ဂျူဗင်တပ် - အတ္တလန္တာ (စနေ၊ နံနက် ၂း၁၅)
ခုနစ်မှတ်ပြတ်နေတဲ့ ရိုးမားဟာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ အခြေအနေပေါ်လိုက်ပြီး ဂျူဗင်
တပ်လည်း ပွဲတိုင်းကို အပြည့်အဝ အားစိုက်ကစားခြင်း မရှိတာကို တွေ့ရတယ်။ အတ္တ လန္တာ
ကလည်း အသင်းကြီးတွေကို ကြံ့ကြံ့ခံနိုင်တဲ့ ခြေစွမ်းမျိုးမရှိသေးဘူး။ ဂျူဗင်တပ် ခပ်ပါးပါး အနိုင်
လောက် ကစားသွားမယ်လို့ ယူဆမိတယ်။
ဆမ်ဒိုးရီးယား - ဂျီနိုအာ (တနင်္ဂနွေ၊ နံနက် ၂း၁၅)
တောက်လျှောက်စိုက်ဆင်းလာတဲ့ ဆမ်ဒိုးရီးယားခြေစွမ်းဟာ အစောပိုင်းကလို မာကျော
ထက်မြက်တဲ့ အနေမထားမျိုးမှာ မရှိတော့ဘူး။ ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်သွားတဲ့ ဆမ်ဒိုး
ရီးယားနောက်တန်းက ၁၁ ဂိုး သွင်းခံထားရတယ်။ ဂျီနိုအာက ပြီးခဲ့တဲ့နှစ်ပွဲဆက်တိုက်မှာ
လာဇီယိုကို ၁-၀၊ ဗီရိုနာကို ၅-၂ နဲ့ နိုင်ထားလို့ ခြေစွမ်းရော ဂိုးသွင်းအားပါ ထက်မြက်နေတယ်။
ဒေသခံ ပြိုင်ဘက်နှစ်သင်း တွေ့ဆုံမယ့် ဒါဘီပွဲစဉ်ဖြစ်ပေမယ့် ဂျီနိုအာကို ပိုကြိုက်တယ်။
အေစီမီလန် - ဆီစီနာ (တနင်္ဂနွေ၊ ည ၈း၃၀)
အီတလီတိုက်စစ်မှူး ဒက်စထရို ရောက်လာပြီးနောက် အေစီမီလန်တိုက်စစ် တောင့်တင်းသွားပေ
မယ့် အသင်းလိုက် တည်ငြိမ်မှုနည်းပါးသေးသလို မီလန်ခံစစ်ကြောင်းကလည်း ဒဏ်ရာ၊ ပွဲပယ်
တွေနဲ့ ရုန်းကန်နေရတယ်။ ဆီစီနာကတော့ ဇန်နဝါရီလကုန်ပိုင်းလောက်ကစပြီး ခြေစွမ်းရော၊
ဂိုးသွင်းအားပါ ပြန်တက်လာပြီး တန်းဆင်းဇုန်ကလွတ်ဖို့ 'ညှစ်'ကစားလာတယ်။ အေစီမီလန်
အနိုင်ရဖို့ ရုန်းကန်ရဖွယ်ရှိတယ်။
အမ်ပိုလီ - ချီယေဗို (တနင်္ဂနွေ၊ ည ၈း၃၀)
ဇန်နဝါရီလကုန်ပိုင်းကစပြီး အမ်ပိုလီခြေစွမ်းက တိုးတက်လာတယ်။ ရိုးမား၊ အေစီမီလန် တို့ကို
သရေကျပြီး ဆီစီနာကို ၂-၀နဲ့နိုင်ခဲ့လို့ အမ်ပိုလီဟာ သူလိုကိုယ်လို ပြိုင်ဘက်မျိုးကို အားစိုက်ပြီး
နိုင်အောင် ညှစ်ကစားနိုင်စွမ်းရှိတယ်။ ချီယေဗိုကလည်း နှစ်ပွဲဆက်တိုက် နိုင်ထားလို့ ခြေစွမ်းက
အတက်ဖက်မှာ ရှိတယ်။ ဒါပေမဲ့ အခုပွဲမှာ အမ်ပိုလီကို ပိုကြိုက်တယ်။
လာဇီယို - ပါလာမို (တနင်္ဂနွေ၊ ည ၈း၃၀)
နှစ်ပွဲဆက်တိုက် ရှုံးပြီးနောက် ယူဒီးနိစ်ကွင်းမှာ ၁-၀ နဲ့ နိုင်လိုက်လို့ လာဇီယိုခြေစွမ်း ပြန်ပြီး ဦးမော့
လာမယ်လို့ ယူဆရတယ်။ ပါလာမိုကတော့ အိမ်ကွင်းတွေ ဖိဖိစီးစီးကစားလို့ နိုင်ပွဲဆက်နေတယ်။
ဒါပေမဲ့ အဝေးကွင်းမှာ ကစားကွက်ပျက်ပြီး ပေးဂိုးများလာသလို နိုင်ပွဲ တွေနဲ့ ဝေးနေတယ်။ လာဇီယို
ကို ရွေးချယ်သင့်တယ်။
ပါးမား - ယူဒီးနိစ် (တနင်္ဂနွေ၊ ည ၈း၃၀)
တန်းဆင်းလက်မှတ်ရထားတဲ့ ပါးမားခြေစွမ်းက တောက်လျှောက်စိုက်ဆင်းနေပြီး ပြီးခဲ့တဲ့ပွဲစဉ်မှာ
မထင်မှတ်ဘဲ ရိုးမားကို ဂိုးမရှိသရေကျခဲ့ပေမယ့် ခြေစွမ်းရော၊ စိတ်ဓာတ်ပါ တိုးတက်လာတာ မရှိ
သေးဘူး။ ယူဒီးနိစ်ကတော့ ကစားအား၊ တိုက်စစ်အားရှိပေမယ့် ပုံမှန် ခြေစွမ်းမရှိဘူး။ ခြေစွမ်းရော
ကစားကွက်ပါသာတဲ့ ယူဒီးနိစ်ကို ပိုကြိုက်တယ်။
ဗီရိုနာ - ရိုးမား (တနင်္ဂနွေ၊ ည ၈း၃၀)
ပါလာမို၊ တိုရီနို၊ ဂျီနိုအာတို့ကို သုံးပွဲဆက်တိုက် ရှုံးခဲ့ရာမှာ ၁၀ ဂိုးသွင်းခံလိုက်ရတဲ့ ဗီရိုနာခြေစွမ်း
ကို ယုံကြည်လို့မရတော့ဘဲ နောက်တန်း 'ပွင့်'နေတယ်။ ရိုးမားလည်း လတ်တလော ခြေပျက်ပြီး
နိုင်ပွဲရဖို့ အတော်လေး ရုန်းကန်နေရတယ်။ အထူးသဖြင့် ဂိုးသွင်းအားရော ပြိုင်ပွဲကို အာရုံစူးစိုက်
မှုပါ ကျဆင်းလာတယ်။ ဒါကြောင့် ရိုးမားနိုင်ဖို့ သိပ်မသေချာဘူး။
ဖီအိုရင်တီးနား - တိုရီနို (တနင်္လာ၊ နံနက် ၂း၁၅)
သုံးပွဲဆက်တိုက်နိုင်ခဲ့ရာမှာ ရှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ ဖီအိုရင်တီးနားတိုက်စစ်က ထိပ်တန်းအဆင့်မှာရှိ
တယ်။ ချလ်ဆီးကပြောင်းလာတဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလာကလည်း ဖီအိုရင် တီးနားမှာ ဂိုး
သွင်းနိုင်လို့ တိုက်စစ်အတွက် အားဆေးတစ်ခွက်ပါ။ ဒါပေမဲ့ တိုရီနိုကလည်း ခြေစွမ်းရော၊ ဂိုးသွင်း
အားပါ ထက်မြက်နေတယ်။ ပြီးခဲ့တဲ့ ငါးပွဲဆက်တိုက်မှာ လေးပွဲနိုင်ပြီး တစ်ပွဲသရေကျခဲ့တဲ့ တိုရီနို
ခြေစွမ်းကို လျှော့တွက်လို့မရဘူး။ ဖီအိုရင်တီးနား နိုင်ခြေရှိပေမယ့် အားစိုက်ပြီး ညှစ်ရလိမ့်မယ်။
ကက်ဂလီယာရီ - အင်တာမီလန် (အင်္ဂါ၊ နံနက် ၂း၃၀)
ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက်မှာ ပါလာမိုကို ၃-၀၊ အတ္တလန္တာကို ၄-၁နဲ့ နိုင်ခဲ့တဲ့ အင်တာမီလန် ဟာ
ရစ်သမ်မိလာပြီး ဂိုးသွင်းနှုန်း ကောင်းလာတယ်။ ကက်ဂလီယာရီကတော့ ပုံမှန်ခြေစွမ်း မရှိသေး
ဘဲ နောက်တန်းကလည်း ရုန်းကန်နေရတယ်။ တန်းဆင်းဇုန်အတွင်းက လွတ်မြောက် ဖို့ ရုန်းကန်
နေရပေမယ့် အခြေအနေက မကောင်းပါဘူး။ အင်တာမီလန်သာ ကစားကွက်မိရင် အနိုင်ရဖို့
သိပ်မခက်လောက်ဘူး။














