အင်တာတို့ ရုန်းကန်ရဦးမယ် - အီတလီစီးရီးအေပွဲစဉ်(၂၃)

အင်တာတို့ ရုန်းကန်ရဦးမယ် - အီတလီစီးရီးအေပွဲစဉ်(၂၃)

ဆက်စူလို - ဖီအိုရင်တီးနား (စနေ၊ ည ၁၁း၃၀)
အင်တာမီလန်ကို အိမ်ကွင်းမှာ ၃-၁ နဲ့နိုင်ပြီး ဆမ်ဒိုးရီးယားကွင်းမှာ ၁-၁ သရေကျခဲ့တဲ့ ဆက်စူလို
ခြေစွမ်းနဲ့ ကစားအားက အတက်ဘက်မှာ ရှိတယ်။ ဖီအိုရင်တီးနားကလည်း စီးရီးအေ မှာ ပြန်ပြီး
အာရုံစိုက်လာလို့ ဂိုးသွင်းနှုန်းရော ရလဒ်တွေပါ တိုးတက်လာတယ်။ ဒါပေမဲ့ ခြေတက် နေတဲ့
ဆက်စူလိုကွင်းမှာ ကစားရမှာဖြစ်လို့ ဖီအိုရင်တီးနားတို့ နိုင်ပွဲလိုချင်ရင် အသည်းအသန် ကစား
ရဖွယ်ရှိတယ်။

ပါလာမို - နာပိုလီ (တနင်္ဂနွေ၊ နံနက် ၂း၁၅)
အင်တာမီလန်ကို သုံးဂိုးပြတ်ရှုံးလိုက်လို့ ပါလာမို ယိမ်းယိုင်သွားမယ်လို့ ယူဆရတယ်။ ပါလာမို
ဟာ တိုက်စစ်ကောင်းပေမယ့် ဂိုးသွင်းနှုန်းကတော့ အစောပိုင်းကထက် လျော့ကျသွား တယ်။
ပြီးခဲ့တဲ့ လေးပွဲဆက်တိုက်နိုင်ထားတဲ့ နာပိုလီကတော့ စီးရီးအေမှာ အာရုံစိုက်ပြီး အနိုင်ရအောင်
ညှစ်ကစားနေတယ်။ တောင်ပံတိုက်စစ်ကောင်းတဲ့ နာပိုလီရဲ့ ကွင်းလယ်ဂိုးသွင်းနှုန်း မြင့်တက်
လာတယ်။ နာပိုလီကို ပိုကြိုက်တယ်။

အေစီမီလန် - အမ်ပိုလီ (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ပါးမားကို ၃-၁ နဲ့ နိုင်ထားတဲ့ အေစီမီလန်ဟာ အိမ်ကွင်းမှာ အသင်းငယ်
တွေကို အားစိုက်ပြီး အနိုင်ရအောင် ကစားရင်း အသင်းကို ပြန်လည် 'ဆွဲတင်'နိုင်မယ်လို့ ယူဆရ
တယ်။ အိမ်ပိုလီကတော့ ကစားအားရော စိတ်ဓာတ်ပါ တိုးတက်မှုတွေ ရှိလာပေမယ့် အသင်းကြီး
တွေကို ခံကစားနိုင်တဲ့ အနေအထားမှာ မရှိသေးဘူး။ အေစီမီလန် အနိုင်ပြတ်သားဖွယ် ရှိတယ်။

တိုရီနို - ကက်ဂလီယာရီ (တနင်္ဂနွေ၊ ည ၈း၃၀)
ပြီးခဲ့တဲ့ လေးပွဲဆက်တိုက်နိုင်ခဲ့ရာမှာ ၁၂ ဂိုး သွင်းခဲ့လို့ တိုရီနိုဟာ တစ်ပွဲပျမ်းမျှ သုံးဂိုးနှုန်း သွင်းယူ
ထားတယ်။ ၀ါရင့်တိုက်စစ်မှူးတွေဖြစ်တဲ့ ကွာဂလီရယ်လား၊ အမော်ရီတို့နဲ့တွဲပြီး ကိုလံဘီယာတိုက်
စစ်မှူး မာတီနက်ဇ်လည်း ခြေစွမ်းပြ ဂိုးမြူးနေကြတယ်။ ကက်ဂလီယာရီကတော့ ပုံမှန်ခြေစွမ်းအောက်ဘက်ကို ရောက်နေပြီး နောက်တန်းကစားပုံ လျော့တိလျော့ရဲ ဖြစ်နေ တယ်။
'ရစ်သမ်'မိနေတဲ့ တိုရီနိုတို့ နိုင်ပွဲဆက်ပါလိမ့်မယ်။

ဂျီနိုအာ - ဗီရိုနာ (တနင်္ဂနွေ၊ ည ၈း၃၀)
လတ်တလော ဂျီနိုအာတို့ ခြေပျက်ပြီး ရလဒ်တွေ ဆက်တိုက်ကျဆင်းနေတယ်။ ဂျီနိုအာ တိုက်စစ်ကို လျှော့တွက်လို့မရပေမယ့် နောက်တန်းပုံပျက်ပြီး ပေးဂိုးများနေတယ်။ ဗီရိုနာ ကလည်း
ရလဒ်တွေ စိုက်ဆင်းနေတယ်။နောက်တန်း'ပွင့်'ပြီး တစ်ပွဲပျမ်းမျှ ပေးဂိုးကလည်း နှစ်ဂိုး အထက်
ရောက်နေတယ်။ ဂျီနိုအာသာ အချိတ်အဆက်မိရင် နိုင်ခြေများတယ်။

အတ္တလန္တာ - အင်တာမီလန် (တနင်္ဂနွေ၊ ည ၈း၃၀)
အိမ်ကွင်းပွဲတွေကို အားစိုက်ကစားနေတဲ့ အတ္တလန္တာကို သူတို့ကွင်းမှာ လျှော့တွက်လို့ မရဘူး။
စုဖွဲ့မှုကောင်းပြီး မာကျောကျစ်လျစ်သလို ဂိုးသွင်းအားလည်း ရှိတယ်။ အင်တာမီလန်ကတော့
ပါလာမိုကို သုံးဂိုးပြတ်နိုင်ခဲ့ရာမှာ စုဖွဲ့မှုနဲ့ အပြီးသတ်ဂိုးသွင်းယူမှုတွေ တိုးတက် လာပေမယ့်
ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရသေးတယ်။ အတ္တလန္တာကို ပိုကြိုက်တယ်။

ယူဒီးနိစ် - လာဇီယို (တနင်္ဂနွေ၊ ည ၈း၃၀)
ကစားပုံသွက်လက်ပြီး ဂိုးသွင်းအားရှိပေမယ့် ယူဒီးနိစ်ဟာ ကျစ်လျစ်သိပ်သည်းမှု နည်းပါး ပြီး
ခံစစ်ပိုင်းမှာ အားနည်းချက်တွေရှိတယ်။ မာကျောပြီး တိုက်စစ်ကောင်းတဲ့ အသင်းမျိုးကို ရင်ဆိုင်
တဲ့အခါ ယူဒီးနိစ်ကစားကွက် မကြာခဏ ပြိုဆင်းသွားတတ်တယ်။ လာဇီယိုကတော့ ဖေဖော်ဝါ
ရီလထဲမှာ ခြေစွမ်းအကျဘက် 'ယိုင်'သွားပေမယ့် ကွင်းလယ်ကစားကွက်ကောင်းပြီး တိုက်အား
တွန်းအားရှိတယ်။ လာဇီယိုနိုင်ခြေ ခပ်ပါးပါးရှိတယ်။

ချီယေဗို - ဆမ်ဒိုးရီးယား (တနင်္ဂနွေ၊ ည ၁၁း၃၀)
တောက်လျှောက်စိုက်ဆင်းနေတဲ့ ချီယေဗိုဟာ ဂိုးသွင်းအား ကျဆင်းလာခြင်းနဲ့အတူ တိုက်စစ်ပိုင်း
မှာ ရုန်းကန်နေရတယ်။ ဆမ်ဒိုးရီးယားလည်း သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်သွား ရာမှာ နောက်
တန်းက ပေးဂိုးများလာတယ်။ ဇန်နဝါရီလကုန်လောက်ကစပြီး အသင်းစုဖွဲ့မှု အနေအထားနဲ့ ကျစ်
လျစ်မာကျောမှုကလည်း ကျဆင်းလာတယ်။ ဒါပေမဲ့ အခုပွဲမှာတော့ ဆမ်ဒိုးရီးယားကိုပဲ ရွေးချယ်
သင့်တယ်။

ဆီစီနာ - ဂျူဗင်တပ် (တနင်္လာ၊ နံနက် ၂း၁၅)
ဒုတိယနေရာက ရိုးမားရဲ့ခြေစွမ်းပြန်တက်လာဖွယ်ရှိလို့ ဂျူဗင်တပ်လည်း မပေါ့ဆရဲတော့ဘဲ အာရုံ
စိုက် အနိုင်ကစားတော့မယ်လို့ ယူဆရတယ်။ စီဆီနာခြေစွမ်းက ဂျူဗင်တပ်ကို ဘယ်လိုမှ မယှဉ်နိုင်
ဘူး။ ဂျူဗင်တပ်က အရန်တွေ ထည့်ကစားရင်တောင် အားထည့်ကစားရင် နိုင်ခြေများပါတယ်။



ဖတ်ရှုမှုအများဆုံး