အိမ်ကွင်းမှာ ဂိုးပြတ်မရှုံးရအောင် ကြိုးစားရမယ့် ပက်ဒါဘွန်း

အိမ်ကွင်းမှာ ဂိုးပြတ်မရှုံးရအောင် ကြိုးစားရမယ့် ပက်ဒါဘွန်း

ဒီတစ်ပတ်မှာတော့ ဒေါ့မွန်နဲ့ မိန့်ဇ်တို့ နိုင်ပွဲဆက်ဦးမှာလား။ တန်းတက် ပက်ဒါဘွန်းကရော
ဘိုင်ယန်မြူးနစ်ကို ဘယ်လိုခံကစားမှာလဲဆိုတဲ့ မေးခွန်းတွေက ဘွန်ဒက်စ်လီဂါမှာ ပလူပျံနေမယ့်
အနေအထားရှိပါတယ်။

စတုဂတ် - ဒေါ့မွန်
စနေ၊ နံနက် ၂းဝဝ ပထမအကျော့ရလဒ်၊
ဒေါ့မွန် ၂-၂ စတုဂတ်

တန်းဆင်းဇုန်နားကနေ လွတ်မြောက်ဖို့ အတွက် ကြိုးစားနေတဲ့ ဒေါ့မွန်တို့ နိုင်ပွဲ ဆက်အောင်
ကြိုးပမ်းဦးမှာပါ။ စတုဂတ်ကွင်း မှာ ဒေါ့မွန်နိုင်ခဲ့ဖူးတဲ့ သာဓကတွေရှိပါတယ်။ ဇယားအောက်ဆုံးက
စတုဂတ် အိမ်ကွင်းမှာ နိုင်ပွဲတစ်ပွဲပဲရှိလို့ ဒေါ့မွန်နဲ့အတူ ရုန်းလိုက် ကြရအောင်။

ရှော်လ်ကေး - ၀ါဒါဘရီမင်
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
၀ါဒါဘရီမင် ၀-၃ ရှော်လ်ကေး

ရှော်လ်ကေးရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဟန်တယ်လာကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့်
ပါ၀င်နိုင်ဖွယ် မရှိပါဘူး။ ချန်ပီယံလိဂ် ၀င်ခွင့်တစ်နေရာကို ဆုပ်ကိုင်ထားချင်တဲ့ ရှော်လ်ကေး
အိမ်ကွင်းမှာ ၀ါဒါဘရီမင်ကို အနိုင်ပါပဲ။

မိန့်ဇ် - ဖရန့်ဖတ်
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ဖရန့်ဖတ် ၂-၂ မိန့်ဇ်

မိန့်ဇ်ကလည်း ဒေါ့မွန်လိုပဲ တန်းဆင်းဇုန် နားကနေ အဝေးကို ရွေ့ချင်နေတာပါ။ ဖရန့် ဖတ်ကတော့
ဇယားအလယ်မှာ ရပ်တည်နေ တဲ့ အသင်းဖြစ်ပါတယ်။ အိမ်ရှင်မိန့်ဇ်တို့ နိုင်ပွဲဆက်လိမ့်မယ်လို့
ထင်ပါတယ်။

အော့စ်ဘတ် - လေဗာကူဆင်
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
လေဗာကူဆင် ၁-၀ အော့စ်ဘတ်

အမှတ်ကွာဟချက်နှစ်မှတ်ပဲရှိတဲ့ အသင်း နှစ်သင်း ပြိုင်ဆိုင်တာဖြစ်မှာမို့ ပွဲကအကြိတ် အနယ်
ဖြစ်ဖို့များနေတယ်။ အော့စ်ဘတ်ကွင်း နောက်ဆုံးသုံးကြိမ်မှာ ၁-၃၊ ၁-၃၊ ၁-၄ ရလဒ် တွေ ထွက်
ခဲ့တာမို့ လေဗာကူဆင်ကို အကြိုက် ပိုမိတယ်။

ဖရိုင်းဘတ် - ဟော့ဖန်ဟိမ်း
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ဟော့ဖန်ဟိမ်း ၃-၃ ဖရိုင်းဘတ်

ဖရိုင်းဘတ်က တန်းဆင်းဇုန်ထဲရောက်နေ ပြီး ဟော့ဖန်ဟိမ်းက အဆင့်(၇)မှာ သာသာ ယာယာ
ပါပဲ။ ပထမအကျော့တုန်းက ၃-၃ သရေကျခဲ့တာမို့ ဒီပွဲမှာလည်း ဟော့ဖန်ဟိမ်း သရေတစ်မှတ်ရ
အောင် ထိန်းချုပ်ကစား လိမ့်မယ်လို့ ထင်တယ်။

ပက်ဒါဘွန်း - ဘိုင်ယန်မြူးနစ်
စနေ၊ ည ၉းဝဝ ပထမအကျော့ရလဒ်၊
ဘိုင်ယန် ၄-၀ ပက်ဒါဘွန်း

ဘိုင်ယန်ဟာ အဝေးကွင်းမှာ တစ်ပွဲပဲ ရှုံးထားပြီး ဒုတိယနေရာက ၀ုဖ်ဘတ်ကို ရှစ်မှတ်ဖြတ်
ထားနိုင်ပါတယ်။ တန်းတက် ပက်ဒါဘွန်းက အဆင့်(၁၂)နေရာမှာ ရပ်တည် နေတာပါ။ ဂျာမန်
ဘီလူးကြီး ဘာဗေးရီးယန်း သားတွေ ဂိုးဘယ်လောက်သွင်းမလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။

ကိုလုံး - ဟန်နိုဗာ တနင်္ဂနွေ၊
နံနက် ၀၀းဝဝ ပထမအကျော့ရလဒ်၊
ဟန်နိုဗာ ၁-၀ ကိုလုံး

အမှတ်ကွာဟချက်တစ်မှတ်သာရှိပြီး တန်းစီဇယားမှာလည်း အထက်အောက် ရပ်တည်နေတဲ့
အသင်းနှစ်သင်းဖြစ်ပါတယ်။ အိမ်ရှင် ကိုလုံးဘက်က ရပ်တည်ချင်ပါတယ်။

ဟမ်းဘတ် - မွန်ချင်ဂလက်ဘတ်
တနင်္ဂနွေ၊ ည ၉းဝဝ
ပထမအကျော့ရလဒ်၊ မွန်ချင် ၁-၀ ဟမ်းဘတ်

အိမ်ရှင်ဟမ်းဘတ်ဟာ အဆင့်(၁၃)မှာ ရပ်တည်နေပြီး အိမ်ကွင်း ၁၀ ပွဲမှာ လေးပွဲနိုင်၊ လေးပွဲရှုံး
ထားပါတယ်။ မွန်ချင်ကတော့ အဆင့်(၃)နေရာကို ထိန်းချုပ်ထားနိုင်ဖို့ ပြင်ဆင်လာမှာပါ။ တန်း
ဆင်းဇုန်အန္တရာယ် ရှိနေသေးတဲ့ ဟမ်းဘတ်ကို ရွေးချယ်ထားချင် ပါတယ်။

၀ုဖ်ဘတ် - ဟာသာဘာလင်
တနင်္ဂနွေ၊ ည ၁၁းဝဝ ပထမအကျော့ရလဒ်၊
ဟာသာဘာလင် ၁-၀ ၀ုဖ်ဘတ်

ဟာသာဘာလင်ကတော့ တန်းဆင်းဇုန် ထဲကလွတ်အောင် ရုန်းချင်ရှာမှာပါပဲ။ ဒါပေမဲ့ ထိပ်တိုက်
တွေ့ဆုံနေတာက အဆင့်(၂) နေရာက ၀ုဖ်ဘတ်ဖြစ်တဲ့အပြင် ဟာသာ ဘာလင်က အဝေးကွင်း
ဖြစ်နေတာမို့ ပိုဆိုး တယ်။ ဟာသာဘာလင်ဟာ အဝေးကွင်း ၁၀ ပွဲ ကစားခဲ့ရာမှာ နှစ်ပွဲသာနိုင်ပြီး
ခြောက်ပွဲ သရေကျခဲ့တယ်။ အိမ်ကွင်းရှုံးပွဲလုံးဝမရှိသေး တဲ့ ၀ုဖ်ဘတ်ကိုပဲ အားပေးရမှာပါ။



ဖတ်ရှုမှုအများဆုံး