ရီးယဲလ်မက်ဒရစ် - ဒီပို့တီဗို စနေ၊ ည ၁၁း၃၀
လာလီဂါကတော့ တစ်သင်းကို ၂၂ ပွဲစီ ကစားပြီးသွားပါပြီ။ ဒီအချိန်မှာ ချန်ပီယံ လမ်းကြောင်းပေါ်
က သုံးသင်းကတော့ ရပ်တည်မှုအပြောင်းအလဲ၊ အမှတ်ကွာခြားမှု အပြောင်းအလဲမရှိသေးပါဘူး။
ဒါပေမဲ့ ပြောင်းလဲသွားတာကတော့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ရီးယဲလ်ဟာ အရင်က ပွဲကျန် တစ်
ပွဲကစားဖို့ ရှိနေသေးပေမယ့် အခုချိန်မှာ တော့ အဲဒီပွဲကို ကစားပြီးသွားပြီဖြစ်လို့ ဒုတိယ နေရာက
ဘာစီလိုနာ၊ တတိယနေရာက အလက်တီကိုတို့နဲ့ ပွဲအရေအတွက် တူသွားပြီ ဖြစ်တဲ့ အပြောင်း
အလဲပါပဲ။
ဒါကြောင့်လည်း အခုပွဲမှာ ရီးယဲလ်ဟာ ဒီပို့တီဗိုလိုအသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်လို့
အနိုင်ရလဒ်ရဖို့ဆိုတာ သူတို့အတွက် သိပ်မခက်ခဲလှပေမယ့် လိုအပ် သလောက် ဂိုးတွေသွင်းနိုင်
ခြင်း ရှိမရှိဆိုတာ ကတော့ သေချာစဉ်းစားရဖို့ လိုလာနေပါပြီ။ အရင်ကဆိုရင် ရီးယဲလ်နဲ့ ဒီပို့တီဗို
တွေ့ တိုင်း အကြိတ်အနယ်ပွဲကောင်းတွေကို မြင်ရ လေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ဒီနှစ်
သင်းကြားမှာ ကွာဟချက်တွေ ကြီးမား လွန်းနေလို့ ဒီပို့တီဗိုအတွက် ဘာနေဗျူးမှာ ရီးယဲလ်ကိုအနိုင်
ရရေးဆိုတာ အိပ်မက်တစ်ခု လို ဖြစ်လာနေတယ်လို့တောင် ပြောနိုင်ပါ တယ်။
ဒါပေမဲ့ ဒီပို့တီဗိုရဲ့လက်ရှိရပ်တည်မှု ဟာ တန်းဆင်းအန္တရာယ်နဲ့ လွတ်ကင်းရာကို ရောက်ဖို့ လိုအပ်
နေသေးတဲ့အချိန်မျိုး ဖြစ် နေတဲ့အပြင် အသင်းရဲ့ကစားပုံကလည်း အခု နောက်ပိုင်းမှာ တိုးတက်မှု
ရှိလာနေတာကြောင့်ရီးယဲလ်ကို အင်အားရှိသမျှတော့ အတတ်နိုင်ဆုံး ခုခံကစားရင်း အမှတ်ရ
အောင် ကြိုးစားမယ့်ပုံပါပဲ။ ဒါပေမဲ့ ဒီပို့တီဗိုမှာ အဓိက အားနည်းမှုက အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်
ဟန်ချက်ညီမျှမှုကို ကောင်းကောင်းမထိန်းနိုင်သေးတဲ့အချက်ပါပဲ။ ဒီပို့တီဗိုဟာ အစောပိုင်း မှာ
တိုက်စစ်ပိုင်း လုံးဝအားရစရာမရှိဘဲ ခံစစ် အားတစ်ခုတည်းနဲ့ အမှတ်ရှာနေတဲ့အသင်းမျိုးအဖြစ်
ကစားပြခဲ့တယ်။ ဒါပေမဲ့ အခု နောက်ပိုင်း သုံး၊ လေးပွဲမှာတော့ ဒီပို့တီဗိုဟာ တိုက်စစ်ပိုင်းကို
ပြန်အားပြုလာနေပြီး တိုက်စစ်က ဂိုးတွေလည်း ပြန်ရလာတာ တွေ့ရ တယ်။ ဒီပို့တီဗိုရဲ့ နောက်
ထပ်အားနည်းမှုတစ်ချက် က အသင်းကြီးတွေနဲ့တွေ့ရင် ခံစစ်ပိုင်းက မထိန်းနိုင်တဲ့အချက်ပါပဲ။
အသင်းကြီးတွေနဲ့ ဆုံတိုင်း ဂိုးတွေပေးရလေ့ရှိတဲ့ ဒီပို့ရဲ့ ခံစစ် ကစားပုံနဲ့ဆိုရင် အခုလည်း
ဘာနေဗျူးကွင်း မှာ ရီးယဲလ်လိုအသင်းရဲ့တိုက်စစ်ကို တောင့်ခံ ထားနိုင်ဖို့ဆိုတာ ဘယ်လို
မှမဖြစ်နိုင်ဘူး။ ဒီပို့တီဗိုရဲ့ အသင်းကြီးတွေနဲ့တွေ့ရင် ဂိုးတွေ ပေးရတတ်တဲ့ အခြေအနေတွေ
အရ ဒီပွဲဟာ ရီးယဲလ်အနိုင်ရဖို့ များနေပေမယ့် ဒီပို့ရဲ့ ဂိုးပြန်ရသွားနိုင်မှုကို ထည့်တွက်မယ်
ဆိုရင်တော့ ရီးယဲလ်အနိုင်ပြတ်သားပါ့မလား သေချာစဉ်းစားရတော့မယ်။ အကောင်းဆုံး
ကတော့ ဂိုးအများပဲ ကောင်းပါမယ်။
အခြားပွဲစဉ်များ
စနေ၊ နံနက် ၂း၁၅ အယ်လ်မီရီယာ - ဆိုစီဒက်
စနေ၊ ည ၉း၃၀ ဆီဗီလာ - ကော်ဒိုဘာ
တနင်္ဂနွေ၊ နံနက် ၁း၃၀ ဂရန်နာဒါ - ဘီလ်ဘာအို
တနင်္ဂနွေ၊ နံနက် ၃း၃၀ မာလာဂါ - အက်စ်ပန်ညို
တနင်္ဂနွေ၊ ညနေ ၅း၃၀ ဗလင်စီယာ - ဂီတာဖေး
တနင်္ဂနွေ၊ ည ၁၀း၃၀ ဘာစီလိုနာ - လီဗန်တေး
တနင်္လာ၊ နံနက် ၀၀း၃၀ ရာယို - ဗီလာရီးယဲလ်
တနင်္လာ၊ နံနက် ၃း၃၀ ဆယ်လ်တာ - အလက်တီကို
အင်္ဂါ၊ နံနက် ၂း၁၅ အိုင်ဘာ - အယ်လ်ချီ














