နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိသော စတုတ္တအကြိမ်မြောက် အမျိုးသားအားကစားပွဲ
တော်ကြီး၏ ဖေဖော်ဝါရီ ၁၇ ရက်နေ့ပွဲစဉ် များအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးက ရွှေတံဆိပ်
၅၂ ခု၊ ငွေတံဆိပ် ၃၃ ခု၊ ကြေး တံဆိပ် ၂၂ ခုတို့ကို ဆွတ်ခူးထားကာ ပြိုင်ပွဲကြီး ကို ဦးဆောင်
နေသည်။
အဆိုပါစတုတ္ထအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ
၂၈ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အားကစား ၂၇ မျိုးကို ပြည်နယ်နှင့်တိုင်းဒေသကြီး
၁၅ ခုမှ အားကစားသမားများက ပါ၀င်ယှဉ်ပြိုင် လျက်ရှိသည်။ ဒုတိယနေရာတွင် မန္တလေးတိုင်းဒေ
သ ကြီးက ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ်၂၃ ခု၊ ကြေးတံဆိပ် ၂၆ ခု၊ တတိယနေရာတွင် ပဲခူး တိုင်း
ဒေသကြီးက ရွှေတံဆိပ် ခုနစ်ခု၊ ငွေ တံဆိပ် ၁၀ ခု၊ ကြေးတံဆိပ် ၁၁ ခုတို့ကို ဆွတ်ခူးထားသည်။
ဆုတံဆိပ်ရရှိမှုတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်များသည်
ရွှေတံဆိပ်တစ်ခုစီသာ ဆွတ်ခူးရရှိထားသည်။ အမျိုးသား အားကစားပွဲတော်ကြီးကို ၁၉၉၂၊
၁၉၉၄၊ ၁၉၉၇ ခုနှစ်များတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး စတုတ္ထအကြိမ်မြောက်ပြိုင်ပွဲ ကြီးကို ၂၀၁၅
ခုနှစ်တွင် ပြန်လည်ကျင်းပ နိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်စဉ်ပြန်လည် ကျင်းပနိုင်အောင်လည်း ကြိုး
စားသွားမည် ဖြစ်ကြောင်းသိရသည်။














