မန်နေဂျာအဖြစ်က အနားယူသော်လည်း မန်ယူမှာ ၀င်ငွေကောင်းနေဆဲ ဖာဂူဆန်

မန်နေဂျာအဖြစ်က အနားယူသော်လည်း မန်ယူမှာ ၀င်ငွေကောင်းနေဆဲ ဖာဂူဆန်

မန်ယူရဲ့ပုံရိပ်ကြီး ကမ္ဘာတစ်လွှားမှာ အထင် ကရဖြစ်သွားအောင် ထူထောင်နိုင်ခဲ့တဲ့ မန်နေဂျာကြီး
ဆာအဲလက်စ် ဖာဂူဆန် တစ်ယောက် ဘောလုံးလောကထဲကနေ အနားယူသွားပေမယ့် ဆာဖာဂူ
ဆန် တစ်ယောက်မန်ယူမှာ ၀င်ငွေကောင်းနေဆဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို တစ်ချိန်က သူနဲ့
သိပ်ကို အဆင်ပြေခဲ့တဲ့ ဂျာနယ်လစ် ဒန်နီယယ်တေလာက ထုတ်ဖော်ပြော လိုက်တာပဲ ဖြစ်ပါ
တယ်။

အဲဒီအတွက် ဖာဂီနဲ့ တေလာတို့ကြားမှာတော့ အစေးကပ် တော့မယ် မထင်ပါဘူး။ ၂၀၁၂-၁၃
ဘောလုံးရာသီကုန်မှာ မန်ယူမန်နေဂျာ အဖြစ်က အနားယူလိုက်တော့ မန်ယူနဲ့ ဖာဂူဆန်တို့ကြား
မှာ သံယောဇဉ်ဆိုတာ ကလွဲရင် တစ်ခြားဘာဆက်ဆံမှုမှမရှိတော့ ဘူးလို့ ထင်ထားပေမယ့်
ဖာဂူဆန်တစ်ယောက် မန်ယူမှာ ၀င်ငွေကောင်းနေဆဲဆိုတော့ အံ့ဩစရာဖြစ်သွားစေခဲ့ပါတယ်။
မန်နေဂျာအဖြစ်က အနားယူတော့ သူဟာမန်ယူရဲ့ ဂလိုဘယ်သံတမန်တစ်ယောက်အနေနဲ့
ခန့်အပ်ခြင်းဟာ ဂုဏ်သိက္ခာ အတွက်လို့သာထင်ထားတာပါ။ အခုလို ၀င်ငွေကောင်းမယ်လို့
ထင်ထားတာ မဟုတ် ပါဘူး။

ဒါပေမဲ့ ဖာဂူဆန်ကိုမန်ယူက ငွေကြေးအမြောက်အမြား ရရှိနေတာက ဒီမာရီယာလို ပြီးခဲ့တဲ့
နွေရာသီကမှ ရောက် လာတဲ့ကစားသမားရဲ့ဝင်ငွေထက်တောင် ပိုလို့ များပြားနေခဲ့ပြီဖြစ်ပါတယ်။
ဆာအဲလက်စ် ဖာဂူဆန်တစ်ယောက် မန်ယူရဲ့ ဂလိုဘယ်သံတမန် ရာထူးကနေရယူနေတဲ့
ငွေကြေးက တစ်နေ့ကို ပေါင် ၁၀၈,၂၅၀ ပဲဖြစ်ပါတယ်။ တစ်လမှာ ရက် ၂၀ အလုပ်လုပ်နေ
တာဖြစ်ပါတယ်။ ဒါကြောင့် ဖာဂူဆန်ဟာ တစ်လအတွက် (သို့မဟုတ်) ရက် ၂၀ အတွက်
မန်ယူကနေရနေတဲ့ဝင်ငွေကပေါင် ၂,၁၆၅,၀၀၀ ရရှိနေဆဲပဲဖြစ်ပါတယ်။

တစ်လကိုပေါင် ၂ ဒသမ ၁၆၅ သန်းရရှိနေခြင်းက မန်နေဂျာ လုပ်တာထက်ကို ပိုပြီးရနေတဲ့
၀င်ငွေပဲ ဖြစ်ပါတယ်။ မန်ယူ ဂလိုဘယ် သံတမန် တစ်ယောက်ရဲ့ တစ်ရက်ဝင်ငွေ ပေါင် တစ်သိန်း
ကျော်ကို ဗြိတိသျှဝန်ကြီးချုပ် ဂျိမ်းစ်ကင်မရွန်ရဲ့ တစ်ရက်ဝင်ငွေနဲ့ ယှဉ်ထိုးကြည့်လိုက်ရင် ဖာဂူဆန်
တစ်ရက်ဝင်ငွေရဲ့ ၁၄ ပုံ ၁ ပုံသာ ဂျိမ်းစ်ကင်မရွန် ရရှိတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

ဖာဂူဆန်ရဲ့မန်ယူကနေရနေတဲ့ ဒီဝင်ငွေကို မန်ယူရဲ့ 26 page document ကနေ ဖော်ပြထား
ခဲ့တာဖြစ်ပါတယ်။ ဒီအချက် အလက်ကို ကြည့်လိုက်ရင် ဖာဂူဆန်ရဲ့ တစ်လဝင်ငွေဟာပရီမီယာ
လိဂ် လက်ရှိမန်နေဂျာတွေရနေတဲ့ တစ်နှစ်ဝင်ငွေထက် ပိုနေတာကို တွေ့ရမှာပဲဖြစ်ပါ တယ်။
သူမန်နေဂျာဘဝမှာတုန်းက မန်ယူ ကနေ သူ့ကိုပေးတဲ့ တစ်နှစ်ဝင်ငွေက ပေါင်ခုနစ်သန်းသာ
ရှိထားခဲ့တာပါ။ အခုအနားယူပြီး သံတမန်ဘဝရောက်မှပဲ ဖာဂူဆန်ဟာ မန်ယူမှာ ပိုပြီးဝင်ငွေ
ကောင်း နေခဲ့တာက ထူးခြားနေခဲ့ပြီဖြစ်ပါတယ်။


 

ဆာဘော်ဘီချာလ်တန်ဟာလည်း မန်ယူရဲ့ ဂုဏ်ထူးဆောင် သံတမန်တစ်ယောက် ဖြစ်ပါတယ်။
ဒါပေမဲ့ သူရတဲ့ငွေက တစ်နှစ် လုံးမှ ပေါင် ၁၀၅,၂၅၀ သာရရှိထားတာက ဖာဂူဆန်ရဲ့ တစ်ရက်
၀င်ငွေလောက်ပဲ ရှိနေလို့ အံ့ဩနေကြတာပဲဖြစ်ပါတယ်။ မန်ယူဟာ ဘယ်အတွက်ရယ်ကြောင့်
ဖာဂူဆန်ကို ဒီလောက်များပြားတဲ့ငွေတွေ ပေးထားသလဲဆိုတာတော့ ဖာဂူဆန်နဲ့ မန်ယူသာပဲ
သိနေမှာဖြစ်ပါတယ်။ ဖာဂူဆန်တောင် အတိအကျသိချင်မှ သိနေ မှာပါ။ တကယ်ထဲထဲဝင်ဝင်
သိမှာက မန်ယူပိုင်ရှင်နဲ့ မန်ယူ စီအီးအိုတို့သာပဲ သိနေမှာဖြစ်ပါတယ်။

မန်ယူဟာ မနှစ်က ချန်ပီယံလိဂ်ဝင်ခွင့် မရလိုက်တဲ့အတွက်ဝင်ငွေကျဆင်းသွားခဲ့လို့ ပြန်မတင်နေ
တဲ့အချိန်ကာလဖြစ်နေပါတယ်။ ဒါကြောင့်တချို့က အနားယူထားတဲ့သူတစ်ယောက် ကို လေးစား
အသိအမှတ်ပြုသင့်ပေမယ့် ဒီလောက်အထိ ပံ့ပိုးပေးသင့်သလားလို့ မေးခွန်းထုတ်နေကြပါတယ်။
ပြီးခဲ့တဲ့နွေရာသီက မန်ယူကို ပေါင်သန်း ၆၀ နဲ့ရောက်လာတဲ့ အာဂျင်တီးနား လက်ရွေးစင် ဒီမာရီ
ယာဟာ မန်ယူမှာ တစ်ပတ်ကို လုပ်ခပေါင် ၂၈၀,၀၀၀ ရထားလို့ သူ့အတွက် ၀မ်းသာစရာဖြစ်
ကောင်း ဖြစ်ပေမယ့် အခုဖာဂူဆန်ဝင်ငွေနဲ့ ယှဉ် လိုက်တော့လည်း ဒီမာရီယာ ၀င်ငွေဆိုတာ
အလကားဖြစ်သွားရပြီဖြစ်ပါတယ်။

လိဂ်ဘောလုံးပြိုင်ပွဲဆိုတာ ပရိသတ်တွေ ကျေနပ်လောက်အောင် ပျော်ရွှင်မှုတွေပေးတဲ့ အားကစား
နည်းမဟုတ်ဘူးဆိုတာ ပြောင်းရွှေ့ကြေးတွေ၊ ကစားသမားတွေရဲ့ လုပ်ခလစာတွေ၊ မန်နေဂျာ
ကောင်းတွေ၊ ရုပ်သံထုတ်လွှင့်ကြေး ၀င်ငွေ၊ စပွန်ဆာတွေ၊ အစားအသောက်ရောင်းချရတဲ့ ၀င်ငွေ
တွေ၊ ကလပ်ဂျာစီအကျႌရောင်းချရငွေတွေ အပြင် အခုတော့ သံတမန်တစ်ယောက်ရဲ့ အခန်းကဏ္ဍ
ဟာ အသစ်တစ်ခုဖြစ်လာပြီလားလို့ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ မန်ယူနဲ့ ဖာဂူဆန်ခွဲခြားမရ
သလို ဖာဂူဆန် နဲ့ မန်ယူပရိသတ်တွေ ဆိုတာကလည်း တစ်သားတည်းဖြစ်နေတာက သေချာ
ပါ တယ်။ မျက်မှောက်မန်ယူလောကမှာ ဆာ မတ်ဘက်စ်ဘီဆိုတာထက် ဆာအဲလက်စ် ဖာဂူဆန်
ဆိုတာပဲ ကမ္ဘာကြီးက သိထားကြတာဖြစ်ပါတယ်။ လိဂ်ဘောလုံးလောက ဆိုတာ ဘောလုံးစီးပွား
ရေးလုပ်ငန်းဖြစ်နေတော့ ဒီလိုပရိသတ်ပုံရိပ်ဖြစ်စေသူဟာလည်း အရေးကြီးလာနေတာတော့ အမှန်
ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖာဂူဆန်ရရှိနေတဲ့ဝင်ငွေက သိပ်ကိုများလွန်းနေတော့လည်း သံသယတို့၊ ကျွဲမြီးတိုခြင်းတို့
ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ရက် ၂၀ ကို ပေါင်နှစ်သန်းရနေတဲ့ ဘဝလောက် ကောင်းတာဘာရှိ
သေးလို့လဲ၊ ဒါပေမဲ့ များလွန်းမနေဘူးလား လို့ မေးခွန်းထုတ်ကြတာ မလွန်လွန်းပါဘူး။ လွန်နေတာ
ကပေးသူ မန်ယူပါပဲ။ အဲဒီတော့ လည်း ဖာဂူဆန်ပါ အဖျားရိုက်တာကို ခံလိုက် ရတာပဲဖြစ်ပါတယ်။
သံတမန်တစ်ယောက်ဘဝမှာ ဖိအားရှိပါတယ်။ အားထုတ်ရပါတယ်ဆိုရင်တောင် မန်နေဂျာ တစ်
ယောက်လောက်တော့ ဖိအားတွေ၊ အားထုတ်ရတာတွေလောက် တော့ရှိမှာ မဟုတ်ပါဘူး။

ဖာဂူဆန်အပေါ် မန်ယူဟာ ဘာကြောင့်ရက်ရောမှု ပေးနေရတာလဲ ဆို တာက စိတ်ဝင် စားစရာ
ကောင်းလို့ နေပါ ရဲ့။



ဖတ်ရှုမှုအများဆုံး