ဂျော်ဒန်အိုက်ဘ်ဆိုတာ လီဗာပူးမှာ ပြီးခဲ့တဲ့လ ကမှ ပေါ်ပေါက်လာတဲ့ လူမည်းကစားသမားလေး
တစ်ယောက်ပဲဖြစ်ပါတယ်။ လီဗာပူးမှာ စတာလင်၊ စတားရစ်ချ်၊ ကော်တင်ညို၊ စတီဗင် ဂျရတ်ဆိုတဲ့
ထိပ်တန်းကစားသမားတွေပဲ ထင်ရှားကျော်ကြားကြပေမယ့် မနေ့တစ်နေ့ ကမှ ပေါ်ပေါက်လာတဲ့
ဂျော်ဒန်အိုက်ဘ်ဆိုတဲ့ ချာတိတ်လေးကိုတော့ သတိထားမိသူ သိပ်ကို နည်းပါးနေပါလိမ့်မယ်။
ဘရန်ဒန်ရော်ဂျာရဲ့ နောက်တန်းသုံးယောက်အထိုင်မှာ ဂျော်ဒန်အိုက်ဘ်ဆိုတဲ့ ချာတိတ်လေးက
တောင်ပံသမားနေရာကနေ ကစားပြီး တိုက်စစ်နဲ့ ခံစစ် ကို ရစ်သမ်မှန်မှန် အတက်အဆင်းကောင်း
ကောင်းနဲ့ ကစားနေတဲ့သူပဲဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က ၀ိုင်ကွန်ဝမ်ဒါးရားကလပ်ကနေ ပေါင်
၅၀၀,၀၀၀ နဲ့ လီဗာပူးကိုရောက် လာခဲ့သူပဲဖြစ်ပါတယ်။ လီဗာပူးကလည်း ၀ယ်လည်းပြီးရော
လိဂ်ချန်ပီယံရှစ်တန်းက ဘာမင်ဂမ်ကလပ်ကို အငှားချလိုက်ပါတယ်။ ဘာမင်ဂမ်မှာ ရှင်သန်နေ
ရတဲ့ ဂျော်ဒန်အိုက်ဘ် ဟာ မနှစ်ကရာသီမှာတော့ မက္ကလာရင်ကိုင်တဲ့ ဒါဘီကလပ်ကို ထပ်ပြီး
အငှားချလိုက်ပြန်ပါ တယ်။
ဒါဘီရောက်သွားတဲ့အခါမှတော့ ဂျော်ဒန်အိုက်ဘ်ဟာ ဒါဘီရဲ့ ပုံမှန်ပွဲထွက်ခွင့် ရတဲ့ ကစားသမား
ဖြစ်လာခဲ့ပါတယ်။ ဒီရာသီ အစောပိုင်း ၂၀၁၄ ထဲမှာ ဂျော်ဒန်အိုက်ဘ်ဟာ ဒါဘီရဲ့ အရေးပါတဲ့ကစား
သမားဖြစ်နေပြီး ဒါဘီအတွက် ငါးဂိုးတောင် သွင်းပေးထားချိန် ဇန်နဝါရီ အပြောင်းအရွှေ့အရောက်
မှာ လီဗာပူး က ပြန်ခေါ်လိုက်တဲ့အတွက် ဂျော်ဒန်အိုက်ဘ် ဆိုတဲ့ လူမည်းတောင်ပံကစားသမား
လေး တစ်ယောက်ဟာ အန်းဖီးလ်ကိုပြန်ရောက်လာပါတော့တယ်။
၀က်စ်ဟမ်း-လီဗာပူးပွဲမှာ အိုက်ဘ် တစ်ယောက် သူ့ရဲ့ပထမဆုံး ပရီမီယာလိဂ်ပွဲ ကို ၈၁ မိနစ်မှာ
လူစားဝင်ကစားခဲ့ရပေမယ့် အဲဒီပွဲပြီးတဲ့နောက် အဲဗာတန်နဲ့ ကစားရတဲ့ မာဆေးဆိုက်ဒါဘီပွဲမှာ
တော့ ရော်ဂျာဟာ ဂျော်ဒန်အိုက်ဘ်ကို ယုံယုံကြည်ကြည်နဲ့ စတင် ပွဲထုတ်ပေးလိုက်ခြင်းကတော့
သူ့အတွက်အားအင်ဖြစ်သွားခဲ့သလို အဲဒီပွဲမှာ အိုက်ဘ် ဟာလည်း ထူးထူးကဲကဲကို ခြေစွမ်းပြ
ကစား သွားနိုင်ခဲ့ပါတယ်။
ဒီပွဲခြေစွမ်းပြကစားနိုင် ခြင်းက နောက်ပိုင်းလီဗာပူးပွဲတွေမှာ နေရာ တစ်နေရာရဖို့ ဖြစ်စေခဲ့၊
ပြောင်းလဲသွားစေခဲ့ပါတယ်။ လီဗာပူးဪစပါးပွဲကိုကြည့်လိုက်ရတဲ့ ဒါဘီမန်နေဂျာ မက္ကလာရင်
က အိုက်ဘ်ဟာ နောက်ထပ်တစ်ဆင့်ခရီးသွားနေပြီဆိုတာကို တွေ့လိုက်ရတယ်လို့ မှတ်ချက်ပေး
သွားခဲ့ပါ တယ်။ ဘက်ဆီတပ်နဲ့ ကစားတဲ့ပွဲအပြီးမှာ လည်း တောင်ပံကစားသမားဆိုသည့်တိုင်
ခံစစ်မှာ ဆင်းကူကစားသွားရပြီး အကောင်းဆုံး ကစားသွားလို့အတူ ကစားဖော် နောက်တန်း
သမားစကာတယ်က "အဲဗာတန်ပွဲမှာ အကောင်း ဆုံးကစားနိုင်သလို ဒီနေ့မှာလည်း အိုက်ဘ်
ဟာ အကောင်းဆုံးလုပ်ပြသွားခဲ့ပြန်ပါတယ်"လို့ မှတ်ချက်ပေးသွားခဲ့တာကို ခံလိုက်ရပါ တယ်။
အခုတော့သူဟာ ဘရန်ဒန်ရော်ဂျာ ရဲ့ ယုံကြည်မှုကို ရရှိနေပြီဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာ
ရှိသေးပြီး မြန်ဆန်တယ်။ ကြံ့ခိုင် တယ်။ အလိမ်အခေါက်ကောင်းတယ်။ သွက် တယ်ဆိုတဲ့အချက်
တွေက သူ့ရဲ့အရည်အသွေးတွေပဲဖြစ်ပါတယ်။ ဒါဘီမှာ ၂၄ ပွဲ ကစားပြီးတဲ့အချိန်မှာ စောင့်ကြည့်
နေတဲ့ ရော်ဂျာဟာ ဇန်နဝါရီကာလမှာ ပြန်ခေါ်လိုက်ပြီး နေရာပေးလိုက်တာဖြစ်ပါတယ်။ လီဗာပူး
မှာ ဆောက်သမ်တန်ကနေ ရောက်လာတဲ့ လာလာနာ၊ ရစ်ကီလမ်းဘတ်၊ လိုဗ်ရန် တို့ ရုန်းကန်
ရချိန်မှာ ဂျော်ဒန်အိုက်ဘ်က တော့ လွယ်လွယ်ကူကူနဲ့ နေရာတစ်ခုကိုအမြန်ဆုံးရလိုက်တာက
တော့ ကံကောင်းလို့ မဟုတ်ဘဲ တကယ်အရည်အသွေးရှိလို့ဖြစ် လာရတာပဲဖြစ်ပါတယ်။
အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီပွဲမှာအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ သမ္ဘာတွေကြားထဲက ချာတိတ်
မျက်နှာသစ်ကလေး ဂျော်ဒန်အိုက်ဘ်ဟာ အကောင်းဆုံးကစား သမားဆုကို ရရှိသွားခဲ့ပါတယ်။
စပါးနဲ့ ပြိုင်ဆိုင်အားကြီးတဲ့ပွဲမှာ ဂျော်ဒန်အိုက်ဘ် ဆိုတဲ့ ချာတိတ်လေးကို စပါးဟာ လျှော့တွက်ထား
သလို သူကိုယ်တိုင်ကလည်း သူ့စွမ်းရည်ကို အကောင်းဆုံးပြသွားခဲ့ပါတယ်။ တောင်ပံကစားသမား
တစ်ယောက်ရဲ့ ဖြတ်တင်ဘော ပို့ပေးရုံဆိုတဲ့ အချက်ထက်ပိုတဲ့ အကွက်မြင် ဖန်တီးပေးနိုင်ခြင်းဆို
တဲ့ အရည်အသွေး တွေကို ဒီပွဲမှာအိုက်ဘ်ဟာ ပြသသွားနိုင်ခဲ့တာဖြစ်လို့ မက္ကလာရင်က ချီးကျူးသွား
တာဖြစ်ပါတယ်။
စတားရစ်ချ် ဂိုးသွင်းခွင့်တွေ ရအောင် သုံးကြိမ်တိုင်တိုင် ဖန်တီးပေး တာ၊ ဂျရတ် ပယ်နယ်တီရ
အောင် ဖန်တီး ပေးခဲ့တာတွေက အိုက်ဘ်ကိုမြင်သာ စေခဲ့တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ သူ့ကို
ရှာပေးခဲ့သူက အခုဘရန့်ဖို့ဒ်ကလပ်မှာ အားကစား ဒါရိုက်တာ လုပ်နေ တဲ့ ဖရန့်မက်ဖာလန်းပဲဖြစ်
ပါတယ်။ လီဗာပူးအကယ်ဒမီဒါရိုက်တာချုပ်ဘဝမှာ မက်ဖာလန်းဟာ ၂၀၀၃ ခုနှစ် မှာ ကျူပီအာရ်က
လပ်က လူငယ် ကစားသမားလေးစတာလင်ကို ပေါင် ငါးသိန်းနဲ့ လီဗာပူးအတွက်ခေါ်ပေးခဲ့သလို
ဂျော်ဒန်အိုက်ဘ်ကိုလည်း ၀ိုင်ကွန်ကလပ် ကနေ ၂၀၁၁ မှာ ပေါင်ငါးသိန်းနဲ့ပဲ လီဗာပူး အတွက်
ခေါ်ပေးခဲ့တာဖြစ်ပါတယ်။ အခုတော့ ဖရန်မက်ဖာလန်းဟာ လီဗာပူးမှာ မရှိတော့ ပါဘူး။
ဘရန့်ဖို့ဒ်ကလပ်ကို အားကစား ဒါရိုက်တာအဖြစ်နဲ့ ရောက်သွားခဲ့ပြီဖြစ်ပါ တယ်။ အခုလီဗာပူးမှာ
စတာလင်၊ ဂျော်ဒန် အိုက်ဘ်တို့ ခြေစွမ်းပြနေကြတော့ ဖရန့်မက်ဖာလန်းကို သတိရစရာ ဖြစ်လာ
စေခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံး လီဗာပူးကိုရောက်တော့ အသက် ၁၇ နှစ်မှာ ရောက်ကြတာ
ဖြစ်ပါ တယ်။ မနှစ်တုန်းကတော့ ဘရန်ဒန်ရော်ဂျာဟာ သူ့ကို လီဗာပူးမှာ မသုံးသေးဘဲ အငှားချဖို့
ဆုံးဖြတ်လိုက်ပြီး လိဂ်ချန်ပီယံရှစ်တန်းက ဘာမင်ဂမ်ကို ပို့လိုက်တာဖြစ်ပါတယ်။
ဒီနှစ်ရာသီအစမှာလည်း ဒါဘီကလပ်ကို အငှားနဲ့ပို့လိုက်တာပါ။ ဒါပေမဲ့ ဒါဘီမှာ သူ့ခြေစွမ်းက
အကောင်းဆုံးဖြစ်နေတော့ ဇန်နဝါရီလည်းရောက်ရော သူ့ကိုပြန်ခေါ်ရင်း ဂျွန်ဆင်နေရာ မှာ သုံး
လိုက်တာ ပဲ ဖြစ်ပါ တယ်။သူဟာ နေရာစုံ ငါး နေရာကိုကစား နိုင်စွမ်းရှိတဲ့သူ ဖြစ်နေတာက လည်း
ထူးခြားမှုဖြစ် နေပါတယ်။ နောက်တန်းအစွန်၊ နောက်ချန် တိုက်စစ်မှူး၊ ကွင်းလယ်၊ တောင်ပံသမား
စစ်စစ်ဆိုတဲ့ နေရာတွေက အိုက်ဘ်အတွက် အသုံးဝင်နေ ခဲ့ပါတယ်။
အခုပြန်ခေါ်လိုက်တာကလည်း လီဗာပူးနောက်တန်းအတွက် ရည်ရွယ်ပြီး ခေါ်လိုက်တာပဲ ဖြစ်ပါ
တယ်။ ဒါပေမဲ့ သူက ခံစစ်မှာလည်းအကောင်းဆုံး ကစား နိုင်သလို တိုက်စစ်လိုက်ထောက် ကစား
ပြန်တော့လည်း ပံ့ပိုးမှုတွေက ထိထိ ရောက်ရောက်ဖြစ်နေခဲ့ပါတယ်။ အခြေအနေအပေါ်မှာ တွေး
ခေါ်သုံးသပ်ဆင်ခြင်နိုင်စွမ်း ရှိသူလို့ ဘရန်ဒန်ရော်ဂျာက ယုံကြည်ထား တဲ့အတွက် သူ့ကို
စိတ်ကြိုက်ကစားခိုင်းထား တယ်လို့ဆိုပါတယ်။ ဂျော်ဒန်အိုက်ဘ်တစ်ယောက် လီဗာပူးမှာ
အမြန်ဆုံးနေရာရ၊ ခြေစွမ်းပြကစားနိုင်တဲ့အတွက်ကြောင့်လည်း လီဗာပူးက အခုဆိုရင် သူ့ကို
နှစ်ရှည်စာချုပ်ဖြစ်တဲ့ ငါးနှစ်စာချုပ်သစ် ကို ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
လက်ရှိစာချုပ် က ၂၀၁၇ အထိရှိနေတာကို လီဗာပူးက ကြိုတင်ပြီးတော့ကို စာချုပ်လိုက်တာ
ကတော့ သူ့အရည်အသွေးကို အပြည့်အဝယုံကြည်လို့ ဆိုတာ ထင်ရှားနေပါတယ်။ ဒါကြောင့်
သူဟာလီဗာပူးမှာ အသက် ၂၇ နှစ်အထိရှိနေတော့ မှာကတော့ ၀မ်းသာစရာပဲဖြစ်ပါတယ်။
လီဗာပူး မန်နေဂျာဘရန်ဒန်ရော်ဂျာဟာ ပြီးခဲ့တဲ့ နွေ ရာသီက ကစားသမားအများအပြားဝယ်ခဲ့တဲ့
နေရာမှာ ရစ်ကီလမ်းဘတ်၊ ဂျရတ်၊ ကိုလို တိုရေးတို့ဟာ အသက်ကြီးတဲ့ အနေအထား မှာရှိနေ
သည့်တိုင်အောင် သူဟာအသင်းကို ၂၂ ၀န်းကျင်တွေနဲ့ အသစ်တည်ဆောက်နေပုံ ရပါတယ်။
သူ့ရဲ့လက်ရှိအဓိက ကစားသမား ထဲမှာ စကာတယ်တစ်ယောက်ပဲ အသက် ၃၀ ပဲရှိထားပါတယ်။
လီဗာပူးရဲ့ လက်ရှိအဓိက ကစားသမားတွေရဲ့အသက်ကို ကြည့်လိုက် ရင် ဂျော်ဒန်အိုက်ဘ်(၁၉
နှစ်)၊ စတာ လင်(၂၀ နှစ်)၊ မာကိုဗစ်(၂၀ နှစ်)၊ မန်ကွယ်လို(၂၀ နှစ်)၊ အမ်မရီကမ်(၂၁ နှစ်)၊
ကော်တင်ညို(၂၂ နှစ်)၊ မိုရီနို(၂၂ နှစ်)ဆိုတဲ့ အသက် အပိုင်းအခြားကိုတွေ့ ရမှာ ဖြစ်ပါတယ်။
ပြီးရင် ဟန်ဒါဆင် (၂၄ နှစ်)၊ အယ်လင်(၂၄ နှစ်)၊ ဘာ လော့တယ်လီ (၂၄ နှစ်)၊ စတားရစ်ချ်
(၂၅ နှစ်)၊ ဆာခို(၂၅ နှစ်)၊ လိုဗ်ရန် (၂၅ နှစ်) တို့ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း
သူဟာ ဂျရတ်(၃၄ နှစ်)၊ ကိုလို တိုရေး(၃၄ နှစ်)၊ ရစ်ကီလမ်းဘတ် (၃၃ နှစ်)တို့ကို ရံဖန်ရံခါပဲ
သုံးနေခဲ့တာ ဖြစ်ပါတယ်။ အခုဆို ရင် သီတင်း တစ်ပတ်ကို နှစ်ပွဲ နှုန်းကစားနေရတဲ့ တိုင်အောင်
လီဗာပူးရဲ့ရစ်သမ် က အံ့ဩလောက်အောင် ကောင်း နေတာက ဒီအသက်အပိုင်းအခြား
တွေကြောင့်လားလို့ စဉ်းစားရမှာ ဖြစ် ပါတယ်။ လာမယ့်အပတ် မန်စီးတီး ပွဲမှာတော့ လီဗာပူးရဲ့
လူငယ်ကစား သမားတွေ တတ်နိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါရဲ့။















