မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း ပဏာမ ကစားသမား စာရင်း ထုတ်ပြန်

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း ပဏာမ ကစားသမား စာရင်း ထုတ်ပြန်

အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲနှင့် စင်ကာပူ ဆီးဂိမ်းအတွက် ပဏာမ မြန်မာ့လက်ရွေးစင်
ယူ-၂၂ အသင်းကို ဖွဲ့စည်းလေ့ကျင့်လျက် ရှိသည်။ မြန်မာ ယူ-၂၂ အသင်းကို ငွေခေတ် လက်ရွေး
စင်ဟောင်းများ ဖြစ်သည့် အုပ်ချုပ် သူ ဦးသန်းတိုးအောင်၊ နည်းပြချုပ် ဦးကြည် လွင်တို့က တာဝန်
ယူကြမည် ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် အထက်ပါ အဓိက ပြိုင်ပွဲ ကြီးနှစ်ခုအတွက် ဂျပန် ခြေစမ်းခရီးစဉ်
အပါ အဝင် ကြိုတင်လေ့ကျင့်မှုများ၊ ခြေစမ်းပွဲများ ဆက်လက်ယှဉ်ပြိုင် လေ့ကျင့်သွားမည် ဖြစ်
သည်။

ယူ-၂၂ အသင်း ပဏာမကစားသမားများ

ဂိုး
ကျော်ဇင်ဖြိုး (မကွေး)၊ ဇော်ဇော်နိုင် (ဇေယျာရွှေမြေ)၊ ရန်အောင်လင်း (ဟံသာ ၀တီ)၊
ဇော်ထက်လင်း (ဆောက်သမ်းမြန်မာ)။

နောက်တန်း
ရဲဝင်းအောင်(ရတနာပုံ)၊ ကျော်ဇင်လွင် (မကွေး)၊ သိန်းနိုင်ဦး (ုKBZ)၊ ဇော်ဝင်း (ရန်ကုန်)၊
သောင်ဟပ်သန် (ချင်း)၊ ကိုကိုဟိန်း (ဇွဲကပင်)၊ဇော်ရဲထွန်း (ရတနာပုံ)၊ ဖြိုးကိုကို သိန်း
(ဧရာဝတီ)၊ စည်သူအောင် (ရတနာပုံ)၊ ဟိန်းသီဟဇော်(ဧရာဝတီ)၊ ဟိန်းနေဆန်း (ရတနာပုံ)၊
ဇာနည်ထက် (ရန်ကုန်)။ အလယ်တန်း သီဟဇော်၊ အောင်ကျော်နိုင်၊ နေလင်းထွန်း (ဧရာဝတီ)၊
ဉာဏ်လင်းအောင်၊ ဇင်ဖြိုးအောင်၊ ထက်ဇော်ထွန်း (ဇွဲကပင်)၊ သက်ပိုင်ဦး (ဇေယျာ ရွှေမြေ)၊
ဆက်ဖြိုးဝေ၊ ဇွန်မိုးအောင် (ရန်ကုန်)၊ချစ်စုမိုး (ချင်း)၊ လှိုင်ဘိုဘို၊ ရဲကိုဦး (ရတနာပုံ)၊
အောင်ရှိုးသာမောင်၊ မျိုးမင်းဇော် (မကွေး)။

ရှေ့တန်း
ကောင်းဆက်နိုင် (မကွေး)၊ ဒွေးကိုကိုချစ်၊ ရှိုင်းသူရ၊ ဇင်မင်းထွန်း (ရတနာပုံ)၊ သန်းထက် အောင်
(ရန်ကုန်)။



ဖတ်ရှုမှုအများဆုံး