ဗီလာ - စတုတ် စနေ၊ ည ၉း၃၀
အက်စ်တွန်ဗီလာ နောက်ဆုံးကစားထားတဲ့ ငါးပွဲဆက်တိုက်ရှုံးထားပါတယ်။ အဲဒီ အတွက်
နည်းပြလည်း အထုတ်ခံရပြီး အခု နည်းပြသစ် တင်ရှားဝုဒ် ကိုင်တွယ်လာမှာ ဖြစ်ပါတယ်။
ဒါကို သတိထားရပါမယ်။ စတုတ် ကလည်း မန်စီးတီးကိုရှုံး၊ ဘလက်ဘန်းကို ရှုံး ကစားထား
ပါတယ်။ နောက်ဆုံးသုံးပွဲ နိုင်ပွဲပျောက်ထားပါတယ်။ ဗီလာတန်ဆင်း ဇုန်ထဲရောက်နေလို့
ဒီပွဲမှာကစားအား တင်လာ ပါလိမ့်မယ်။ ဗီလာကိုရွေးရမယ့်ပွဲ ဖြစ်ပါ တယ်။
ဟားလ်စီးတီး - ကျူပီအာရ် စနေ၊ ည ၉း၃၀
ဟားလ်စီးတီးရော၊ ကျူပီအာရ်ပါ နောက်ဆုံး ကစားထားတဲ့ပွဲတွေ အနိုင်ရထားပါတယ်။ ဟားလ်
စီးတီး အိမ်ကွင်းနှစ်ပွဲဆက်တိုက်ကစားရလို့ ဒီအခွင့်အရေးကို လက်မလွှတ် နိုင်ပါဘူး။ ကျူပီအာရ်
ကတော့ လက်ထောက် နည်းပြနဲ့ပဲ လက်ကျန်ရာသီကိုဖြတ်သန်းတော့ မှာ ဖြစ်ပါတယ်။ ကျူပီအာရ်
တိုက်စစ်ဖွင့် ကစားရင်း ဂိုးတွေ ပေးရပါလိမ့်မယ်။ ဟားလ် စီးတီးအနိုင်ရပါလိမ့်မယ်။
ချယ်လ်ဆီး - ဘန်လေ စနေ၊ ည ၉း၃၀
ချယ်လ်ဆီးမှာ တိုက်စစ်မှူး ဒီယေဂိုနဲ့ ကွင်းလယ်သမား ဖာဘရီဂတ်စ်တို့ ပြန်ပါလာပါပြီ။ ချယ်လ်ဆီး
တိုက်စစ်အားပိုကောင်းလာမယ့်ပွဲဖြစ်ပါတယ်။ ဘန်လေက တိုက်စစ် ပိုင်းကောင်းပေမယ့် ခံစစ်က
အတော့်ကို အားနည်းပါတယ်။ ချယ်လ်ဆီး အနိမ့်ဆုံး သုံးဂိုးတော့ပြတ်ပါလိမ့်မယ်။
ပဲလေ့စ် - အာဆင်နယ် စနေ၊ ည ၉း၃၀
ဒီပွဲလည်း လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ ပဲလေ့စ်က အက်ဖ်အေဖလားပွဲမှာ လီဗာပူးကို အိမ်ကွင်းမှာရှုံး
ခဲ့ပါတယ်။ ပဲလေ့စ် အသင်းလိုက် ကစားအားကို အာဆင်နယ်သတိထား ကစားရပါလိမ့်မယ်။
အဝေးကွင်းဖြစ်နေတဲ့အတွက် အာဆင်နယ်သတိထားကစားနိုင်တဲ့ပွဲဖြစ်လို့ ဂိုးတစ်ဂိုးရရင်
အာဆင်နယ် ခံစစ် ဆီကို ရောက်သွားနိုင်ပါတယ်။ အာဆင်နယ် နိုင်မယ်ဆိုရင် တစ်ဂိုးထက်
မပိုနိုင်ပါဘူး။
ဆွမ်ဆီး - မန်ယူ စနေ၊ ည ၉း၃၀
ဆွမ်ဆီးကလည်း အခုနောက်ပိုင်းမှာ ကစားပုံကျဆင်းသွားပါတယ်။ ကွင်းလယ်ကစားကွက်ပိုင်းမှာ
ဆွမ်ဆီးကစားပုံကောင်း ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ ဘိုနီမရှိ တော့လို့ အားနည်းသွားပါ
တယ်။ မန်ယူက လည်း အဝေးကွင်းဆိုရင် ကစားပုံမကောင်း ပါဘူး။ ရုန်းကန်ကစားနေရပါတယ်။
ဂိုးလည်း ပေးနေရတဲ့ အသင်းဖြစ်ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှုမှာ ဆွမ်ဆီးသာနိုင်လို့ ဒီပွဲဟာ
သရေကျသွားနိုင်ပါတယ်။
ဆန်းဒါးလန်း - ၀က်စ်ဘရွန်း စနေ၊ ည ၉း၃၀
ဆန်းဒါးလန်းရဲ့ ရစ်သမ်ပျက်နေပါတယ်။ နောက်ဆုံးသုံးပွဲနိုင်ပွဲပျောက်ပြီး ဂိုးကလည်းတစ်ဂိုးသာ
သွင်းထားနိုင်ပါတယ်။ ၀က်စ်ဘရွန်းက ရစ်သမ်ပြန်ကောင်းနေပါတယ် နောက်ဆုံးသုံးပွဲ ရှုံးပွဲမရှိ
ကစားထားပြီး ဂိုးတွေလည်းသွင်းထားနိုင်သလို ခံစစ်လည်းကောင်းနေပါတယ်။ ၀က်စ်ဘရွန်း
အနိမ့်ဆုံး သရေကစားနိုင်လို့ ၀က်စ်ဘရွန်းကို ရွေးသင့် ပါတယ်။
မန်စီးတီး - နယူးကာဆယ် တနင်္ဂနွေ၊ နံနက် ၀၀းဝဝ
ဒီကွင်းမှာ ဖလားပွဲကစားတော့ နယူး ကာဆယ်အနိုင်ရထားခဲ့ပါတယ်။ ဒါပေမဲ့နည်းပြပြောင်းထား
တဲ့အတွက် နယူးကာဆယ် ခံစစ်က အတော့်ကို အားနည်းနေတာတွေ့ ရ ပါတယ်။ မန်စီးတီးမှာ
ဘိုနီနဲ့ ယာယာတိုရေး ပြန်ပါလာမယ့်ပွဲဖြစ်ပါတယ်။ မန်စီးတီး ကစားကွက်အသာစီးနဲ့ ကစားလာ
မယ့်ပွဲ ဖြစ်လို့ အနည်းဆုံးနှစ်ဂိုးပြတ်နဲ့ အနိုင်ရသွား နိုင်ပါတယ်။
စပါး - ၀က်စ်ဟမ်း တနင်္ဂနွေ၊ ညနေ ၆း၃၀
ဒီပွဲက လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ နှစ်သင်းစလုံး တိုက်စစ်အားသန်ကြလို့ အကြိတ်အနယ်ဖြစ်မယ့်
ပွဲ ဖြစ်လာပါလိမ့် မယ်။ စပါးခြေက ပုံမှန်မရှိတာကို သတိပြုရ ပါမယ်။ အခုဝက်စ်ဟမ်းကိုလည်း
ခက်ခက် ခဲခဲကစားရနိုင်ပါတယ်။အသင်းလိုက်ကစား အားမှာ ၀က်စ်ဟမ်းမနိမ့်ပါဘူး။ အပြန်
အလှန်ထိုးဖောက်ကစားနိုင်လို့ ဒီပွဲက ဂိုးများမယ့်ပွဲဖြစ်လာပါလိမ့်မယ်။
အဲဗာတန် - လက်စတာ တနင်္ဂနွေ၊ ည ၈း၃၅
အဲဗာတန်က ပွဲကျပ်တွေဆက်တိုက် ကစားခဲ့ရပါတယ်။ ဂိုးသွင်းအားကျဆင်းတယ် လို့ထင်ရပေမယ့်
အဲဗာတန်ကိုလျှော့မတွက် သင့်ပါဘူး။ လက်စတာကတော့ ငါးပွဲဆက်တိုက် ရှုံးထားပါတယ်။
ထူးခြားတာက လက်စတာ မှာ ဂိုးသွင်းအားကောင်းတဲ့ အချက်တစ်ချက် ရှိနေခြင်း ဖြစ်ပါတယ်။
အဲဗာတန်ရဲ့အနိုင် ဟာ မပြတ်သားနိုင်ပါဘူး။
ဆောက်သမ်တန် - လီဗာပူး တနင်္ဂနွေ၊ ည ၁၀း၄၅
ဆောက်သမ်တန် ဂိုးသွင်းအားကျဆင်း နေပါတယ်။ နောက်ဆုံးသုံးပွဲမှာ တစ်ဂိုးသာ သွင်းထားနိုင်
ပါတယ်။ လီဗာပူးကတော့ တောက်လျှောက်ခြေစွမ်းပြ ကစားနေပါတယ်။ ဆောက်သမ်တန်က
အသင်းကြီးတွေကို အကောင်းဆုံးကစားနိုင်တဲ့ အသင်းဖြစ်လို့ လီဗာပူးခက်ခက်ခဲခဲကစားရပါ
လိမ့်မယ်။ ဆောက်သမ်တန် သရေနဲ့အနိုင်ပါ။














