စင်ကာပူ - ဩစတြေးလျနိုင်ငံတွင် ကျင်းပ ပြီးစီးခဲ့သော ၂၀၁၅ အာရှဖလား
ဘောလုံး ပြိုင်ပွဲတွင်လုပ်ပွဲများ ကစားခဲ့ခြင်းမရှိ ကြောင်း အာရှဘောလုံးအဖွဲ့ချုပ် အေ အက်ဖ်စီက
တရားဝင်ပြောကြားလိုက် သည်။
အေအက်ဖ်စီသည် ပြိုင်ပွဲမကျင်းပ မီကပင် ယခုနှစ်ပြိုင်ပွဲကို နိုင်ငံတကာ အဖွဲ့ အစည်းများနှင့်
စောင့်ကြည့်သွားမည်ဟု လည်း ကြေညာခဲ့သည်။ ယခင်က အာရှ ဒေသတွင်း အားကစားပြိုင်ပွဲ
များတွင် လုပ်ပွဲ ကစားသည့် အစဉ်အလာများရှိခဲ့ခြင်း ကြောင့် အေအက်ဖ်စီက ၂၀၁၅ အာရှဖလား
ပြိုင်ပွဲကို သန့်ရှင်းသော ပြိုင်ပွဲတစ်ရပ်ဖြစ်စေ ရန် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
"အခုပြိုင်ပွဲရဲ့ အကျိုးသက်ရောက်မှု တွေကို အခြားအားကစားနည်းတွေနဲ့ အားကစားတာဝန်ရှိသူ
တွေထံ ပေးပို့သွား မှာပါ။ နောက်ပြိုင်ပွဲတွေမှာလည်း ၂၀၁၅ အာရှဖလားပြိုင်ပွဲက လုပ်ဆောင်ချက်
တွေ ကို ကိုင်စွဲပြီး အေအက်ဖ်စီရဲ့ အဓိက သော့ချက်အဖြစ် အသုံးချသွားမှာပါ"ဟု အေအက်ဖ်စီ
အထွေထွေအတွင်းရေး အဲလက်စ်ဆိုဆေးက ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)














