၂၀၁၅ အာရှဖလား ဩစတြေးလျနှင့် တောင်ကိုရီးယားတို့ ဗိုလ်လုပွဲတက်

၂၀၁၅ အာရှဖလား ဩစတြေးလျနှင့် တောင်ကိုရီးယားတို့ ဗိုလ်လုပွဲတက်

ဩစတြေးလျနိုင်ငံတွင် ကျင်းပလျက်ရှိ သော ၂၀၁၅ အေအက်ဖ်စီ အာရှဖလား ပြိုင်ပွဲ
နောက်ဆုံးဗိုလ်လုပွဲသို့ အိမ်ရှင် ဩစတြေးလျအသင်းနှင့် တောင်ကိုရီး ယားတို့ တက်ရောက်
သွားပြီဖြစ်သည်။

ဩစတြေးလျအသင်းသည် အကြို ဗိုလ်လုပွဲတွင် ယူအေအီးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး
ဗိုလ်လုပွဲ သို့ တက်လာခဲ့ခြင်းဖြစ်ကာ၊ တောင် ကိုရီးယားအသင်းကလည်း အီရတ်အသင်းကို နှစ်ဂိုး
- ဂိုးမရှိဖြင့် အနိုင်ရရှိ ပြီး ဗိုလ်လုပွဲသို့ တက်လာနိုင်ခြင်းဖြစ် သည်။ အာရှဖလား နောက်ဆုံးဗိုလ်လု
ပွဲ ကို ယခုလ ၃၁ ရက် စနေနေ့ မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင် ကစားသွားမည်
ဖြစ်ပြီး တတိယနေရာလုပွဲကို ၃၀ ရက်၊ သောကြာနေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်
သည်။

ဩစတြေးလျအသင်းနှင့် တောင် ကိုရီးယားအသင်းတို့သည် အာရှဖလား ပြိုင်ပွဲ အုပ်စု (က)တွင်
တစ်အုပ်စုတည်း ကျရောက်ခဲ့သော အသင်းများဖြစ်ပြီး အုပ်စုပွဲစဉ်တွင် တောင်ကိုရီးယားအသင်း
က ၁ဈဝ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အာရှဖလားပြိုင်ပွဲကို ယခုလ ၉ ရက်နေ့မှ စတင်ကာ ဩစတြေး
လျနိုင်ငံ မြို့ကြီးငါးမြို့တွင် အသင်း ၁၆ သင်းကို အုပ်စု လေးခုခွဲကာ ကျင်းပခဲ့ ခြင်းဖြစ် သည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး