ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် မြန်မာပီဂျီအေနှင့် မြန်မာနိုင်ငံ
ဂေါက်သီးအဖွဲ့ချုပ်တို့ ကြီးမှူး၍ YCDC Cup Open Golf Championship ၂၀၁၅ ဂေါက်သီး
ရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ မြို့တော်ဂေါက်ကွင်း ၌ ကျင်းပသွားမည်
ဖြစ်သည်။
ပြိုင်ပွဲတွင် ပရော်ဖက်ရှင်နယ်အဆင့်၊ အပျော်တမ်း အဆင့် အမျိုးသား (Handicap0-12)အဆင့်
ပြိုင်ပွဲတို့ပါ၀င်ပြီး စိန့်အင်ဒရူးဂေါက်စည်းမျဉ်း နှင့် ဒေသန္တရဥပဒေ စည်းမျဉ်းများအတိုင်း ကျင်းပ
မည်ဖြစ်ပြီး ဆုများ ထိုက်တန်စွာ ချီးမြှင့် သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရောက်မည့် ကစားသမားများ
အနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ မြန်မာဂေါက်သီး ရိုက်
လေ့ကျင့်ရေးကွင်း (ဥက္ကလာလမ်းနှင့် လေဆိပ်လမ်းထောင့်) မရမ်းကုန်းမြို့နယ်၊ ဖုန်းနံပါတ်
၀၉-၇၃၁၃၀၄၇၄နှင့် ၀၉-၂၀၃၇၆၇၁သို့ ပြိုင်ပွဲဝင်ကြေး ကျပ်နှစ်သောင်း နှင့်အတူ စာရင်းပေးသွင်း
ရမည်ဖြစ်သည်။ ယခုပြိုင်ပွဲကို ကမ္ဘောဇဘဏ်က အဓိက ပံ့ပိုး ပေးထားခြင်းဖြစ်သည်။














