ဖီဂျီနှင့် ဒုတိယမြောက်ခြေစမ်းပွဲ ၂၁ ရက်နေ့တွင် ကစားမည်

ဖီဂျီနှင့် ဒုတိယမြောက်ခြေစမ်းပွဲ ၂၁ ရက်နေ့တွင် ကစားမည်

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းနှင့် ဖီဂျီ ယူ-၂၀ အသင်းတို့၏ ဒုတိယမြောက်ခြေစမ်း ပွဲကို
လာမည့်ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ ယူ-၂၀ အသင်းသည် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားအကြိုပြင်ဆင်မှုအဖြစ် ဖီဂျီအသင်းနှင့်
ခြေစမ်းပွဲများ ဖိတ်ခေါ်ကစားခြင်းဖြစ်ပြီး ပထမခြေစမ်းပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က
မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၂၀ အသင်း က တိုက်
စစ်မှူး သန်းပိုင်၏ တစ်လုံးတည်း သောသွင်းဂိုးဖြင့် ဖီဂျီအသင်းကို အနိုင်ရရှိ ခဲ့သည်။

ဖီဂျီ ယူ-၂၀ အသင်းနည်းပြချုပ် မြ. င်္မညေု င်္မေငညေ က မြန်မာနိုင်ငံတွင် ခြေစမ်းပွဲ လာရောက်
ကစားခွင့်ရသောကြောင့် ကျေးဇူး တင်ကြောင်း၊ ဖီဂျီအသင်းနှင့် မြန်မာအသင်း တို့သည် ကမ္ဘာ့
ဖလားပြိုင်ပွဲကို ပထမဆုံး အကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသော အသင်းများဖြစ်သဖြင့် ပြိုင်ဘက်
အသင်းများအားလုံးက အာရုံစိုက်လျက်ရှိကြောင်း၊ မြန်မာ ယူ-၂၀ အသင်းအပြင် မြန်မာ ယူ-၂၂
အသင်းနှင့်ပါ ခြေစမ်းပွဲကစားခွင့်ရခြင်း ကြောင့် မိမိတို့အသင်းအတွက် အတွေ့ အကြံုများစွာ
ရရှိကြောင်း၊ ဖီဂျီ ယူ-၂၀ အသင်းသည် မြန်မာနိုင်ငံတွင် ခြေစမ်းပွဲ ကစားပြီးပါက မလေးရှားနိုင်ငံနှင့်
အမေ ရိကန်နိုင်ငံများတွင် ဆက်လက်သွားရောက် လေ့ကျင့်မည်ဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်း
လင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ နည်းပြ ဂတ်ဆီဇီက ဖီဂျီအသင်းနှင့် ခြေစမ်းပွဲသည် နှစ်သင်းစလုံး
အတွက် အလွန်အရေးပါ ကြောင်း၊ နှစ်သင်းစလုံးအတွက် အတွေ့ အကြံုများစွာ ရရှိမည်ဖြစ်ကြောင်း
ပြောကြား ခဲ့သည်။

ဖီဂျီ ယူ-၂၀ အသင်းနှင့် မြန်မာ ယူ-၂၀ အသင်းတို့သည် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို
ပထမဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်ကြမည့်အသင်းများဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းက
ပြိုင်ပွဲ၏ အုပ်စု(က)တွင် အိမ်ရှင် နယူးဇီလန်၊ အမေရိကန်၊ ယူကရိန်း နိုင်ငံများနှင့် တစ်အုပ်စုတည်း
ကျရောက် လျက်ရှိပြီး ဖီဂျီ ယူ-၂၀ အသင်းက အုပ်စု(စ) တွင် ဂျာမနီ၊ ဟွန်ဒူးရပ်စ်၊ ဥဇဘက်ကစ္စတန်
နိုင်ငံများနှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိသည်။

ကမ္ဘာ့ဖလား အကြိုပြင်ဆင်မှုအနေဖြင့် တူရကီနိုင်ငံတွင် ခြေစမ်းပွဲများသွားရောက် ကစားခဲ့သော
မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ဖီဂျီအသင်းနှင့် ခြေစမ်းပွဲကစားပြီးပါက အင်္ဂလန်၊ ဂျာမနီ၊
ဩစတြေးလျ နိုင်ငံများတွင် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်သွားရောက်လေ့ကျင့်သွားမည် ဖြစ်သည်။

မြန်မာ ယူ-၂၀ နည်းပြချုပ် ဂတ်ဆီဇီက ကမ္ဘာ့ဖလားအုပ်စုပြိုင်ပွဲများနှင့် ပတ်သက်၍ အိမ်ရှင်နယူး
ဇီလန်၊ အမေရိကန်၊ ယူကရိန်း အသင်းများနှင့် တစ်အုပ်စုတည်းကျရောက် သည်ကို ကျေနပ်ကြောင်း၊
ပုံစံမတူသည့် အသင်းသုံးသင်းကို ရင်ဆိုင်ရမည်ဖြစ်သော် လည်း အကောင်းဆုံး ကြိုးစားပြင်ဆင်
သွား မည်ဖြစ်ကြောင်း၊ ဥရောပနိုင်ငံများသို့ ခြေစမ်းပွဲများ သွားရောက်ကစားခဲ့ခြင်း သည် ကမ္ဘာ့
ဖလားပြိုင်ပွဲအတွက် များစွာအထောက်အကူဖြစ်ကြောင်း၊ မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း၏
ခြေစွမ်းကို ပရိသတ်များစိတ်မပျက်စေရဟု ပြောကြား ခဲ့သည်။

လာမည့် မေလ ၂၀ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နယူးဇီလန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့်
ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၂၄ သင်းက အုပ်စုခြောက်ခုခွဲ၍ ယှဉ်ပြိုင်
ကစားကြမည် ဖြစ်သည်။ အုပ်စုတစ်ခုစီမှ အုပ်စု ပထမ၊ ဒုတိယအသင်းများနှင့် အကောင်းဆုံး
တတိ ယလေးသင်းတို့ ရှုံးထွက် ၁၆ သင်းအဆင့်သို တက်ရောက်ခွင့်ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး