နူးကမ့်မှာ နေမာ၊ မက်ဆီတို့ရဲ့ သွင်းဂိုးတွေ ဆက်မြင်ရဦးမယ်

နူးကမ့်မှာ နေမာ၊ မက်ဆီတို့ရဲ့ သွင်းဂိုးတွေ ဆက်မြင်ရဦးမယ်

ဘာစီလိုနာ - မာလာဂါ စနေ၊ ည ၉း၃၀
လက်ရှိအချိန် လာလီဂါရဲ့ အနေအထား က ရီးယဲလ်မက်ဒရစ် ထိပ်ဆုံးနေရာမှာ မြဲနေ သေးပေမယ့်
ဖိအားတွေရှိနေတဲ့ပုံပေါ်နေ သလို အသင်းကစားပုံကလည်း ပြီးခဲ့တဲ့နှစ် အတွင်းက ခြေစွမ်းမျိုးပြန်
မရသေးဘူး။ပိုဆိုးတာက အသင်းမှာ ဒဏ်ရာပြဿနာ တချို့ရှိနေပြီး အသင်းကစားပုံက တည်ငြိမ်မှု
အနည်းငယ် အားနည်းနေသလို တွေ့နေ ရတယ်။

ဒီအချိန်မှာ ရီးယဲလ်ရဲ့ အနီးဆုံး ပြိုင်ဘက် ဖြစ်တဲ့ ဘာစီလိုနာကတော့ ၂၀၁၅ ထဲ အရောက်မှာ
ခြေပိုတွေ့နေသလိုပါပဲ။ ဒါပေမဲ့ သူတို့အသင်းဟာ ဒီရာသီလာလီဂါ ချန်ပီယံဆုကို ရယူနိုင်ဖို့
မလွယ်သေးဘူးလို့ အသင်း တာဝန်ရှိသူတွေကိုယ်တိုင်က လက်ခံထားကြလို့ အသင်းကလည်း
ချန်ပီယံ ဆုအတွက် ဖိအားမရှိဘဲ ကစားနေနိုင်သလိုပါပဲ။

ဒါကြောင့် အခုနောက်ပိုင်းပွဲတွေမှာ ဘာစီလိုနာ ကစားပုံက သက်သောင့်သက်သာရှိ နေသလို
တွေ့ရသလို တိုက်စစ်ပိုင်း ကလည်း ဂိုးသွင်းနှုန်းပါ တက်လာနေတာ က ဘာစီလိုနာအတွက်
အားတက်စရာ အချိန်မျိုးလို့တောင် ပြောနိုင်နေတယ်။ ဒီတစ်ပတ်လည်း ရီးယဲလ်က အဝေးကွင်း
မှာ ကစားရဖို့ရှိနေပြီး ဘာစီလိုနာကတော့ အိမ်ကွင်းမှာ ဆက်ကစားရမှာဆိုတော့ ရီးယဲလ်အပေါ်
ဘာစီလိုနာရဲ့ဖိအားပေးနိုင် မှုဟာ ပိုပြီးအားကောင်းလာနိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာ
ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာရင်ဆိုင်ရမယ့်ပြိုင်ဘက် ဟာ ပထမအကျော့က အနိုင်မရခဲ့တဲ့ မာလာဂါ
အသင်းဖြစ်နေတာကတော့ ဘာစီလိုနာ အတွက် နည်းနည်းတော့သတိထားရမယ့်အနေ
အထားမှာရှိတယ်။ ပထမအကျော့ မာလာဂါကွင်းမှာ ကစားခဲ့တုန်းကတော့ ဘာစီလိုနာဟာ
မာလာဂါဘက်ကို ဂိုးရ အောင်လည်း မသွင်းနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီပွဲမှာ မာလာဂါအနေနဲ့လည်း
ဘာစီလိုနာ ကို ဂိုးမပေးရဖို့ ဆက်ပြီးထိန်းသိမ်းနိုင်မလား ဆိုတာ စောင့်ကြည့်ရဖို့တော့ရှိတယ်။
ဒါပေမဲ့ မာလာဂါရဲ့လက်ရှိ အနေအထားကိုကြည့်လိုက်ရင်တော့ အားရစရာသိပ်မရှိ လှပါဘူး။
ထုံးစံအတိုင်း မာလာဂါအသင်းအတွင်း လစာပြဿနာသတင်းတွေ ထွက်လာ ပြီးနောက်ပိုင်းမှာ
မာလာဂါရဲ့ကစားပုံက လည်း ရုတ်ခြည်းကိုပြောင်းလဲသွားတာ တွေ့ရတယ်။ နောက်ဆုံးကစား
ခဲ့တဲ့နှစ်ပွဲဆက်တိုက်မှာ လီဗန်တေးနဲ့ အက်စ်ပန်ညို အသင်းတွေကို ဆက်တိုက်ရှုံးပွဲကြံုခဲ့တဲ့
အပြင် အဲဒီပွဲတွေမှာလည်း တိုက်စစ်ပိုင်း ကလည်း တစ်ဂိုးမှသွင်းနိုင်ခြင်းမရှိခဲ့ပါ ဘူး။


 

အထူးသဖြင့် နောက်ဆုံးကစားထားတဲ့ လီဗန်တေးနဲ့ပွဲမှာ လေးဂိုးပြတ်အရေးနိမ့် ခဲ့ရတဲ့ ခြေစွမ်း
မျိုးနဲ့ဆိုရင်တော့ နူးကမ့်ဟာ တိုက်စစ်အစွမ်းပြပြီး ဂိုးပါမြူးနေတဲ့ ဘာစီ လိုနာကို ဘယ်လိုများထိန်း
သိမ်းပြီး ကစား သွားမလဲဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်လာတယ်။ မာလာဂါဟာ ရာသီအစပိုင်း
မှာ ခြေစွမ်း သိပ်မငြိမ်လှပေမယ့် နောက်ပိုင်းမှာတော့ တောက်လျှောက်ကို ပုံစံကောင်းပြနိုင်ခဲ့တယ်။

အသင်းကလည်း ဥရောပပွဲဝင်ခွင့် မျှော်လင့်ချက် ထားနိုင်လောက်တဲ့အထိကို ဇယားထိပ်ပိုင်းထဲ
တိုးဝင်လာနိုင်ခဲ့လို့ မာလာဂါရဲ့ခြေစွမ်းဟာ စောင့်ကြည့်ချင်စရာဖြစ်လာတယ်။ ဗလင်စီယာ၊ ဆီဗီ
လာ၊ ဗီလာရီးယဲလ်လို အသင်းတွေနဲ့အပြိုင် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကိုတောင် ခြိမ်းခြောက်
နိုင်တော့မလား ထင်ခဲ့ကြသေး တယ်။ ဒါပေမဲ့ မာလာဂါရဲ့ခြေစွမ်းဟာ ၂၀၁၄ ကနေ ၂၀၁၅ အကူး
အပြောင်းမှာတော့ အကျဘက်ကိုပြန်ပြသွားတယ်။

အခုနောက် ပိုင်း အသင်းအတွင်း ပြဿနာသတင်းတွေ ပေါ် ထွက်လာပြီးနောက်မှာတော့ အခြေ အနေ
က ပိုဆိုးလာနေတာတွေ့ရလို့ ဒီလိုအချိန်မျိုးမှာမှ ဘာစီလိုနာနဲ့ ရင်ဆိုင်ရတာ ဟာ မာလာဂါအတွက်
တော့ မျှော်လင့်စရာသိပ်မရှိနိုင်တဲ့ ပွဲမျိုးလိုဖြစ်လာတယ်။ ဘာစီလိုနာကတော့ ၂၀၁၅ ထဲမှာ
အကောင်းဆုံးပုံစံကို ပြနေတယ်။ အသင်း ကလည်း အလှည့်ကျ လူထုတ်ပုံစနစ်ကို အသုံးပြုနေ
ပေမယ့်လည်း အသင်းကစားပုံ က ပျက်မသွားဘဲ ပွဲတိုင်းကို ပုံမှန်ခြေစွမ်းမျိုး ထုတ်ပြနေနိုင်တာ
တွေ့ရတယ်။

အထူး သဖြင့် အားရစရာကောင်းတာက အခု နောက်ပိုင်းမှာ မက်ဆီ၊ နေမာတို့ ဂိုးတွေပုံမှန်
သွင်းနေနိုင်တဲ့အပြင် ပက်ဒရိုနဲ့ ဆွာရက်ဇ် တို့ကလည်း ကစားခွင့်ရတဲ့ပွဲတွေမှာ အသင်း အတွက်
အကောင်းဆုံးခြေစွမ်းမျိုးထုတ်ပြ ပေးနေကြလို့ ဘာစီလိုနာတိုက်စစ်ဟာ အတော်လေးကို အားရ
စရာကောင်းနေတဲ့အချိန်မျိုးလို့တောင် ပြောနိုင်တယ်။ မက်ဆီ၊ နေမာနှစ်ယောက်စလုံးဟာ တစ်ပွဲ
ပြီးတစ်ပွဲ အချိတ်အဆက်မိလာပြီး ပွဲတိုင်းလည်း ဂိုးသွင်းနေနိုင်ကြလို့ ပြိုင်ဘက် ခံစစ်အတွက်
သူတို့နှစ်ယောက်ကို ထိန်းချုပ် ဖို့ အားထုတ်မှုတွေပိုပြီး လုပ်လာရတာလည်း တွေ့နေရတယ်။

အခုပွဲမှာလည်း မာလာဂါ အနေနဲ့ ဒီနှစ်ယောက်ကိုမထိန်းနိုင်ရင်တော့ ဂိုးတွေပေးရဦးမှာ သေချာ
တယ်။ မာလာဂါ ဟာ ခံစစ်ပိုင်းကို သတိထားကစားတတ်တဲ့ အသင်း ဖြစ်ပေမယ့်လည်း
အခုနောက်ပိုင်း ခံစစ်ကစားပုံပျက်နေတာက ဘာစီလိုနာအတွက်လည်း ဂိုးတွေရဖို့ အကောင်းဆုံး
အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ ဘာစီလိုနာဟာ
ဒီပွဲအပြီးမှာ ချန်ပီယံလိဂ်ရှုံးထွက်ပထမအကျော့အဖြစ် မန်စီးတီးနဲ့ရင်ဆိုင်ရဖို့ ရှိနေတဲ့အတွက်
အခုပွဲမှာ စိတ်ကြိုက်အားထုတ်မှုမျိုး ပြုလုပ် နိုင်ခြင်းရှိမရှိ ဆိုတာတော့ သတိထားဖို့လိုပါ တယ်။

လူးဝစ္စအန်းနရစ်ဟာ ဒီပွဲမှာ မက်ဆီ ကို ထုတ်သုံးလာနိုင်ပေမယ့်လည်း ကျန်တဲ့ဆွာရက်ဇ်၊ နေမာနဲ့
ပက်ဒရိုတို့သုံးယောက် ကတော့ ဘယ်သူ့ကို ဦးစားပေးပြီး ပွဲထုတ် သွားမလဲဆိုတာ စောင့်ကြည့်
ချင်စရာဖြစ် လာတယ်။ ကွင်းလယ်မှာလည်း အပြောင်း အလဲတွေနဲ့ ပွဲထုတ်လာဖို့များနေတယ်။
ဒါပေမဲ့ ဘာစီလိုနာရဲ့ခံစစ်နဲ့ ကွင်းလယ်ပိုင်း ဟာ ဘယ်လိုပဲအပြောင်းအလဲတွေနဲ့ ပွဲထုတ် ပါစေ
ကစားတဲ့ပုံစံအပြောင်းအလဲ သိပ်မရှိ တဲ့အချက်ကတော့ ဒီပွဲမှာ ဘာစီလိုနာ အနိုင်အတွက် သိပ်ပြီး
ပူပန်စရာမလိုဘူး ထင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ဘာစီလိုနာရဲ့ သွင်းဂိုးနှုန်းမြင့် တက်လာ
တာ နဲ့အမျှ သူတို့အတွက် သွင်းရမယ့် ဂိုးအရေ အတွက်တွေကပါ လိုက်ပြီးမြင့်တက်လာနေတဲ့
အချက်ကတော့ အခုပွဲမှာလည်း ဘာစီလိုနာရဲ့သွင်းဂိုးတွေ လိုအပ်သလောက် ရမရဆိုတာ
သေချာစဉ်းစားဖို့တော့ လိုပါ တယ်။

ဘာစီလိုနာအတွက်ကလည်း လက်ရှိရနေတဲ့ကစားရှိန်ကို ဆက်ပြီး ထိန်းသိမ်း နိုင်ဖို့ ကြိုးစားမယ့်
အချိန် ဖြစ်နေသလို ရီးယဲလ်ကို ဖိအား အကောင်းဆုံးဆက်ပေးနိုင်အောင်လည်း အတိမ်းအစောင်း
အဖြစ် ခံနိုင်မယ့်အချိန်မျိုးလည်း မဟုတ်ဘူး။ နူးကမ့်မှာ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ လည်း
မာလာဂါကို ဂိုးပြတ်အနိုင်ရထားတွေကများလို့ ဘာပဲဖြစ်ဖြစ် ဒီပွဲအတွက် တော့ ဘာစီလိုနာနဲ့
ဂိုးအများကိုပဲ ရွေးထား သင့်တယ်ထင်ပါတယ်။

အခြားပွဲစဉ်များ
စနေ၊ နံနက် ၂း၁၅ ဂီတာဖေး - အက်စ်ပန်ညို *
စနေ၊ ည ၁၁း၃၀ * ကော်ဒိုဘာ - ဗလင်စီယာ
တနင်္ဂနွေ၊ နံနက် ၁း၃၀ * အလက်တီကို - အယ်လ်မီရီယာ
တနင်္ဂနွေ၊ နံနက် ၃း၃၀ * ဒီပို့တီဗို - ဆယ်လ်တာ
တနင်္ဂနွေ၊ ညနေ ၅း၃၀ * ဆိုစီဒက် - ဆီဗီလာ
တနင်္ဂနွေ၊ ည ၁၀း၃၀ ဘီလ်ဘာအို - ရာယို *
တနင်္လာ၊ နံနက် ၀၀း၃၀ * ဗီလာရီးယဲလ် - အိုင်ဘာ
တနင်္လာ၊ နံနက် ၂း၃၀ * အယ်လ်ချီ - ရီးယဲလ်
အင်္ဂါ၊ နံနက် ၂း၁၅ လီဗန်တေး - ဂရန်နာဒါ *



ဖတ်ရှုမှုအများဆုံး