နာပိုလီ - ဆက်စူလို အင်္ဂါ၊ နံနက် ၀၀း၃၀
ဆက်တိုက် ခြေစွမ်းပြနိုင်ကာ နိုင်ပွဲဆက် ခဲ့သောကြောင့် ဒုတိယနေရာက ရိုးမားကို ဖိအားပေး
လာသည့် နာပိုလီသည် ပြီးခဲ့သော အဝေးကွင်းပွဲ၌ ပါလာမိုကို ၃-၁ ဖြင့် အရေး နိမ့်လိုက်သော
ကြောင့် အရှိန်နှင့် ပြေးနေ သောမြင်းကို ဇက်ကြိုးဆွဲလိုက်သလို ဖြစ်သွားသည်။
စီးရီးအေတွင် တောင်ပံတိုက်စစ် အကောင်းဆုံး အသင်းများထဲတွင် အပါအဝင် ဖြစ်သော နာပိုလီ
သည် ၄-၂-၃-၁ကစား ကွက်နှင့် အံဝင်ခွင်ကျရှိကာ ခြေစွမ်းပြလာ နိုင်သည်ကို တွေ့ရသည်။
အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူရင်ကို တိုက်စစ်မြားဦးတင် ပြီး ကွင်းလယ်တိုက်စစ်သမား သုံး
ယောက်ဖြင့် ပံ့ပိုးပေးသောကစားကွက်ကို ကျင့်သုံး ရာ၌ နာပိုလီတို့ အလုပ်ဖြစ်ပြီး ဂိုးမြူးလာ
သည်။
တောင်ပံတိုက်စစ်သမား အင်ဆစ်ဂနီ ဒဏ်ရာရနေသော်လည်း ဒရီစ်မာတင်၊ ကယ်လီဂျွန်၊
ဂတ်ဘီယာဒီနီတို့ ရှိနေသောကြောင့် နာပိုလီတောင်ပံတိုက်စစ် တောင့် တင်းသည်။ ဂတ်ဘီယာ
ဒီနီသည် တောင်ပံတိုက်စစ်ရော ဗဟိုတိုက်စစ်တွင်ပါ ကစား နိုင်သောကြောင့် နာပိုလီတိုက်စစ်
အတွက် အားဆေးတစ်ခွက် ဖြစ်သည်။ တောင်ပံတိုက်စစ်ကောင်းသောကြောင့် ပြိုင်ဘက်အနေ
အထားပေါ်တွင် လိုက်ပြီး နာပိုလီသည် ကစားကွက် အပြောင်းအလဲ လုပ်ကာ တိုက်စစ်အရှိန်မြှင့်
တင်နိုင်စွမ်း ရှိသည်။
အထူးသဖြင့် နောက်တန်းကစား ကွက် မတည်ငြိမ်ဘဲ ဖရိုဖရဲနှင့် ရုန်းကန်ရ တတ်သော အသင်း
များကို ရင်ဆိုင်ရသော အခါတွင် သုံးယောက်တိုက်စစ်ပုံစံဖြစ် သော ၄-၃-၃ ကစားကွက်သို့
ပြောင်းလဲနိုင် သည်။
အထောင်တိုက်စစ်မှူးနှင့် တောင်ပံ တိုက်စစ်သမားများကို ချိတ်ဆက်ပေးရာတွင် အသင်းခေါင်း
ဆောင် ဟမ်ဆစ်က အခရာကျသည်။ ဟမ်ဆစ်ခြေစွမ်းပြနိုင် သောပွဲများတွင် နာပိုလီတိုက်စစ်
သည် အချိတ်အဆက်မိပြီး ကြောက်ခမန်းလိလိ ထက်မြက်လေ့ရှိသည်။ တစ်ဖန် ခြေတက် လာ
သော နယ်သာလန်လက်ရွေးစင် ဂျိုနသန် ဒီဂုစ်မန်းကလည်း ဟမ်ဆစ်နေရာကို အစားထိုး
၀င်ရောက်နိုင်သကဲ့သို့ တောင်ပံ တိုက်စစ်သမားအဖြစ် ပြောင်းလဲကစား နိုင်စွမ်းရှိသည်။
သို့ကလိုကြောင့် နာပိုလီ တိုက်စစ်အင်အားစုသည် အနခ့ညငခေူ ်ူနထငဘငူငအပ ကောင်းမွန်မြင့်
မားသည်ဟု ကောက်ချက်ဆွဲနိုင်သည်။ တစ်ဖက်တွင် ဆက်စူလိုသည် ဖေဖော် ၀ါရီလဆန်းပိုင်းက
အင်တာမီလန်ကို မထင်မှတ်ဘဲ ၃-၁ ဖြင့် နိုင်ခဲ့သည်မှလွဲပြီး ကျန်ပွဲစဉ်များတွင် သရေ၊ ရှုံးပွဲများဖြင့်
သာ လုံးချာလိုက်နေသည်။ ဆက်စူလိုအသင်း၏ ထူးခြားချက်မှာ ပွဲထွက်ကစားသမား ၁၁ ယောက်
အနက် ပျမ်းမျှ ၁၀ ယောက်သည် အီတလီကစားသမားများဖြစ်နေပြီး လူငယ် ကစားသမား အများ
အပြား ပါ၀င်နေသည်။ ၏
သို့ကလိုကြောင့် ဆက်စူလိုသည် စိတ်ဓာတ်မာကျော ကြံ့ခိုင်ပြီး ကစားအား၊ ညှစ်အား ကောင်းမွန်
သည်။ တစ်ဖန် သုံးယောက်တိုက်စစ်ပုံစံကို ကျင့်သုံးသောကြောင့် ကစားကွက် သွက်လက်ပြီး
ပွဲကစားနေစဉ် အချိန်အတွင်းလျင်မြန်စွာ ရွေ့လျား တိုက်စစ် ဆင်လေ့ရှိသည်။
သို့ရာတွင် ဆက်စူလိုခံစစ်ကြောင်း သည် တည်ငြိမ်မှု နည်းပါးသည်။ အောက်ဆုံးငါးသင်းကို ဖယ်
လိုက်လျှင် ကျန် ၁၅ သင်း အနက် ဆက်စူလိုခံစစ်ကြောင်းသည် ဒုတိယ ပေးဂိုးအများဆုံးဖြစ်ပြီး
ပွဲစဉ်(၂၃)အပြီး ၃၃ ဂိုးသွင်းခံထားရသည်။ ခြံုကြည့်လျှင် နှစ်သင်းစလုံး တိုက်စစ်ဖွင့်ပြီး သွက်လက်
စွာ ထိုးဖောက်ကစားတတ်သည်။ သို့ရာတွင် နာပိုလီသည် တစ်ဦး ချင်းရော အတွေ့အကြံုပါ သာ
လွန်သော ကြောင့် အိမ်ရှင်အားသာချက်၊ တောင်ပံတိုက်စစ်ထက်မြက်မှုတို့ကို ပေါင်းထည့်လိုက်ပါ
က နောက်တန်းမတည်ငြိမ်သော ဆက်စူလိုကို ကစားကွက်အသာစီးဖြင့် အနိုင်ရယူရန် မခက်ခဲဘဲ
ဂိုးများသောပွဲ ဖြစ်လာနိုင်သည်။















