မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပ သည့် ၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ်
အမှတ်ပေးပြိုင်ပွဲ၏ ပွဲစဉ်(၃)ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄၊ ၂၅ ရက်များတွင် ကျင်းပ ပြုလုပ်ခဲ့ရာ
အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းကြီးများ ရလဒ်ကောင်းခဲ့ကြသည်။
လက်ရှိချန်ပီယံ ရတနာပုံအသင်းက အိမ်ကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့သလို ရန်ကုန် ယူနိုက်တက်အသင်းကလည်း အိမ်ကွင်းတွင် ဇွဲကပင်အသင်းကို သုံးဂိုး
-ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ဇေယျာရွှေမြေအသင်းက လည်း ချင်းယူနိုက်တက်အသင်းကို ၂ဪ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းက ပထမ ဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် ပုသိမ်မြို့ ကျောက်တိုင်ကွင်းတွင်
မနောမြေအသင်းကို လက်ခံကစားခဲ့ရာ ငါးဂိုးဪဂိုးမရှိဖြင့် အနိုင်ရပြီး အိမ်ကွင်း အဖွင့်လှခဲ့သည်။
ဟံသာဝတီယူနိုက် တက်အသင်းနှင့် ကမ္ဘောဇအသင်းတို့၏ ပွဲစဉ်သည် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့
သလို မကွေးအသင်းနှင့် နေပြည်တော်အသင်းတို့၏ ပွဲစဉ်သည်လည်း ဂိုးမရှိသရေကျခဲ့သည်။
၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၃)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဧရာ
၀တီယူနိုက်တက်အသင်းတို့က သုံးပွဲကစား၊ သုံးပွဲနိုင် ရမှတ် ကိုးမှတ်စီဖြင့် အမှတ်ပေးဇယား၏
ပထမနေရာနှင့် ဒုတိယ နေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိပြီး လက်ရှိချန်ပီယံ ရတနာပုံ
အသင်းသည် သုံးပွဲ ကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရမှတ် ခုနစ်မှတ် ရရှိထားကာ တတိယ
နေရာတွင် ရပ်တည်နေသည်။ အမှတ်ပေးဇယားအောက် ခြေတွင် မနောမြေအသင်းက ရမှတ်
တစ်မှတ် ရရှိထားပြီး ရခိုင်ယူနိုက်တက်အသင်းက သုံးပွဲကစား၊ သုံးပွဲရှုံးဖြင့် ရပ်တည်နေသည်။
ပွဲစဉ်(၄)များကို လာမည့် ဇန်နဝါရီလ ၃၀၊ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ များတွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မနောမြေနှင့် ရတနာပုံ၊ ဟံသာဝတီယူနိုက် တက်နှင့် နေပြည်တော်၊
ကမ္ဘောဇနှင့် ရခိုင် ယူနိုက်တက်၊ ဇေယျာရွှေမြေနှင့် ဧရာဝတီ ယူနိုက်တက်၊ ချင်းယူနိုက်တက်နှင့်
ရန်ကုန် ယူနိုက်တက်၊ ဇွဲကပင် ယူနိုက်တက်နှင့်မကွေးအသင်းတို့က အသီးသီးယှဉ်ပြိုင်ကစား
သွားကြမည်ဖြစ်သည်။














