လာမည့် ဇွန်လ ၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည့် (၂၈)
ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၃၁ မျိုးကို
အားကစား သမား ၃၀၀ ကျော်ဖြင့် ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း အားကစားဝန်ကြီး
ဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က ပြောသည်။
ဦးသောင်းထိုက်က"အားကစားနည်း ၃၁ မျိုးဝင်ရောက်ယှဉ်ပြိုင်သွားပါမယ်။ ဒီ ၃၁ မျိုးမှာ မနှစ်က
အောင်မြင်မှုရခဲ့တဲ့ အားကစားနည်းတွေပါ၀င်သလို ဒီနှစ်မှ ပထမဦးဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်
မယ့် အားကစားနည်းတွေလည်း ပါ၀င်ပါတယ်။ရွှေတံဆိပ် ဘယ်နှခုရ ရမယ်လို့ ကြိုတင်မပြောချင်
ပါဘူး။ ရွှေတံဆိပ်ရရှိရေးထက် ပါ၀င်ယှဉ်ပြိုင်ရေးကို ဦးစားပေးယှဉ်ပြိုင်သွားမှာပါ"ဟုပြောသည်။
အဆိုပါ (၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၃၆ မျိုးကို ထည့်သွင်း ကျင်းပသွား
မည်ဖြစ်ပြီး အာဆီယံနိုင်ငံ ၁၁ နိုင်ငံက အားကစားသမား ရ,၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြ
မည် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ
ကျင်းပခဲ့သော (၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် အားကစားနည်း ၃၁ မျိုး ထည့်သွင်းကျင်းပ
ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ က ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခုနှင့် ကြေးတံဆိပ် ၈၅ ခုတို့ ရရှိကာ
နိုင်ငံအလိုက် အဆင့်(၂) နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ "မနှစ်က အောင်မြင်မှုတွေ ရခဲ့တယ်။
ရွှေတံဆိပ်တွေ အများကြီး ရခဲ့တယ်ဆိုတာက ကျွန်တော်တို့မှာ အိမ်ရှင်အားသာချက်တွေ ရှိခဲ့ပါ
တယ်။ မနှစ်က အိမ်ရှင်မြန်မာက နိုင်ငံ အလိုက် အဆင့်(၂)ရခဲ့ပါတယ်။ စင်ကာပူက အဆင့်(၆)
ပါ။
ဒီနှစ် စင်ကာပူက အိမ်ရှင် ဆိုတော့ အဆင့်တက်လာမှာပါ။ ဆီးဂိမ်း ပြိုင်ပွဲမှာ အိမ်ရှင်နိုင်ငံတွေက
ကိုယ်အားသာ တဲ့ အားကစားနည်းတွေကို ရွေးချယ် ထည့်သွင်းတတ်ကြပါတယ်။ ကိုယ့်ရိုးရာ
အားကစားနည်းတွေကိုလည်း ထည့်သွင်း ကျင်းပကြပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ့ လက်ရွေးစင်
အားကစားသမားအားလုံး အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားကြ မှာပါ။ သူတို့ကို ကျွန်တော်
ယုံကြည်ပါတယ်" ဟု ဦးသောင်းထိုက်က ပြောသည်။
စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၁၉၇၃၊ ၁၉၈၃ နှင့် ၁၉၉၃ ခုနှစ်များ
တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ပြီး ယခု (၂၈)ကြိမ်မြောက်ဆီးဂိမ်း ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင်
စတုတ္ထအကြိမ် မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။















