ကိုယ်ပိုင်အိမ်ကွင်းဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို လက်ခံကျင်းပတော့မည့် ဧရာဝတီယူနိုက်တက်အသင်း

ကိုယ်ပိုင်အိမ်ကွင်းဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို လက်ခံကျင်းပတော့မည့် ဧရာဝတီယူနိုက်တက်အသင်း

မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက် တက်အသင်းသည် ကိုယ်ပိုင်အိမ်ကွင်းဖြင့် မြန်မာ
နေရှင်နယ်လိဂ် ပြိုင်ပွဲများကို လက်ခံကျင်းပသွားတော့မည် ဖြစ်သည်။

ဧရာဝတီ တိုင်းဒေသကြီး ကိုယ်စားပြုအသင်းတစ်သင်း ဖြစ်သော ဧရာဝတီယူနိုက်တက်အသင်း
သည် ပုသိမ်မြို့၊ ကျောက်တိုင်ကွင်းကို အိမ်ကွင်း အဖြစ် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်။
အဆိုပါ ကျောက်တိုင်ကွင်းဖွင့်ပွဲကို ပြီးခဲ့ သည့် ဇန်နဝါရီ ၂၄ ရက်နေ့က ကျင်းပပြုလုပ် ခဲ့ပြီး မနော
မြေအသင်းနှင့် ယှဉ်ပြိုင်ကစား ခဲ့သော မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၃)ကို ပထမဆုံးအိမ်ကွင်းပွဲစဉ်
အဖြစ် လက်ခံကျင်းပ ခဲ့သည်။

အဆိုပါပွဲစဉ်ပွဲစဉ်တွင် ဧရာဝတီ ယူနိုက်တက်အသင်းက ငါးဂိုးဪဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
"ဧရာဝတီယူနိုက်တက်အသင်းက အိမ်ကွင်းမှာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေကို လက်ခံကျင်း
ပနိုင်ခဲ့ပါပြီ။ ပထမဆုံးအိမ်ကွင်း အဖွင့်ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့အတွက် အရမ်း ၀မ်းသာမိပါတယ်။
ကွင်းလုံးပြည့်လာရောက် အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူး အရမ်းတင်ပါတယ်"ဟု
ဧရာဝတီယူနိုက်တက်အသင်း၏ နည်းပြ မာဂျန်က ပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အိမ်ကွင်းပွဲစဉ်များကို အဆိုပါ
ကျောက်တိုင်ကွင်း၌ လက်ခံကျင်းပ သွားမည်ဖြစ်သော်လည်း ယင်းကွင်းမှာ အာရှ အဆင့်ပြိုင်ပွဲ
များကို လက်ခံကျင်းပနိုင်ရန် အဆင်သင့် မဖြစ်သေးသောကြောင့် အေအက်ဖ်စီဖလားပြိုင်ပွဲများ
ကိုမူ ရန်ကုန် မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

ပရိသတ် ၆,၀၀၀ ဆံ့သောကျောက်တိုင် ကွင်းကို ငွေကျပ်သိန်း ၄,၀၀၀ ကျော်အကုန် အကျခံ၍
ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ကျောက် တိုင်ကွင်းမြေနေရာအတွက် ပထမ သုံးနှစ်ကို အားကစားဝန်
ကြီးဌာနက အခမဲ့ သုံးစွဲခွင့်ပြု ခဲ့ပြီး သုံးနှစ်ပြည့်ပြီးနောက် ဧရာဝတီယူနိုက် တက်အသင်းက နှစ်
၅၀ ငှားရမ်းအသုံးပြု သွားမည်ဖြစ်သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အိမ်ကွင်းဖြင့်လက်ခံကျင်း
ပနိုင်သော ခြောက်သင်းမြောက် အသင်းတစ်သင်း ဖြစ်လာခဲ့သည်။ မြန်မာနေရှင်နယ်လိဂ် အသင်း
၁၂ သင်းအနက် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ၊ နေပြည်တော်နှင့် ဧရာ
၀တီယူနိုက် တက်အသင်းများသည် အိမ်ကွင်းပွဲစဉ်များကို လက်ခံကျင်းပလျက်ရှိသည်။

"ကိုယ့်မြို့ ကိုယ်စားပြုအသင်းဆိုတော့ အရင်ကတည်းက အားပေးပါတယ်။ ဒါပေမဲ့ ပွဲတွေရန်ကုန်
မှာ လုပ်တာဆိုတော့ တီဗီက လာရင်ကြည့်တယ်။ မလာရင်တော့ မကြည့်ဖြစ်ပါဘူး။ အခုဖွင့်ပွဲမှာ
လူပြည့်ခဲ့သလို နောက်ပွဲတွေလည်း လူပြည့်ဦးမှာပါ။ မြန်မာ နေရှင်နယ်လိဂ်က အသင်းတိုင်းမှာ
အိမ်ကွင်း မရှိသေးဘူးလေ။ အသင်းတွေအားလုံး အိမ်ကွင်းတွေရှိလာရင် ဒီပြိုင်ပွဲကြီးကို ပိုပြီး လူ
စိတ်ဝင်စားလာမယ်။ ပိုအောင်မြင်လာမှာ ပါ"ဟု ပုသိမ်မြို့ခံ၊ ဧရာဝတီယူနိုက်တက်၏ ပရိသတ်
ဦးတင်ထူးက မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိအချိန်တွင် ဧရာဝတီယူနိုက် တက်သည် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား
ဒုတိယနေရာ၌ ရပ်တည်နေသော အသင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး