မြန်မာ ယူ၂၀ အသင်း အိမ်ရှင် နယူးဇီလန်နှင့် တစ်အုပ်စုတည်း ကျရောက်
လာမည့် မေလ ၃၀ ရက်မှ ဇွန်လ ၂၀ ရက်နေ့အထိ နယူးဇီလန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့်
ယူ-၂၀ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(က)တွင်
အိမ်ရှင် နယူးဇီလန်အသင်းနှင့်အတူ ကျရောက်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် အုပ်စု(က)တွင် အိမ်ရှင်နယူးဇီလန်၊ အမေရိကန်၊
ယူကရိန်းအသင်း တို့နှင့်အတူ ကျရောက်လျက်ရှိပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အမေရိကန်အသင်းနှင့်
မေလ ၃၀ ရက်နေ့၊ ယူကရိန်းအသင်းနှင့် ဇွန်လ ၂ ရက်နေ့၊ အိမ်ရှင် နယူးဇီလန်အသင်းနှင့် ဇွန်လ
၅ ရက်နေ့တို့တွင် အသီးသီး ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။















