ရိုးမားတိုက်စစ် ဂိုးမြူးမယ့်ပွဲ

ရိုးမားတိုက်စစ် ဂိုးမြူးမယ့်ပွဲ

ရိုးမား - ပါးမား
တနင်္ဂနွေ၊ ည ၈း၃၀ ကိုပါအီတာလျံဖလား ကွာတားဖိုင်နယ် တွင် ဖီအိုရင်တီးနားကို အိမ်ကွင်း၌
၂-၀ ဖြင့် အရေးနိမ့်ပြီးနောက် ယင်းပြိုင်ပွဲမှ ထွက်လိုက် ရသော ရိုးမားသည် စီးရီးအေတွင် အာရုံ
စူးစိုက်မှုကို မြှင့်တင်လိုက်သည်။

တစ်ဖက် တွင် ဂျူဗင်တပ်နှင့် အမှတ်ကွာဟမှု ကြီးမား လာပြီးနိုင်ပွဲဆက်နေသော တတိယနေရာ
က နာပိုလီကလည်း တောက်လျှောက်လိုက်လံ ဖိအားပေးနေသောကြောင့် ရိုးမားသည် စီးရီးအေ
တွင် အသင်းကို ပြန်လည်'ဆွဲတင်'ရန် ကြိုးစားလာသည်။ လတ်တလော ခြေစွမ်းကျဆင်းမှုများဖြင့်
ရင်ဆိုင်နေရသော ရိုးမားသည် ကွင်းလယ် နှင့်တိုက်စစ်တွင် လူအင်အားအပြည့်အစုံ ထည့်သွင်း
ကစားနိုင်ခြင်းမရှိတာကို တွေ့ရ သည်။ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် တွင် အီတလီတိုက်
စစ်မှူးများ ဖြစ်ကြသော ဒက်စထရို (အေစီမီလန်)၊ ဘော်ရီလို (ဂျီနိုအာ)တို့ကို 'ရုံခါ'လိုက်ပြီး ကက်
ဂလီယာရီအသင်းက ကိုလံဘီယာတိုက်စစ်မှူး ဗစ်တာအိုင်ဘာဘိုကို ပြန်လည်ခေါ်ယူခဲ့သော
ရိုးမားသည် လတ်တလော တိုက်စစ် မတည်ငြိမ်မှုများဖြင့် ကြံုတွေ့နေရသည်။

ပြီးခဲ့သော ပွဲစဉ်တွင် ကက်ဂလီယာရီကို ၂ဪ၁ ဖြင့် အနိုင်ရခဲ့ရာ၌ တိုက်စစ်သမား များဖြစ်ကြ
သော ဂျာဗင်ဟို၊ အိုင်တာဘီ၊ ဖလိုရန်ဇီတို့ ပါ၀င်ကစားနိုင်ခြင်းမရှိကြဘဲ အငှားဖြင့် ခေါ်ယူခဲ့သော
ကိုလံဘီယာ တိုက်စစ်မှူး ဗစ်တာအိုင်ဘာဘိုကလည်း အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ကစား
ခွင့်မရှိသောကြောင့် ရိုးမားသည် တိုက်စစ်မှူး အဒမ်လာဂျစ်နှင့် တွဲဖက်ကာ အသက် ၁၈ နှစ်သာရှိ
သေးသော အီတလီတိုက်စစ်မှူး လေး ဒါနီလီဗာဒီကို ပွဲထုတ်ခဲ့သည်။

တစ်ဖန် ကွင်းလယ်တွင် နယ်သာလန်လက်ရွေးစင် ကီဗင်စထရုမင်း၊ အီတလီလက်ရွေးစင် ဒီရော့စီ
တို့ မပါ၀င်နိုင်ခြင်းကြောင့်နိုင်ဂိုလန်၊ ပန်နစ်၊ ကီတာတို့ဖြင့် အထိုင်ချခဲ့ရသည်။ အလားတူ ဗဟိုခံစစ်
တွင် လည်း ဘရာဇီးလ်လက်ရွေးစင် ကာစတန် ပါ၀င်နိုင်ခြင်း မရှိတာကို တွေ့ရသည်။ လေးပွဲ
ဆက်တိုက် သရေကျခဲ့သောရိုးမားသည် ယေဘုယျအားဖြင့် တိုက်စစ် ကျဆင်းသွားသည်။

အထူးသဖြင့် ပါလာမို၊ ဖီအိုရင်တီးနား၊ အမ်ပိုလီတို့ကို ရင်ဆိုင်ခဲ့ရာ တွင် ဘောလုံးပိုင်ဆိုင်မှု
အသာစီးဖြင့် ဂိုးသွင်းခွင့်များ ဖန်တီးနိုင်သော်လည်း အပြီးသတ် ဂိုးသွင်းယူမှု မပိုင်နိုင်ခြင်းကြောင့်
သေချာပေါက် ဂိုးရမည့် အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးကာ သရေမကျသင့်ဘဲ သရေကျခဲ့
ရသည်။

အဓိက တိုက်စစ်သမား ဂျာဗင်ဟို ပါ၀င်နိုင်ခြင်း မရှိချိန်တွင် အသင်း တွင် မပျော်မရွှင်ဖြစ်နေသော
အီတလီ တိုက်စစ်မှူး ဒက်စထရိုကို အေစီမီလန်သို့ အငှားချလိုက်သောကြောင့် ရိုးမားတိုက်စစ်
တွင် လစ်ဟာကွက်များ ဖြစ်ပေါ်ခဲ့သည်။ လာမည့် ပွဲစဉ်တွင်မူ ကိုလံဘီယာ တိုက်စစ်မှူး
အိုင်ဘာဘို(၂၄ နှစ်) ပါ၀င်ကစား နိုင်မည်ဖြစ်ရာ ရိုးမားတိုက်စစ်အတွက် 'အားဆေး' တစ်ခွက်
ဖြစ်သည်။

ကိုပါအီတာလျံဖလားမှ ထွက်လိုက်ရခြင်း ကလည်း ရိုးမားကို စီးရီးအေတစ်ခုတည်းကိုသာ
အာရုံစိုက်ဖို့ တွန်းပို့နေသည်။ တစ်ဖက်တွင် တန်းဆင်းရဖို့ သေချာနေပြီဖြစ်သော ပါးမားသည်
စီးရီးအေတွင် ပေးဂိုးအများဆုံး စံချိန်တင်ထားသည်။ ပါးမားနောက်တန်းသည် ကစားပုံ ဖရိုဖရဲ
ဖြစ်နေသည်။

တစ်ဖန် ဘဏ္ဍာရေး အကျပ် အတည်းကြောင့် ကစားသမားများသည် ပျော်ရွှင်ပုံမရဘဲ ဖိအားများနေ
သည်။ ပါးမားတွင် တစ်ဦးချင်းကောင်းသူများ၊ အတွေ့အကြံုရှိသူများ ပါ၀င်သော်လည်း စိတ်ဓာတ်
ပိုင်း လျော့တိလျော့ရဲ ဖြစ်နေသောကြောင့် ကစားအား၊ ညှစ်အားမရှိဘဲ ပြိုင်ဘက်ကစားကွက်
အောက်တွင်သာ လိုက်ကစားနေရသည်။

စီးရီးအေတွင် ပေးဂိုးအများဆုံးဖြစ် သော ပါးမားသည်တိုက်စစ်ပိုင်းတွင်လည်း ကျဆင်းနေသည်။
ပွဲစဉ်(၂၂) ပြီးချိန်ထိ ဂိုး ၂၀ သာသွင်းယူနိုင်ပြီး အနည်းဆုံးဖြစ် နေရာ ပါးမားသည် တိုက်စစ်ရော၊
ခံစစ်ပါ စီးရီးအေတွင် အညံ့ဆုံး ဖြစ်နေသည်။

ခြံုကြည့်လျှင် စီးရီးအေ၌ ပြန်လည် အားစိုက်လာသော ရိုးမားသည် တိုက်စစ် ပိုင်းတွင် တိုးတက်
လာဖွယ်ရှိသည်။ အိမ်ရှင် အားသာချက်၊ ကွင်းလယ်ကစားကွက် ဖော်ဆောင်နိုင်မှု၊ ဘောလုံးပိုင်ဆိုင်
မှု အသာစီးရခြင်း အစရှိသော အချက်များကို ထည့်သွင်းစဉ်းစားပါက စီးရီးအေတွင် တိုက်စစ်ရော၊
ခံစစ်ပါ အဆိုးရွားဆုံးဖြစ်နေသော ပါးမားကို ရိုးမားအနိုင်ရရန် မခက်ခဲနိုင်ဘဲ ဂိုးများသောပွဲ ဖြစ်လာ
နိုင်သည်။



ဖတ်ရှုမှုအများဆုံး