ဗီလာရီးယဲလ်နဲ့ပွဲမှာ ဘာစီလိုနာရဲ့သွင်းဂိုးတွေ မြင်ရမှာလား

ဗီလာရီးယဲလ်နဲ့ပွဲမှာ ဘာစီလိုနာရဲ့သွင်းဂိုးတွေ မြင်ရမှာလား

ဘာစီလိုနာ - ဗီလာရီးယဲလ် တနင်္လာ၊ နံနက် ၂း၃၀
လာလီဂါရဲ့ ဒုတိယရာသီဝက်အစမှာ လည်း ထိပ်ဆုံးသုံးသင်း ခြေလှမ်းမှန်မှန်နဲ့ ကိုယ့်ရဲ့ရပ်တည်မှု
တွေကို ထိန်းထားနိုင်ဆဲပါပဲ။ ဒါပေမဲ့ ၂၀၁၅ အစပိုင်း အခြေအနေတွေအရတော့ ထိပ်ဆုံးသုံးသင်း
ထဲ ရီးယဲလ် က နှစ်ဟောင်းမှ ခြေစွမ်းမျိုးပြန်ရဖို့ နည်း နည်းရုန်းကန်နေရသလိုမျိုး တွေ့ရချိန်မှာ အနီး
ဆုံးပြိုင်ဘက်ဖြစ်နေတဲ့ ဘာစီလိုနာကတော့ ၂၀၁၅ ထဲမှာ ပိုပြီးအရှိန်ရလာနေ သလိုတွေ့နေရလို့
ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှု မှာ ဘယ်အသင်းက အရင်ခြေလှမ်းမှားမလဲ စောင့်ကြည့်ရတာကလည်း
စိတ်ဝင်စား စရာဖြစ်လာနေတယ်။

ဒီတစ်ပတ်တော့ ရီးယဲလ်ရော ဘာစီလိုနာ ပါ အိမ်ကွင်းမှာကစားရဖို့ ရှိနေကြပြီး ရီးယဲလ်က
ဆိုစီဒက်၊ ဘာစီလိုနာက ဗီလာ ရီးယဲလ်ကို လက်ခံကစားရမှာဖြစ်လို့ နှစ်သင်း စလုံးအတွက်
သိပ်ပြီးမလွယ်ကူနိုင်တဲ့ ပြိုင်ဘက်မျိုးတွေဖြစ်နေကြတယ်။ အထူး သဖြင့်တော့ ဘာစီလိုနာရင်
ဆိုင်ရမယ့် ဗီလာရီးယဲလ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ယှဉ်ပြိုင်နေတဲ့အသင်းဖြစ်
နေတဲ့အပြင် လတ်တလောခြေစွမ်းအရ လည်း အတည်ငြိမ်ဆုံးအနေအထားမျိုးမှာ ရှိနေလို့
ဘာစီလိုနာအတွက် တကယ့် စိန်ခေါ်မှုအပြည့်ရှိနေတဲ့ ပွဲမျိုးဖြစ်နေတယ်။

ဘာစီလိုနာဟာ ဒီပွဲမတိုင်မီမှာလည်း ကိုပါဒယ်ရေး ဆီမီးတက်ရေးအတွက် အဆုံး အဖြတ်ပွဲကို
အလက်တီကိုကွင်းမှာ သွား ကစားထားရတာလည်းရှိသေးလို့ ခြေစွမ်း ထက်နေတဲ့ အသင်းကြီး
နှစ်သင်းနဲ့ ဆက် တိုက်ကစားရမယ့်အနေအထားဟာ ဘာစီ လိုနာရဲ့ ဒီရာသီ ချန်ပီယံခြေစွမ်းမျိုး
ပိုင်ဆိုင် ထားပြီလားဆိုတာကိုပါ မြင်နိုင်ရတော့မယ့် အနေအထားမျိုး ပါပဲ။ ဗီလာရီးယဲလ်ကိုကြည့်
ရင်တော့ အခု နောက်ပိုင်း ကစားပုံဟန်ချက်အတော်လေး ကို ညီနေတယ်။

အထူးသဖြင့် ခံစစ်ကစားပုံ အားကောင်းနေပြီး အနိုင်ရလဒ်ရအောင် အကောင်းဆုံး ထိန်းကစားပြ
နေတာ တွေ့ရ တယ်။ တိုက်စစ်ပိုင်းက တစ်ဂိုးနှစ်ဂိုးလောက် ရရင် အဲဒီဂိုးတွေကို ပြန်ပေးလိုက်ရ
တာမျိုး မရှိအောင် ဖြည်းဖြည်းမှန်မှန် ထိန်းကစား နေတဲ့ ဗီလာရီးယဲလ်ရဲ့ ကစားပုံက ထိရောက်
မှုရှိနေတဲ့အချိန်လို့တောင် ပြောနိုင်တယ်။ နောက်ပြီး ဗီလာရီးယဲလ်ရဲ့ ဒီရာသီ အဝေးကွင်းကစားပုံ
ကလည်း အားရစရာ ကောင်းနေတယ်။ လာလီဂါမှာ အဝေးကွင်းရှုံးပွဲတစ်ပွဲသာရှိသေးပြီး အဝေး
ကွင်းမှာဆို ခံစစ်ကိုလုံအောင် ကစားပြီးမှ တိုက်စစ်ပိုင်း ကို ထိထိရောက်ရောက်ကစားနိုင်ဖို့ ကြိုး
စား နေတဲ့ ဗီလာရီးယဲလ်ရဲ့ ကစားပုံကလည်း အလုပ်ဖြစ်နေတယ်။

ဒါပေမဲ့ ဘာစီလိုနာကလည်း ခုနောက်ပိုင်း တိုက်စစ်ကစားပုံ သိသိသာသာကို တိုးတက် လာနေ
တယ်။ အိမ်ကွင်း၊ အဝေးကွင်းမရွေး တိုက်စစ်က ဂိုးတွေသွင်းနေနိုင်ပြီး မက်ဆီ ကလည်း ပုံမှန်ဂိုး
တွေပြန်သွင်းနေနိုင်တဲ့ အချိန်မျိုးဖြစ်နေလို့ ဘာစီလိုနာတိုက်စစ်က အားရစရာ အကောင်းဆုံးအချိန်
လို့တောင် ပြောရမယ်။

၂၀၁၅ ထဲအဝင် ပထမဆုံးပွဲမှာ ဆိုစီဒက် ကို အဝေးကွင်းမှာ ရှုံးခဲ့ပေမယ့်နောက်ဆုံး ကစားခဲ့တဲ့
လာလီဂါ သုံးပွဲဆက်တိုက်မှာ ၁၃ ဂိုးအထိ သွင်းထားနိုင်တယ်။ နောက်ပြီး အိမ်ကွင်းမှာဆိုရင်
ဘာစီလိုနာ ဂိုးသွင်းနှုန်း ကလည်း စိတ်ချရတယ်။ အိမ်ကွင်းမှာ ဆယ်လ်တာကို ၁-၀ နဲ့ ရှုံးပြီး
နောက်ပိုင်း အိမ်ကွင်းပွဲတွေမှာ အနည်းဆုံး သုံးဂိုးသွင်းပြ ထားပြီး နောက်ဆုံး လာလီဂါ အိမ်ကွင်း
လေးပွဲမှာ ၁၈ ဂိုးအထိရထားတယ်။ ဒါ့ပြင် ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေး အိမ်ကွင်းပွဲတွေ မှာလည်း
ဘာစီလိုနာရဲ့ အိမ်ကွင်းတိုက်စစ် က ပုံမှန်ဂိုးတွေ သွင်းနေနိုင်တာ တွေ့ရလို့ အခုပွဲမှာ ဘာစီလိုနာ
တိုက်စစ်ကလည်း ဗီလာရီးယဲလ်ရဲ့ခံစစ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေတာလည်း အမှန်ပါပဲ။

ဘာစီလိုနာရဲ့ ဒီရာသီကစားပုံ အပြောင်း အလဲကလည်း အခုဆို တဖြည်းဖြည်းနဲ့ အရှိန်ရလာနေပြီ
ဖြစ်သလို တိုက်စစ်၊ ခံစစ် ကလည်း အရင်ရာသီတွေထက် ဟန်ချက် ပိုညီလာနေတာ တွေ့ရတယ်။
ကြားရက်မှာ ကစားရမယ့် အလက်တီကိုနဲ့ပွဲကြောင့် ဘာစီ လိုနာ ပွဲပန်းမှုရှိနိုင်တယ်လို့ ပြောနိုင်ပေ
မယ့် တစ်ဖက်မှာ အဲဒီပွဲကို ဘာစီလိုနာ ရလဒ် ကောင်းခဲ့ရင် ဘာစီလိုနာမှာ ယုံကြည်မှု ပိုကောင်း
သွားနိုင်တဲ့အချက်ကိုလည်း မေ့ထားလို့ မရပါဘူး။ ဗီလာရီးယဲလ်ကတော့ ဒီပွဲမှာ ဘာစီလိုနာ
တိုက်စစ်ကို ခေါ်ကစားနိုင်ဖို့ ခံစစ်ကိုပဲ အားပြုထားမှာ သေချာတယ်။

ပြီးမှ တန်ပြန် တိုက်စစ်ကို အမြန်ဆုံးပြန်ကစားနိုင်မယ့် ပုံမျိုးကိုပဲ အဓိကအသုံးပြုသွားဖို့ များနေ
တယ်။ ဗီလာရီးယဲလ်ဘက်ကို ကြည့်ရင် လည်း ဘာစီလိုနာလိုပဲ ကိုပါဒယ်ရေး အဆုံး အဖြတ်ပွဲကို
အဝေးကွင်းမှာ သွားကစားထား ရလို့ အဝေးကွင်းနှစ်ပွဲဆက်ကစားရမယ့်အနေအထားဟာ ဗီလာ
ရီးယဲလ်အတွက် လည်း ပွဲပန်း၊ ခရီးပန်းမယ့် အနေအထား အောက်မှာ ရုန်းကန်ရမယ့်ပုံမျိုးတော့
ပေးနေ တယ်။ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှ အစဉ် အလာတွေ ပြန်ကြည့်ရင်လည်း ဗီလာရီးယဲလ်
အတွက် ရလဒ်ကောင်းလေ့မရှိတာကလည်း ဘာစီလိုနာက စိတ်ဓါတ်ပိုင်းမှာ အသာစီး ရနေနိုင်
တာမျိုးလည်း ရှိနေနိုင်တယ်။

ဘာစီ လိုနာရဲ့ လတ်တလောအနေအထားကလည်း အရင်ကထက်ပိုအား ထုတ်ကစားနေတာမျိုး
တွေ့နေရလို့ အခုပွဲလည်း ဗီလာ ရီးယဲလ်ကိုအကောင်းဆုံး ဖိအားဆက်ပေးနိုင်အောင် ဒီပွဲကို အနိုင်
ရအောင်ကစားထားဦးမယ့်ပုံပါပဲ။ ဂိုးများနိုင်ပြီး ဘာစီလိုနာကိုပဲ ရွေးထား ရမယ့် ပွဲမျိုးဖြစ်နေတယ်။

အခြားပွဲစဉ်များ

စနေ၊ နံနက် ၂း၁၅ ရာယို - ဒီပို့တီဗို *
စနေ၊ ည ၉း၃၀ ရီးယဲလ် - ဆိုစီဒက် *
စနေ၊ ည ၁၁း၃၀ * အိုင်ဘာ - အလက်တီကို
တနင်္ဂနွေ၊ နံနက် ၁း၃၀ * ဂရန်နာဒါ - အယ်လ်ချီ
တနင်္ဂနွေ၊ နံနက် ၃း၃၀ * ဆယ်လ်တာ - ကော်ဒိုဘာ
တနင်္ဂနွေ၊ ညနေ ၅း၃၀ * လီဗန်တေး - ဘီလ်ဘာအို
တနင်္ဂနွေ၊ ည ၁၀း၃၀ * အယ်လ်မီရီယာ - ဂီတာဖေး
တနင်္လာ၊ နံနက် ၀၀း၃၀ * ဆီဗီလာ - အက်စ်ပန်ညို
အင်္ဂါ၊ နံနက် ၂း၃၀ * မာလာဂါ - ဗလင်စီယာ



ဖတ်ရှုမှုအများဆုံး