ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အသင်းကြီးတွေအားလုံး အခြေအနေကောင်းခဲ့ပါတယ်။ အခုသီတင်း
ပတ်မှာလည်း ဒေါ့မွန်နဲ့ ဘိုင်ယန်တို့ဟာ ပြိုင်ဘက်တွေကို အိမ်ကွင်းမှာ လက်ခံကစားရမှာမို့ အခြေ
အနေကောင်းတွေကို ပိုင်ဆိုင်ဖို့ ရှိနေပါတယ်။
ဒေါ့မွန် - မိန့်ဇ် စနေ၊ နံနက် ၂းဝဝ ပထမအကျော့ရလဒ်၊
မိန့်ဇ် ၂-၀ ဒေါ့မွန်
ဒေါ့မွန်ဟာ ဇယားအောက်ခြေက ရုန်းထွက် ဖို့ လိုအပ်နေပါတယ်။နိုင်ပွဲရထားလို့ သွေးကြွ နေတဲ့
ဒေါ့မွန် အိမ်ကွင်းမှာ ဘယ်လိုမှ မရှုံးနိုင် ပါဘူး။
ဘိုင်ယန်မြူးနစ် - ဟမ်းဘတ် စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ဟမ်းဘတ် ၁-၃ ဘိုင်ယန်
ဘိုင်ယန်ဟာ သူ့ရဲ့စုဖွဲ့မှုကို အကောင်းဆုံး ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဟမ်းဘတ်ကို
အိမ်ကွင်းမှာ ဘိုင်ယန် အနိုင်ယူပါလိမ့်မယ်။
လေဗာကူဆင် - ၀ုဖ်ဘတ် စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
၀ုဖ်ဘတ် ၄-၁ လေဗာကူဆင်
၀ုဖ်ဘတ်က ခြေမှန်နေသလို လေဗာ ကူဆင် ကလည်း အိမ်ကွင်းအရှိန်နဲ့ တိုက်ပွဲဝင်မှာပါ။
လေဗာကူဆင် သရေခံကစားမှာဖြစ်ပါတယ်။
မွန်ချင်ဂလက်ဘတ် - ကိုလုံး စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ကိုလုံး ၀-၀ မွန်ချင်
ကိုလုံးက တန်းတက် ပက်ဒါဘွန်းကို ဂိုးမရှိ သရေကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ မွန်ချင် ကွင်းမှာ
ကိုလုံး မချောင်လောက်ဘူး။ အိမ်ရှင်နဲ့ လက်တွဲ တာ ကောင်းလိမ့်မယ်ထင်တယ်။
ဟော့ဖန်ဟိမ်း - စတုဂတ် စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
စတုဂတ် ၀-၂ ဟော့ဖန်ဟိမ်း
ဘိုင်ယန်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ စတုဂတ် ဟော့ဖန်ဟိမ်းကို ခံကန်နိုင်မယ် လို့ မထင်ပါ ဘူး။ ဟော့ဖန်
ဟိမ်းနဲ့ ရပ်တည်သင့်ပါတယ်။
၀ါဒါဘရီမင် - အော့စ်ဘတ် စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
အော့စ်ဘတ် ၄-၂ ၀ါဒါဘရီမင်
အိမ်ကွင်းမှာ ပထမအကျော့ ရှုံးကြွေးကို ချေဖျက်နိုင်ဖို့ ၀ါဒါဘရီမင်ကြိုးစားပါလိမ့် မယ်။ ၀ါဒါဘရီမင်
ကပ်နိုင်ဖို့ရှိပြီး နှစ်သင်း ပေါင်းသွင်းဂိုးများပါ လိမ့်မယ်။
ဖရန့်ဖတ် - ရှော်လ်ကေး တနင်္ဂနွေ၊ နံနက် ၀၀းဝဝ ပထမအကျော့ရလဒ်၊
ရှော်လ်ကေး ၂-၂ ဖရန့်ဖတ်
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အဝေး ကွင်းဖြစ်နေပေမယ့် ရှော်လ်ကေး အနိမ့်ဆုံး သရေ ခံကစား
မယ်လို့ ယုံကြည်ပါတယ်။
ဟာသာဘာလင် - ဖရိုင်းဘတ် တနင်္ဂနွေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ဖရိုင်းဘတ် ၂-၂ ဟာသာဘာလင်
အဝေးကွင်းဖြစ်နေတာ တစ်ချက်ရယ် ခံစစ်ပိုင်း အမှားများနေတာတွေကြောင့် ဟာသာဘာလင်ကို
ဖရိုင်းဘတ်နိုင်ဖို့ မလွယ် လောက်ဘူးလို့ တွက်မိတယ်။
ဟန်နိုဗာ - ပက်ဒါဘွန်း တနင်္ဂနွေ၊ ည ၁၁းဝဝ ပထမအကျော့ရလဒ်၊
ပက်ဒါဘွန်း ၂-၀ ဟန်နိုဗာ
ပက်ဒါဘွန်းတို့ ဟန်နိုဗာဆီကနေ သရေ တစ်မှတ်ရအောင် ခွဲယူလိမ့်မယ်လို့ ထင်တယ်။ ပက်ဒါ
ဘွန်းလို့ အဲဒီည အကျယ်ကြီး အော် လိုက်မယ်။















