မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ သော ၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ်အမှတ်
ပေးပြိုင်ပွဲ၏ ပွဲစဉ်(၆)ကိုပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄၊ ၁၅ ရက်များတွင် ကျင်းပ ပြုလုပ်ခဲ့ရာ
လက်ရှိချန်ပီယံရတနာပုံအသင်း ရှုံးပွဲတွေ့ကြံုခဲ့ရပြီး ရန်ကုန်ယူနိုက်တက်အသင်းက အမှတ်ပေး
ဇယားကို ဆက်လက်ဦးဆောင်လျက်ရှိသည်။ ရတနာပုံအသင်းသည် ချင်းယူနိုက်တက်အသင်းကို
၃-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ် သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည်မနောမြေအသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကမ္ဘောဇအသင်း
ကလည်း နေပြည်တော် အသင်းကို ၂ဪ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဧရာဝတီယူနိုက်တက်
အသင်းနှင့် မကွေး အသင်းတို့၏ ပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့ ပြီး တစ်ဖက်သုံးဂိုးစီဖြင့်သရေ
ကျခဲ့သည်။
ယခု နှစ်ရာသီတွင် ဧရာဝတီယူနိုက်တက်အသင်း ၏ နိုင်ပွဲဆက်မှုသည် မကွေးအသင်းနှင့်တွေ့ဆုံ
မှုတွင် ရပ်တန့်ခဲ့ရသည်။ ရခိုင်ယူနိုက် တက်အသင်းသည် ဇွဲကပင်ယူနိုက်တက်အသင်းကို ၄-၃ ဂိုး
ဖြင့် အနိုင်ရရှိခဲ့ပြီး ယခုနှစ် ရာသီ၏ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့သည်။
၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၆)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း က ခြောက်ပွဲ
ဆက်အနိုင်နှင့်အတူ အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ ဒုတိယနေရာတွင် ဧရာဝတီယူနိုက်
တက်အသင်းက ရမှတ် ၁၆ မှတ်ဖြင့် ရပ်တည်နေပြီး တတိယ နေရာနှင့် စတုတ္ထနေရာတို့တွင်
ကမ္ဘောဇ အသင်းနှင့် မကွေးအသင်းတို့က ရမှတ် ၁၂ မှတ်စီဖြင့် အသီးသီးရပ်တည်နေကြသည်။
အမှတ်ပေးဇယားအောက်ခြေတွင် နေပြည်တော်အသင်းက ရမှတ်နှစ်မှတ်၊ ဇွဲကပင် ယူနိုက်တက်
အသင်းက ရမှတ်တစ်မှတ်ဖြင့် ရပ်တည်လျက်ရှိသည်။ ပွဲစဉ် (၇)များကိုလာမည့် ဖေဖော်ဝါရီလ
၂၁၊ ၂၂ ရက်နေ့များတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ချင်းယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်
တက်၊ ဟံသာဝတီယူနိုက်တက်နှင့် ရတနာပုံ၊ မကွေးနှင့် ရန်ကုန်ယူနိုက်တက်၊ ရခိုင်ယူနိုက်တက်
နှင့် မနောမြေ၊ ကမ္ဘောဇနှင့် ဇွဲကပင်၊ နေပြည်တော်နှင့်ဇေယျာရွှေ မြေတို့ ယှဉ်ပြိုင်ကစားသွားမည်
ဖြစ်သည်။















