မထင်မှတ်တဲ့ အက်ဖ်အေဖလားပွဲတွေ နောက်ထပ်ဖြစ်လာဦးမလား - အက်ဖ်အေဖလားပွဲစဉ်များ

မထင်မှတ်တဲ့ အက်ဖ်အေဖလားပွဲတွေ နောက်ထပ်ဖြစ်လာဦးမလား - အက်ဖ်အေဖလားပွဲစဉ်များ

၀က်စ်ဘရွန်း - ၀က်စ်ဟမ်း (စနေ၊ ည ရး၁၅)
ဒီပွဲကတော့ ပရီမီယာလိဂ်နှစ်သင်းတွေ့နေတဲ့ပွဲဖြစ်ပါတယ်။ ပရီမီယာလိဂ်မှာတော့ ၀က်စ်ဟမ်းက
ပိုပြီးရလဒ်ကောင်းနေပြီး ၀က်စ်ဘရွန်းကတော့ ရုန်းကန်နေရပါတယ်။ ဒါကြောင့် ၀က်စ်ဟမ်းဒီပွဲမှာ
လည်း သာတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ၀က်စ်ဘရွန်းကို လျှော့မတွက် သင့်ပါဘူး။ တိုက်စစ်မှာ
သတိထားရမယ့် ကစားသမားတွေရှိနေပါတယ်။ ၀က်စ်ဟမ်းမှာ နောက်တန်းအတွင်းလူတွေဖြစ်တဲ့
၀င်စတန်ရိဒ်၊ ကောလင်းတို့ဒဏ်ရာရနေပါတယ်။ တိုက်စစ် မှာ အင်ဒီကာရိုးလ်လည်းမကစားနိုင်လို
့ ၀က်စ်ဟမ်းအားနည်းနေပါတယ်။ ၀က်စ်ဘရွန်း အနိုင်နဲ့ သရေကစားနိုင်ပါတယ်။

ဘလက်ဘန်း - စတုတ် (စနေ၊ ည ၉း၃၀)
ဘလက်ဘန်းက ပြီးခဲ့တဲ့အက်ဖ်အေဖလားပွဲမှာ ပရီမီယာလိဂ်အသင်း ဆွမ်ဆီးကို ဂိုးပြတ်နဲ့ အနိုင်
ကစားပြီး ဒီအဆင့်ကို တက်လာတာဖြစ်ပါတယ်။ ဘလက်ဘန်းက လိဂ်ချန်ပီယံရှစ်တန်း မှာ
အဆင့်(၉)နေရာမှာ ရှိနေပါတယ်။ အိမ်ကွင်းဆိုရင် ခပ်မာမာကစားတတ်တဲ့အသင်းဖြစ်ပါ တယ်။
စတုတ်က နောက်တန်းသမားတွေဖြစ်တဲ့ ရှောခရော့၊ ပီတာ၊ ၀ီလ်ဆင်တို့ဒဏ်ရာရနေလို့ နောက်
တန်းအားနည်းနေပါတယ်။ ဒီအားနည်းချက်က ဘလက်ဘန်းဂိုးသွင်းသွားနိုင်တဲ့အချက် ဖြစ်ပါ
တယ်။ ဘလက်ဘန်းအနိုင်နဲ့ သရေပါပဲ။

ဒါဘီ - ရက်ဒင်း (စနေ၊ ည ၉း၃၀)
လိဂ်ချန်ပီယံရှစ်တန်းကနှစ်သင်းထိပ်တိုက်တွေ့နေတာဖြစ်ပါတယ်။ လိဂ်ချန်ပီယံရှစ်တန်း မှာ
ဒါဘီက အဆင့်(၂)နေရာမှာရှိနေပြီး ရက်ဒင်းက အဆင့်(၁၃)နေရာမှာရှိနေပါတယ်။ လိဂ်ချန်
ပီယံရှစ်ပထမအကျော့ကစားပြီးတော့ ရက်ဒင်းကွင်းမှာ ဒါဘီက ၃-၀ နဲ့ဂိုးပြတ်အနိုင်ရ ထားပါ
တယ်။ လက်ရှိကစားနေတဲ့ အနေအထားမှာလည်း ဒါဘီကစားပုံအရမ်းကောင်းနေပါ တယ်။
တိုက်စစ်ဂိုးသွင်းနိုင်သလို ခံစစ်ကလည်း ဂိုးမပေးရပါဘူး။ ရက်ဒင်းကတော့ အဝေးကွင်း ဆိုရင်
ကစားပုံမကောင်းပါဘူး။ အခုပွဲမှာဒါဘီနိုင်မှာ သေချာပါတယ်။ ဂိုးတောင်ပြတ်နိုင် ပါတယ်။

ခရစ္စတယ်ပဲလေ့စ် - လီဗာပူး (တနင်္ဂနွေ၊ နံနက် ၀၀းဝဝ)
အလန်ပါဂျူးနဲ့ ဘရန်ဒန်ရော်ဂျာ ဘယ်သူတော်သလဲစောင့်ကြည့်ရမယ့်ပွဲပဲ ဖြစ်ပါတယ်။ လီဗာပူး
ကလည်း ရလဒ်ကောင်းနေသလို ပဲလေ့စ်ကလည်း ပါဂျူးလက်ထက်မှာ ရလဒ်တွေ ကောင်းနေပါ
တယ်။ ပဲလေ့စ်ဟာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ အနိုင်ရပြီး ဒီအဆင့်ကို တက်လာခဲ့တာ
ဖြစ်ပါတယ်။ အလန်ပါဂျူးလက်ထက်မှာ အသင်းဟာ စိတ်ဓာတ်ပိုင်းက အစကောင်းနေပါတယ်။
လီဗာပူးကတော့ တစ်ပတ်ကို နှစ်ပွဲနှုန်းကစားနေရလို့ ပွဲပန်းနေ ပါတယ်။ ဘော်လ်တန်ကို
ကံကောင်းပြီးလီဗာပူးတက်လာတာပါ၊ လီဗာပူး ခက်ခက်ခဲခဲကစားရ နိုင်တဲ့ပွဲဖြစ်ပါတယ်။
ပဲလေ့စ်က နေရမယ့်ပွဲဖြစ်ပါတယ်။

ဗီလာ - လက်စတာ (တနင်္ဂနွေ၊ ည ရးဝဝ)
အသင်းညံ့နှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်ပါတယ်။ ဗီလာရော၊ လက်စတာပါ ခံစစ်တွေ ညံ့နေပြီး
တိုက်စစ်တွေကလည်း မထက်မြက်ကြပါဘူး။ ဗီလာက ဘွန်းမောက်ကို အနိုင်ရပြီး တက်လာသ
လို လက်စတာကလည်း စပါးကို အဝေးကွင်းအနိုင်ရပြီး တက်လာတာဖြစ်ပါတယ်။ ဗီလာကွင်း
လယ်ကစားအားက လက်စတာထက် ပိုကောင်းတာကိုတွေ့ရပါတယ်။ အသင်းချင်း က သိပ်မကွာ
တဲ့အတွက် ဗီလာကစားနိုင်မယ်ထင်မိပါတယ်။ ဗီလာနိုင်ပွဲတွေ့မှာမို့ ဗီလာကို ရွေးချယ်ရမယ့်အချိန်
ကောင်းဖြစ်ပါတယ်။

ဘရက်ဖို့ဒ် - ဆန်းဒါးလန်း (တနင်္ဂနွေ၊ ည ၉းဝဝ)
ဘရက်ဖို့ဒ်က လိဂ်ဝမ်းမှာ ကစားနေတဲ့အသင်းဖြစ်ပါတယ်။ ဆန်းဒါးလန်းအနေနဲ့ ဘရက်ဖို့ဒ် နဲ့တွေ့
လို့ ပွဲချောင်တယ်လို့ယူဆလို့မရပါဘူး။ ဘရက်ဖို့ဒ်ဟာ ချယ်လ်ဆီးကို စတန်းဖို့ဒ်ကွင်းမှာ ၄-၂ နဲ့
အံ့ဩဖွယ် အနိုင်ကစားထားတဲ့ အသင်းငယ်ပဲဖြစ်ပါတယ်။ တစ်ဦးချင်းထက် အသင်း လိုက် စိတ်
ဓာတ်အပြည့်နဲ့ကစားလို့ ချယ်လ်ဆီးအိမ်ကွင်းမှာ လက်မြှောက်အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။
ဆန်းဒါးလန်း သတိထားကစားလာမယ့်ပွဲဖြစ်ပါတယ်။ ဘရက်ဖို့ဒ်တို့ အသင်းကြီးတစ်သင်းကို
ထပ်ပြီး နောက်ကောက်ချနိုင်လို့ဘရက်ဖို့ဒ်က နေရမယ့်ပွဲပါ။

အာဆင်နယ် - မစ်ဒယ်ဘရော့ (တနင်္ဂနွေ၊ ည ၁၀း၃၀)
မစ်ဒယ်ဘရော့က ပြီးခဲ့တဲ့အက်ဖ်အေဖလားပွဲမှာ မန်စီးတီးနဲ့ အဝေးကွင်းမှာ ကစားခဲ့ ရတာပါ၊
မန်စီးတီးကွင်းမှာ မစ်ဒယ်ဘရော့ ၂-၀ နဲ့အနိုင်ရပြီး အခုလိုတက်လာတာဖြစ်ပါ တယ်။ အခုပွဲမှာ
ရော ဘိုရိုဟာ ကမောက်ကမရလဒ်ထွက်အောင် ကစားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပဲဖြစ်
ပါတယ်။ အာဆင်နယ်အနေနဲ့ ဘိုရိုကိုလျှော့တွက်မှာမဟုတ်လို့ ဘိုရိုခက်ခက်ခဲခဲကစားရပါလိမ့်
မယ်။ အာဆင်နယ်သတိထားလေ၊ ဘိုရို ကစားရခက်လေဖြစ်ပါ လိမ့်မယ်။ ဒါကြောင့်အာဆင်နယ်
အနိုင်ရသွားပါလိမ့်မယ်။ နှစ်ဂိုးပြတ်အနိုင်ရပါလိမ့်မယ်။

ပရက်စတန် - မန်ယူ (အင်္ဂါ၊ နံနက် ၂း၁၅)
ပရက်စတန်က လိဂ်ဝမ်းကလပ်အသင်းဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာ သရေ
ကျလို့ ရှက်ဖီးယူနိုက်တက်ကွင်းမှာ ပြန်ကစားတော့ အနိုင်ရပြီး တက်လာတာဖြစ်ပါ တယ်။ မန်ယူ
ကလည်း ကင်းဘရိတ်ချ်ကို အဝေးကွင်းမှာ သရေကစားကာ အိမ်ကွင်းမှာ ပြန်ကစားတော့ ၃-၀ နဲ့
အနိုင်ရပြီး တက်လာတာဖြစ်ပါတယ်။ မန်ယူဟာ ကုန်ကျစရိတ်တွေ များလို့ အဝေးကွင်းမှာ သရေ
ကစားပြီး အိမ်ကွင်းကိုခေါ်ကစားနေသလားလို့ တွေးမိပါ တယ်။ အိမ်ကွင်းပရိသတ်ထံက ကွင်းဝင်
ကြေးအများအပြားရနိုင်လို့ အခုပွဲမှာလည်း မန်ယူသရေခံကစားနိုင်ပါတယ်။ ပရက်စတန်ကိုကြိုက်
ပါတယ်။



ဖတ်ရှုမှုအများဆုံး