မနောမြေအသင်း ပထမဆုံး နိုင်ပွဲ ရယူနိုင်ခဲ့

မနောမြေအသင်း ပထမဆုံး နိုင်ပွဲ ရယူနိုင်ခဲ့

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော ၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်
ပေးပြိုင်ပွဲ၏ ပွဲစဉ်(၅)ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ရ၊ ၈ ရက်များတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်
ယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီး မနောမြေအသင်းက
ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် နေပြည်တော်အသင်းကို
နှစ်ဂိုးတစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သလို ဧရာဝတီယူ နိုက် တက်အသင်းကလည်း ရခိုင်ယူနိုက်တက်
အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မနောမြေအသင်း သည် ဇွဲကပင်ယူနိုက်တက်အသင်းကို နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ယူပြီး ယခုနှစ်ရာသီ
၏ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ သည်။ ချင်းယူနိုက်တက်အသင်းနှင့် ကမ္ဘောဇအသင်းတို့၏ ပွဲစဉ်
သည်တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး မကွေးနှင့် ဟံသာဝတီယူနိုတက် အသင်းတို့၏ ပွဲစဉ်တွင်
မကွေးအသင်း က ၂ဪ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၅)
အပြီးတွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့က ငါးပွဲဆက် အနိုင်
ရရှိထားပြီး ရမှတ် ၁၅ မှတ်စီဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေကြပြီး တတိယနေရာတွင်
မကွေးအသင်းက ရမှတ် ၁၁ မှတ်ဖြင့် ရပ်တည်နေပြီး လက်ရှိချန်ပီယံ ရတနာပုံအသင်းက တစ်ပွဲ
လျော့အနေအထားဖြင့် ရမှတ် ၁၀ ရရှိထားကာ အမှတ်ပေးဇယား၏ စတုတ္ထနေရာတွင် ရပ်တည်
နေသည်။

အမှတ်ပေးဇယား အောက်ခြေတွင် ဇွဲကပင်အသင်းက ရမှတ်တစ်မှတ်ရရှိထားကာ ရခိုင်ယူနိုက်
တက် အသင်းက ငါးပွဲကစား၊ ငါးပွဲရှုံးဖြင့် ရပ်တည်နေ သည်။



ဖတ်ရှုမှုအများဆုံး