက်ကို ပြနေပေမယ့် တန်ပြန်တိုက်စစ်ကို အားပြုလွန်းတယ်။ ဆမ်ဒိုးရီးယား ကတော့
ကိုပါအီတာလျံဖလားက ထွက်လိုက်ရလို့ စီးရီးအေမှာ အားထည့်ကစားမယ်လို့ ယူဆရ တယ်။
မာကျောပြီး စိတ်ပိုင်းရုပ်ပိုင်း ကြံ့ခိုင်မှုကောင်းတဲ့ ဆမ်ဒိုးရီးယားဟာ စီးရီးအေမှာ ရလဒ်ကောင်းနေ
တယ်။ ဆမ်ဒိုးရီးယား အနိမ့်ဆုံးသရေပါ။
အေစီမီလန် - ပါးမား (တနင်္လာ၊ နံနက် ၂း၁၅)
တောက်လျှောက်စိုက်ဆင်းနေတဲ့ အေစီမီလန်ဟာ ကစားသမားတွေ ကြားမှာပါ စိတ်ဓာတ်
ကျဆင်းတာတွေ ရှိနေတယ်။ ကိုပါအီတာလျံဖလားမှာ နိုင်လိုက်တာကလွဲရင် စီးရီးအေမှာ ရှုံးပွဲ
ဆက်နေတယ်။ ဒါပေမဲ့ အောက်ဆုံးရောက်နေတဲ့ ပါးမားကလည်း အခြေအနေဆိုးရွားပြီး စီးရီး
အေမှာ ပေးဂိုးအများဆုံး ဖြစ်နေတယ်။ အေစီမီလန် နိုင်ခြေရှိတယ်။














